8/13/2016

♪ iPhone 7 ကိုလာမယ့် စက်တင်ဘာလ ၇ရက်နေ့တွင် ဖော်ထုတ်ဖွယ်ရှိနေ ♫


Apple ဟာ သူတို့ရဲ့ နောက်ထွက်လာမယ့် iPhone အမျိုးအစားသစ်ကို လာမယ့် စက်တင်ဘာလ ၇ရက်နေ့မှာ ထုတ်ဖော်ဖွယ် ရှိနေတယ်လို့ Bloomberg ရဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။ ဒီသတင်းအတိုင်းသာဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၉ရက်နေ့တုန်းက ထုတ်လုပ်ခဲ့တဲ့ iPhone 6s ကို ထုတ်လုပ်ပြီး တစ်နှစ်ပြည့်ဖို့ရက်ပိုင်းအလိုမှာ ထုတ်ဖော်ဖို့ ရှိနေခဲ့တာပါ။

iPhone 7 ဟာ ပြောင်းလဲဆန်းသစ်မှုအသစ်တွေကို ထပ်မံမြင်တွေ့ရမယ့် ဖုန်းအဖြစ်နဲ့ ထင်ကြေးပေးခံနေရပြီး သာမန် iPhone 7 အပြင် ပိုမိုကြီးမားတဲ့ iPhone 7 Plus နဲ့ ပိုမိုကြီးမားပြီး ပါဝါပိုမိုကောင်းမွန်တဲ့ iPhone 7 Pro ကိုပါ ထပ်မံ ထုတ်လုပ်ဖို့အတွက် ဖြစ်လာဦးမှာဖြစ်တယ် လို့ ကောလဟာလသတင်းတွေအရ သိရပါတယ်။


iphone7-rumour1

အဲ့ဒီအပြင် ပြီးခဲ့တဲ့ ကောလဟာလ သတင်းတွေအရ iPhone 7 မှာ နားကြပ်ပေါက်ကို ဖယ်ထုတ်လိုက်တော့မှာ ဖြစ်သလို Home Button ကိုလည်း ပုံစံအသစ်တစ်မျိုးဆန်းသစ်လာဦးမှာ ဖြစ်တယ် လို့သိရပါတယ်။ အဲ့ဒီအပြင် ကင်မရာပိုင်းကိုလည်း ကင်မရာနှစ်လုံးတွဲပုံစံဒါမှမဟုတ်၊ ကင်မရာ အကြီးပုံစံ တစ်မျိုးမျိုးနဲ့ ထုတ်လုပ်ဖွယ်ရှိနေပြီး ဖုန်းရဲ့ အရောင်အသွေး ကာလာတွေကိုလည်း ထပ်မံဆန်းသစ်သွားဖို့ ရှိနေခဲ့တာပါ။

iphone-rumour1

တကယ်လို့ သတင်းတွေအတိုင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ စက်တင်ဘာလ ၇ရက်နေ့ iPhone 7 ထွက်မယ့်နေ့ဟာ Sony PlayStation 4 ရဲ့ ဗားရှင်းအသစ် PS 4 Neo ကိုထုတ်ဖော်ဖို့ ရှိတဲ့ရက်နဲ့လည်း တိုက်ဆိုင်နေခဲ့တာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com