– Huawei ရဲ့ P9၊ P9lite၊ GR5 နဲ့ GR5mini စမတ်ဖုန်းတွေ ၀ယ်ယူပြီး ရွှေဒင်္ဂါးတွေကို ကံစမ်းနိုင်မှာဖြစ်ပါတယ်။ကမ္ဘာ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ပံ့ပိုးသူတစ်ဦးဖြစ်တဲ့ Huawei နည်းပညာကုမ္ပဏီကြီးဟာ ၂၀၁၆ခုနှစ် သြဂုတ်လ ၆ ရက်နေ့ကနေ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့အထိ သုံးစွဲသူများအတွက် ရွှေဒင်္ဂါးတွေပိုင်ဆိုင်နိုင်မယ့် Huawei Gold Touch ကံစမ်းမဲအစီအစဉ် ကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
– သုံးစွဲသူများအနေဖြင့် ပုံမှန်ဆုလက်ဆောင်များရယူနိုင်မယ့်အပြင် ရင်ခုန်စိတ်လှုပ်ရှားမယ့် ရွှေဒင်္ဂါးဆုတွေကံစမ်းနိုင်မယ့် Huawei Gold Touch ကံစမ်းမဲအစီအစဉ်ဖြစ်ပါတယ်။
သြဂုတ်လ ၆ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အတွင်း P9၊ P9lite၊ GR5၊ GR5mini စတဲ့အဆင့်မြင့် စမတ်ဖုန်းတွေကို ၀ယ်ယူသူတွေအနေနဲ့ ကျပ် ငါးသိန်း ၀န်ကျင်ရှိ ရွှေဒင်္ဂါးအရေအတွက် (၁၀၀) ကို ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ P9 ၀ယ်ယူသူများအနေဖြင့် ကံစမ်းမဲကူပွန် (၂) စောင်ရရှိမှာဖြစ်ပြီး ကျန်တဲ့ P9lite၊ GR5၊ GR5mini တို့ကို ၀ယ်ယူသူများအနေနဲ့ ကံစမ်းမဲကူပွန် (၁) စောင်ရရှိကာ အချက်အလက်များဖြည့်ပြီး ကံစမ်းနိုင်မှာဖြစ်ပါတယ်။
ကံစမ်းမဲအစီအစဉ်အပြင် P9 ကို ၀ယ်ယူသူများအနေနဲ့ Tripod နဲ့ Selfie Stick တို့ ပါဝင်တဲ့ Photography Gift Package၊ P9lite ၀ယ်ယူသူများအနေနဲ့ Bluetooth Selfie Stick နဲ့ GR5၊ GR5mini ၀ယ်ယူသူများအနေနဲ့ Gift Box စတဲ့ လက်ဆောင်တွေပါ ရရှိမှာဖြစ်ပါတယ်။ Huawei ရဲ့ Gold Touch ကံစမ်းမဲအစီအစဉ်ကို မြန်မာနိုင်ငံအရပ်ရပ်မှာ ရှိတဲ့ Huawei Branded Shop၊ Huawei နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေအပါအ၀င် ဆိုင်ပေါင်း (၅၀၀) ခန့်မှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။ Huawei Gold Touch ကံစမ်းမဲရှိတဲ့ဆိုင်တွေကို စုံစမ်းချင်တယ်ဆိုရင်တော့ Huawei Mobile Myanmar ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ကံစမ်းမဲတွေကိုတော့ အောက်ဖော်ပြထားတဲ့ရက်တွေမှာ မဲနှိုက်ပြီး ကြေညာသွားမှာဖြစ်ပါတယ် –
- ပထမအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ သြဂုတ်လ ၂၈ရက်နေ့)
- ဒုတိယအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့)
- တတိယအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့)
- စတုတ္ထအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့)
ကံစမ်းမဲတစ်ကြိမ်စီမှာ ရွှေတံဆိပ်ဆု ၂၅ဆုစီအတွက် ကံထူးသူတွေကို ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်ကို Huawei Mobile Myanmar ဖေ့စ်ဘွခ် စာမျက်နှာမှာ “တိုက်ရိုက်” ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ကံထူးသူစာရင်းကို ကံစမ်းမဲဖွင့်တဲ့နေ့မှာ Huawei Mobile Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖော်ပြပေးသွားမှာဖြစ်ပြီး နောက်ရက် သတင်းစာ၊ ဂျာနယ်များမှာလဲ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကံထူးသူများအနေနဲ့ ကံစမ်းမဲနှိုက်ပြီး (၁၄) ရက်အတွင်း မိမိဝယ်ယူခဲ့တဲ့ဆိုင်မှာ ကံစမ်းမဲကူပွန်မူရင်းနဲ့အတူ မှတ်ပုံတင်ကို ပြပြီး ဆုထုတ်ယူရမှာဖြစ်ပါတယ်။ သတ်မှတ်ရက်ကျော်လွန်မှ လာရောက်ထုတ်ယူသူများကိုတော့ နောက်ရက်နှိုက်မယ့် ကံစမ်းမဲအစီအစဉ်များမှာ ထည့်သွင်းစဉ်းစားပေးသွားမှာဖြစ်ပါတယ်။
Huawei Gold Touch ကံစမ်းမဲအစီအစဉ်အကြောင်းကို အသေးစိတ်သိရှိလိုပါက Hotline 01-9000900 ကို ခေါ်ဆိုမေးမြန်းခြင်း (သို့) Huawei Mobile Myanmar ဖေ့ဘွတ်စာမျက်နှာ (www.facebook.com/HuaweiDeviceMyanmar) တွင် ၀င်ရောက်ကြည့်ရှုခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
www.pyaephyo.com