8/18/2016

♪ iPhone 7 ကိုလာမယ့် စက်တင်ဘာလ ၂၃ရက်နေ့ ထွက်ရှိမည်ဟု သတင်းများထွက်လာပြန် ♫


Apple ရဲ့မျိုးဆက်သစ် စမတ်ဖုန်း iPhone 7 ကို ထုတ်လုပ်မယ့်ရက်ဟာ လာမယ့် စက်တင်ဘာလ ၇ရက်နေ့လို့ သတင်းတွေ ထွက်ပေါ်ထားပေမယ့် သေချာခြင်းမရှိသေးပါဘူး။ အစောပိုင်းသတင်းတွေအရ စက်တင်ဘာလ ၁၆ရက်နေ့မှာ ထုတ်လုပ်မယ်လို့လည်း ဆိုကြပေမယ့် AT&T ကနေ ပေါက်ကြားလာတဲ့ စာရွက်စာတန်းတွေအရ သုံးစွဲသူတွေအနေနဲ့ အနည်းငယ်ထပ်မံစောင့်ရနိုင်ဖွယ်ရှိနေပါတယ်။ ဒီအချက်အလက်တွေအရဆိုရင်တော့ iPhone 7 ကို စက်တင်ဘာလ နှောင်းပိုင်းကလဖြစ်တဲ့ ၂၃ရက်နေ့မှာ မြင်တွေ့ရနိုင်ပါတယ်။

ပေါက်ကြားခဲ့တဲ့ စာရွက်စာတန်းကတော့ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အလုပ်သမားတွေအတွက် အလုပ်လုပ်ချိန်နဲ့ ပရိုမိုးရှင်းကာလတွေအတွက် ရေးသားထားခဲ့တာပါ။ ယခင်တုန်းက iPhone 7 ကို Pre-Order အနေနဲ့ စက်တင်ဘာလ ၉ရက်နေ့မှာ ရရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုခဲ့တာကြောင့် ယခုဖော်ပြထားတဲ့ စက်တင်ဘာ ၉ရက်နေ့ဟာ Pre-Order တွေအတွက် ပြုလုပ်ဖို့ဖြစ်ပြီး စက်တင်ဘာ ၂၃ရက်နေ့ကတော့ အစိန်ကြီးထုတ်လုပ်မယ့်ရက်အတွက် သတ်မှတ်ပြီး ရေးသားထားတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုခဲ့ကြတာပါ။

iPhone7-rumour5

iPhone 7 မှာပါလာမယ့် အဓိက အချက်အလက်တွေထဲမှာ ကင်မရာအကြီးဒါမှမဟုတ် ကင်မရာနှစ်လုံးပူးတွဲပါဝင်လာမှာ ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြပြီး၊ နားကြပ်ပေါက်ကိုလည်း ဖြုတ်ချထားခဲ့မှာ ဖြစ်တယ်လို့ သတင်းတွေအရသိရပါတယ်။ တခြားမသေချာသေးတဲ့အချက်အလက်တွေမှာတော့ iPhone ရဲ့ အရောင်နဲ့ ဒီဇိုင်းပိုင်း အပြောင်းအလဲလုပ်မှာတွေ၊လုံခြုံရေးပိုင်းဆိုင်ရာအပြောင်းအလဲပြုလုပ်မှာတွေကိုလည်း ဖော်ပြနေကြပါတယ်။

iPhone7-rumour7

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com