Huawei ဟာ သူတို့ရဲ့ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ခဲ့ရာမှာ
မျက်နှာပြင်ကျယ် Honor Note 8 ကို မိတ်ဆက်အပြီးမှာ ၂၀၁၄ခုနှစ်တုန်းက
ထုတ်လုပ်ခဲ့တဲ့ Honor 4 Play ကိုဆက်ခံတဲ့ဖုန်းအမျိုးအစား တစ်မျိုးဖြစ်တဲ့
ဈေးပေါစမတ်ဖုန်း Honor 5 Play ကိုပါ ထပ်မံ ထုတ်ဖော်ခဲ့ပါတယ်။
Honor 5 Play ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၉၀ သာရှိတာကြောင့် တန်ဖိုးသင့်တင့်တဲ့ စမတ်ဖုန်းတစ်မျိုးလို့ဆိုရမှာပါ။ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ အနေနဲ့ ကတော့ ၅လက်မရှိတဲ့ 720p စခရင်၊ 8Mp ရှိတဲ့ dual-lED flash နဲ့ 2MP ရှိတဲ့ Selfie ကင်မရာ၊ 2GB RAM 16GB internal Storage တို့ ပါဝင်မှာဖြစ်ပါတယ်။
4G networks အထိ ထောက်ပံ့ပေးနိုင်ပြီး Dual SIm ထောက်ပံ့ပေးနိုင်ပါတယ်။ ဘယ် Android ဗားရှင်းနဲ့ အလုပ်လုပ်မယ်ဆိုတာ မသေချာသေးပေမယ့် Lollipop Version နဲ့ ထုတ်လုပ်လာနိုင်ခြေရှိနေပါတယ်။ ဈေးနှုန်းကတော့ အထက်ကပြောခဲ့သလို ဒေါ်လာ ၉၀ဖြစ်ပြီး ဈေးကွက်ထဲတော့ မကြာခင်မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

www.pyaephyo.com