8/11/2016

♪ Internal RAM 6GB ပါဝင်တဲ့ Galaxy Note 7 ဖုန်းကို လာမယ့်လမှာ ထုတ်ဖော်မည် ♫


Galaxy Note 7 ဖုန်းဟာ အမျိုးအစားအနေနဲ့ RAM 4GB နဲ့ 64 GB Internal Storage အမျိုးအစားတစ်မျိုးထဲကိုသာ လက်တလောမှာ ထုတ်လုပ်ထားပြီး Samsung အနေနဲ့ မကြာမီမှာ နောက်ထပ်ဗားရှင်းအသစ်တစ်မျိုးကို ထုတ်ဖော်ဖို့ရှိနေတယ်လို့ သိရပါတယ်။ သတင်းအသစ်တစ်ရပ်အရ Samsung ဟာ Galaxy Note 7 ကို Internal RAM 6GB နဲ့ Storage 128 GB ပါဝင်မယ့် ဗားရှင်းကို ထုတ်လုပ်မှာဖြစ်ပါတယ်။

Samsung အနေနဲ့ Galaxy Note 7 ဖုန်းကို လာမယ့် သြဂုတ်လ ၂၆ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ဒီဗားရှင်းအသစ်ကိုတော့ စက်တင်ဘာလ ၂ရက်နေ့မှာ တရုတ်နိုင်ငံမှာ ထွက်ရှိလာမှာဖြစ်တယ်လို့ တရုတ်လူမှုကွန်ယက် Weibo ကနေသိရပါတယ်။

ဒီစမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၉၁၄ရှိမှာဖြစ်ပါတယ်။ သာမန် 4GB RAM နဲ့ 64GB အမျိုးအစားကတော့ ဒေါ်လာ ၈၅၄ ကျသင့်မှာပါ။ ဈေးနှုန်းသိပ်မကွာပေမယ့် လုပ်ဆောင်ချက်တွေ ကတော့ နှစ်ဆလောက် ခုန်တက်သွားတာဖြစ်ပါတယ်။

ဒီ 6GB RAM ဖုန်းဗားရှင်းအသစ်ကို တကမ္ဘာလုံးမှာ ထုတ်ဖော်မယ့် အချိန်ကိုတော့ တိတိကျကျ မသိရှိရသေးပေမယ့် လာမယ့်လဆန်းပိုင်းလောက်မှာပဲဖြစ်ဖို့များတယ်လို့ သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com