Huawei G610-U00 ကိုင်ဆောင်ထားတဲ့ ဘော်ဒါတွေ အတွက် ကျွန်တော်တို့ MOSB မှ Port ထားတဲ့ Custom Rom လေးတစ်ခု တင်ပေးလို်က်ပါတယ်။
Official Rom ကိုင်ရတာ အဆငိမပြေတာပဲဖြစ်ဖြစ်၊ ရိုးလာလို့ ပုံစံအသစ်ပြောင်းကိုင်ချင်လို့ပဲဖြစ်ဖြစ် ဒီ Rom လေးကို အသုံးပြုနိုင်ပါတယ်။ တကယ့် ဖုန်းအသစ်တစ်လုံးကိုင်ရသလို လုံးဝ ခံစားရမှာပါ။
Custom Rom တွေမှာ Bugs (Or) Error အနည်းနဲ့အများ တစ်ခုမဟုတ်တစ်ခုရှိတတ်ပါတယ်။ Official Rom လို စက်ရုံကထုတ်တာမဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ပိုမိုကောင်းမွန်အောင် ပြန်လည်ပြုပြင်ထားရတဲ့အတွက် မူလ Kernel နဲ့ Phone ရဲ့ Hardware နဲ့ သိပ်မကိုက်တာတွေ ရှိတတ်ပါတယ်။
အခု ဒီ Custom Rom လေးကတော့ ကျွန်တော်ကိုယ်တိုင် Port ထားတာဖြစ်ပြီး ၃ လလောက် စမ်းသပ်ကိုင်ကြည့်သလောက် (သာမန် user တွေ အတွက်တော့) ဘာError မှ မရှိသလောက်ပါပဲ ခင်ဗျာ။
ဒီ Custom Rom လေးအကြောင်း
=======================Dual 3G ပါ။ Sim Card နှစ်ကဒ်လုံး 3G အသုံးပြုနိုင်ပါတယ်။အရင်လို ကဒ်နေရာလဲစရာမလိုပဲ Setting ထဲကနေ ကြိုက်တဲ့ Sim Card ကို 3G Services ချိန်းပြီး အသုံးပြုနိုင်ပါတယ်။
မြန်မာဖောင့် 100 % မှန်ကန်အောင် ထည့်သွင်းပေးထားပါတယ်။ ပုဂံကီးဘုတ် အဆင်သင့်ပါပါတယ်။
Huawei 610-U00 အတွက် အရင်ထွက်ခဲ့တဲ့ တချို့ Custom Rom တွေ မှာ Internal Memory အသုံးပြုလို့မရပဲ SD Card စိုက်မှ အဆင်ပြေတာတွေရှိပါတယ်။ အခု ဒီ Rom လေးကတော Internal နဲ့ SD Card နှစ်ခုစလုံး အလုပ်လုပ်ပါတယ်။ SD Card မစိုက်ပဲလည်း အသုံးပြုနိုင်ပါတယ်။
Setting ထဲ မှာ လည်း Official Rom မှာမပါတဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။
SuperSU Pro နဲ့ Busybox 1.24.1 နဲ့ Root ပြီးသားပါ။
Camera Resolution ကိုလည်း 12 MP အထိ မြင့်တင်ထားပါတယ်။
ဖုန်းပြောရင် အသံဖမ်းဖို့အတွက် Call Recorder ပါဝင်ပြီးသားပါ App ထပ်ထည့်စရာမလိုပါဘူး။
font Style အလှတွေလည်း ပြောင်းလည်း အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်ပါပါတယ်။
တခြား လုပ်ဆောင်ချက်တွေ အများကြီးပါဝင်ပါသေးတယ်၊ ဥပမာ- Internet အသုံးပြုတဲ့ အခါ မျက်စိနောက်တဲ့ မလိုအပ်တဲ့ ကြော်ငြတွေကို ဖျောက်ပစ်ပေးတဲ့ Adway လို လုပ်ဆောင်ချက်တွေပါ။
Rom Install လုပ်တဲ့ အခါမှာလည်း Audio Quality အတွက် Dolby ဒါမှမဟုတ် Viper၊ Music Player အတွက် Sony ဖုန်းတွေမှာ အသုံးပြုတဲ့ Walkman Player အစရှိတဲ့ Apps တွေကို ရွေးချယ်သွင်းယူနိုင်မယ့် Full Touch Aroma Installer ကို အသုံးပြုထားပါတယ်။
ဒီ Rom လေးကို အသုံးပြုမယ်ဆိုရင် Custom Recovery ကနေ သွင်းယူရမှာဖြစ်ပါတယ်။ Download Link တွေ မှာ Rom ရော Recovey ပါ တင်ပေးထားပါတယ်။ Custom Recovery ကိုတော့ FlashTool နဲ့ ပဲဖြစ်ဖြစ်၊ Zip ကနေပဲဖြစိဖြစ်သွင်းယူနိုင်ပါတယ်၊
အောက်မှာ Screen Short လေးတွေ တင်ပေးထားပါတယ်၊ ကြည့်ပြီး ကြိုက်တယ်၊ ကလိချငိတယ် ဆိုရင် ဒေါင်းယူနိုင်ပါပြီ၊ Services သမားတွေလည်း သုံးချင်ရင်သုံးနိုင်ပါတယ်။
အားလုံးပဲ ဖုန်းအသစ်တစ်လုံးကိုင်ရသလို ပျော်ရွှင်ကြပါစေ...
Make your own risk Guy!
Download ZingerOne Rom Link
Download Custom Recovery Link
Download Best Audio Quality Flashable Zip
Credit ( mosb1987.blogspot.com )
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net/