8/01/2016

♪ iPhone 7 ကြိုတင်မှာယူမှုများကို စက်တင်ဘာလ ၉ ရက်တွင် စတင်ပြုလုပ်နိုင်ဖွယ်ရှိ ♫


iPhone 7 ကြိုတင်မှာယူမှုများကို စက်တင်ဘာလ ၉ ရက် (သောကြာနေ့) မှစတင်ကာ ပြုလုပ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

အဆိုပါပြောကြားချက်ကို leaker အီဗန်ဘလပ်စ် (@evleaks) က Twitter တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဘလပ်စ်၏ tweet တွင် “ကြိုတင်မှာယူမှုကို ၉ ရက်နေ့မှာ စတင်ပြုလုပ်နိုင်မယ်လို့ အတည်ပြုပါတယ်။ ဒါဆိုရင် မိတ်ဆက်ပွဲ ကျင်းပမယ့်နေ့ကို တွက်ချက်ခန့်မှန်းနိုင်ပါပြီ” ဟု ပြောကြားခဲ့သည်။

ထို့အတွက်ကြောင့် iPhone 7 တင်ပို့ရောင်းချမှုကို စက်တင်ဘာလ ၁၆ ရက် (သောကြာနေ့) တွင် စတင်ဖွယ်ရှိသည်။ Apple ပွဲကျင်းပမည့် ရက်အတိအကျကိုမူ အတည်ပြုထားခြင်းမရှိပေ။

ပြီးခဲ့သည့်နှစ်က iPhone 6s ကို စက်တင်ဘာလ ၉ ရက်တွင် ပွဲထုတ်မိတ်ဆက်ခဲ့ပြီး ကြိုတင်မှာယူမှုများကို ၁၂ ရက်တွင် စတင်ခဲ့သည်။ iPhone 6s ရောင်းချမှုကို နှစ်ပတ်အကြာ စက်တင်ဘာလ ၂၅ ရက် (သောကြာနေ့) တွင် စတင်ခဲ့သည်။

တစ်ဆက်တည်းမှာပင် iPhone 7 နှင့် iPhone 7 Pro ဓာတ်ပုံအချို့ ထွက်ပေါ်လာခဲ့သည်။ အဆိုပါပုံများတွင် iPhone 7 ၌ ၃.၅ မီလီမီတာနားကြပ်ပေါက်ပါဝင်ခြင်း မရှိသည်ကိုတွေ့ရသည်။ နားကြပ်ပေါက်ပါဝင်သည့် ဖုန်းမှာ iPhone 6s Plus ဖြစ်သည်။

 

 

 

 

 


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com