Pokemon GO ဟာ ဒီအက်ပလီကေးရှင်းရဲ့နောက်ကွယ်ကနေ ရေးဆွဲတဲ့
Niantic နဲ့ Nintendo ကုမ္ပဏီ ရဲ့ လက်ဝယ်မှာ အကြီးအကျယ်ပေါက်သွားတဲ့
အဖြစ်ကတော့ ငြင်းလို့ မရပါဘူး။ ဒီအက်ပလီကေးရှင်းထဲမှာ Nintendo ရဲ့
အခန်းကဏ္ဍဟာ သေးသေးမွှားမွှားလို့ ဆိုပေမယ့် Pokemon ဆိုတဲ့ အမည်ဟာ
ဂျပန်ဂိမ်းကုမ္ပဏီ နဲ့ တထပ်တည်းကျခဲ့ပြီး ယင်းရဲ့ စတော့ဈေးနှုန်းဟာ Pokemon
အက်ပလီကေးရှင်းကို ထုတ်ပြီးကတည်းက ယင်း နှင့်ဆက်စပ်ပြီး အကျိုးအမြတ်တွေ
တက်လာခဲ့ပါတယ်။ ယခုတော့ Pokemon ဆိုတဲ့ နာမည် ဟာ ကုမ္ပဏီအတွက်
ရွှေစင်ဖြစ်သွားပါပြီ။
Pokemon GO သုံးစွဲသူတွေကို Pokemonအားလုံး လိုက်ဖမ်းလို့ ရစေတဲ့ နာမည်ကျော်ဝန်ဆောင်မှု တစ်ရပ်ဖြစ်တဲ့ PokeVision ကို Nintendo နဲ့  Niantic ကုမ္ပဏီနှစ်ခုစလုံးကနေ ပိတ်သိမ်းလိုက်ပါတယ်။ Pokevision ဟာ ဂိမ်းကို ဖျက်လိုဖျက်ဆီးလုပ်မလုပ်ဆိုတာ ကိုယ့်အမြင်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ယခု စာရေးနေစဉ်အတွင်းမှာ PokeVision ဟာ စုံးစုံးမြှပ်သွားပါပြီ။ မှန်းကြည့်ရတာကတော့ အခုလို ဖျက်သိမ်းလိုက်ခြင်းဟာ ယင်းရဲ့ ပြိုင်ဘက်တစ်ချို့ ကို အောင်ပွဲခံသွားစေဖို့ အခွင့်ဖန်ပေးလိုက်ထားပါပဲ၊ အခု စမ်း လို့ ရတဲ့ Pokevision တစ်ချို့ ကို ဖော်ပြပါတယ်။
အောက်မှာ ဖော်ပြထားကတော့ လူပြောသူပြောအများဆုံး Pokevisionတွေပဲဖြစ်ပါတယ်။ တကယ်လို့  သင်သာ Pokemon GO ဆော့နေသူဆိုရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်သင့်ပါတယ်။
Poke Radar for Pokemon GO (iOS, Android ,Web)

Pokemon Radar မှာ Pokemon GO သမားစစ်စစ်များအတွက် Pokemon GO သမားများမှ ဖန်တီးသည် ဆိုသည့် စာသားနှင့်အတူ ဒီအက်ပ်အတွက် မျှော်လင့်ချက်တွေ မြင့်နေကြပါတယ်။ iOS နှင့် Android နှစ်မျိုးစလုံးအတွက် အပြန်အလှန်ပံ့ပိုးပေးတဲ့ မြေပုံနဲ့ အက်ပလီကေးရှင်းတွေ နဲ့ အတူ Pokemon Radar ကို ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ ဒီအက်ပ်ကိုတော့ pokemonradargo.com မှာ တစ်ဆင့် Web ပေါ်မှာ map ကို သုံးလို့ ရပါတယ်။ Android နှင့် iOS အတွက်လည်း အက်ပ်ကို ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။
PokeMesh (Android)

Android app တစ်ခုဖြစ်ပြီး Pokemon ကို အမျိုးအစားအလိုက် စစ်ထုတ်လို့ ရနိုင်စွမ်းနဲ့ အတူ ဒီအက်ပလီကေးရှင်းဟာ လက်ရှိdevelop လုပ်နေဆဲ ဖြစ်တဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ ပင်မဝက်ဘ်ဆိုက်ပေါ်မှာအလှူကောက်ခံခြင်းဟာ ဖြတ်လမ်းနည်းနဲ့ ငွေရှာနေတယ်လို့ သတင်းထွက်ပေမယ့် ဒီ အက်ပလီကေးရှင်းကတော့ တကယ်အလုပ်ဖြစ်ပြီး ကိုယ်နှစ်သက်တဲ့ Pokemon ကို ဖမ်းလို့ ရနိုင်တာဖြစ်လို့  ကိစ္စမရှိပါဘူး။ ဒီအက်ပ်ရဲ့ APK ဖိုင်ကိုတော့ pokemesh.com မှာ ဒေါင်းလုပ်ဆွဲလို့ ရနိုင်ပါတယ်။
ဒီအက်ပလီကေးရှင်းဟာ စမ်းသပ်နေတုန်းမှာ Pokemon GO နက်ဝါ့ခ် နဲ့ ချိတ်ဆက်ဖို့ အခက်အခဲတွေ့ ရ တတ်ပါတယ်။ အပြောင်းအလဲ ရှိနိုင်ပါတယ်။
Catch that! ( Android , Web )

ဒီအက်ပ်က အလုပ်ဖြစ်မယ်ဆို စမ်းသုံးသင့်ပါတယ်။ ဝက်ဘ်ဆိုက်ကတော့ စမ်းသပ်ဆဲဖြစ်နေတာကြောင့် တက်လိုက် ကျလိုက်ဖြစ်မယ့်ပုံပေါ်ပါတယ်။ ဒီတော့ ဒီအက်ပ်ကို ကောင်းတဲ့ အကြောင်းပြောဖို့ ထက် ဒီပေါ်မှာ မှတ်ချက်တွေ အရမ်းမပြုလိုပါဘူး။ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ skiplagged.com/catch-that မှာ သွားစစ်လို့ ရပါတယ်။
FastPokeMap (Web)

ဒီကောင်လေးကတော့ အက်ပလီကေးရှင်းတစ်ခုအနေထက် Web ကနေဆို မြေပုံကြည့်ရတာ ပိုပြီးအဆင်ပြေပါတယ်။ FastPokeMap ဟာ အစမ်းသုံးအဆင့်ပဲ ရှိသေးတယ်ဆိုတာ သိထားရပါမယ်။ ဒီအက်ပ် ကိုတော့ fastpokemap.com ကနေ ဆွဲလို့ ရပါတယ်။

www.pyaephyo.com