Xiaomi ဟာ Mi Note ရဲ့ နောက်မျိုးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့ Mi Note 2 ကို
စက်တင်ဘာလ ၅ ရက်နေ့မှာ မိတ်ဆက်သွားဖို့ ရှိပြီး၊ ဖုန်းရဲ့
မျက်နှာပြင်ဘေးနှစ်ဖက်စလုံးဟာ အကွေးဒီဇိုင်းနဲ့ ထွက်ရှိလာဖို့ရှိနေပါတယ်။
နောက်ဆုံးပေါက်ကြားလာတဲ့ဓာတ်ပုံတစ်ခုမှာ Xiaomi Mi Note ဖုန်းရဲ့ မျက်နှာပြင်လို့ ယူဆရတဲ့ မျက်နှာပြင်ဘောင်တစ်ခုကို တွေ့မြင်ရပြီး၊ Galaxy S7 Edge အတိုင်း မျက်နှာပြင်ဘေးနှစ်ဖက် က ကွေးနေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီ့အပြင် S7 Edge အတိုင်း ဟုမ်းခလုတ်နေရာတစ်ခုကိုလည်း အဆိုပါဓာတ်ပုံမှာတွေ့မြင်ရပြီး၊ Mi Note 2 မှာ လက်ဗွေရာဆန်ဆာနဲ့ ဟုမ်းခလုတ်ကို တွေ့မြင်ရဖို့ရှိနေပါတယ်။
အစောပိုင်းပေါက်ကြားထားတဲ့ ဖုန်းအသေးစိတ်အချက်အလက်တွေအရ၊ Mi Note 2 ဖုန်းဟာ 4GB RAM မော်ဒယ်နဲ့ 6GB RAM မော်ဒယ်နှစ်မျိုး၊ အားလုံးပေါင်း မော်ဒယ်သုံးမျိုးထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ၅.၇ လက်မအကျယ်ရှိ Super AMOLED မျက်နှာပြင်နဲ့ ဖြစ်ပြီး၊ 4GB RAM အလုံးက full-HD resolution နဲ့ဖြစ်ကာ၊ 6GB အလုံးတွေမှာတော့ QHD resoultion အထိ ပါဝင်ဖွယ်ရှိပါတယ်။
နောက်ဆုံးထွက် Snapdragon 821 SoC ကို မော်ဒယ်သုံးမျိုးလုံးမှာ အသုံးပြုထားမှာဖြစ်ပြီး၊ ဘက်ထရီကတော့ 3600mAh ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။

www.pyaephyo.com