8/01/2016

♪ လစဉ်ပုံမှန်ဝင်ငွေ တစ်သိန်းခွဲနှင့်အထက်ရှိသူများ ဧရာဝတီဘဏ်တွင် အကြွေးဝယ်ကတ်လျှောက်ထားနိုင် ♫


လစဉ်ပုံမှန်ဝင်ငွေ တစ်သိန်းခွဲနှင့်အထက်ရှိသူများ ဧရာဝတီဘဏ်တွင် အကြွေးဝယ်ကတ်လျှောက် ထားနိုင်ကြောင်း သိရသည်။ ဧရာဝတီဘဏ် နှင့် UnionPay International (UPI) တို့ ပူးပေါင်း၍ AYA Universal credit ကတ်နှင့် Debit ကတ်အသစ်များကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြွေးဝယ်ကတ်များအား Platinum, Gold နှင့် Silver ဟူ၍ သုံးမျိုးသတ်မှတ်ထားပြီး လစဉ်ပုံမှန်ဝင်ငွေတစ်သိန်းခွဲနှင့်အထက်ရရှိသော မည်သူမဆို အပ်ငွေပေးသွင်းစရာ မလိုဘဲ လျှောက်ထားနိုင်ကြောင်း၊ အဆိုပါကတ်များဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ MPU နှင့် ချိတ်ဆက်ထားသော ဆိုင်များ၊ အေတီအမ်များသာမက နိုင်ငံပေါင်း ၁၆၀ ကျော်တွင်ရှိသော UnionPay ကွန်ရက်နှင့်ချိတ်ဆက်ထားသော POS များနှင့် အေတီအမ်များတွင်ပါ ငွေပေးချေထုတ်ယူ မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ချိတ်ဆက်ထားတဲ့ မိတ်ဖက်ဆိုင်တွေအနေနဲ့ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ စူပါမားကတ်တွေ၊ ဆီဆိုင်တွေ၊ ခရီးသွားဝန်ဆောင်မှုကိုယ်စားလှယ်တွေ၊ ဆေးရုံ၊ ကျောင်း၊ ဆေးခန်း၊၊ ဟိုတယ် အစရှိတာတွေ ပါဝင်ပါတယ်” ဟု ဧရာဝတီဘဏ်၏ Care & Payment Services ဌာနမှူး ဒေါ် စောခမ်းဖြူကပြောသည်။ အဆိုပါကတ်ကို ဇူလိုင် ၂၈ ရက်မှစတင်ကာ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီဘဏ်များ တွင် လျှောက်ထားနိုင်မည် ဖြစ်သည်။

“ငွေပေးချေတဲ့အခါ ငွေသားကိုင်ဆောင်စရာမလိုဘဲ အလွယ်တကူငွေပေးချေနိုင်မှာပါ၊ အရင်က နိုင်ငံခြား ငွေပေးချေမှုကတ်အနေနဲ့ Prepaid ကတ်တွေသာရှိခဲ့တာဖြစ်ပြီး ဒီကတ်တွေကိုင်ဆောင်မယ့်သူအနေနဲ့ ကိုယ်နဲ့သင့်တော်တဲ့ကတ်တွေကို ရွေးချယ်အသုံးပြုနိုင်မှာပါ” ဟု ဧရာဝတီဘဏ်၏ ဒါရိုက်တာ ဦး Colin သူရမောင်က ပြောသည်။ UnionPay International (UPI) အနေဖြင့် MPU အဖွဲ့ဝင်ဘဏ်များနှင့်ချိတ်ဆက်၍ Co-Brand ကတ်များကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com