8/22/2016

♪ Edge browser အသုံးပြုသူတွေကို ဆုငွေပေးအပ်သွားမယ့် Microsoft ♫


သုံးပေးရုံနဲ့ ဆုငွေပြန်ရနိုင်မယ်ဆိုတော့ Microsoft ရဲ့ Edge browser အသစ်မှာလည်း သူ့ကောင်းကွက်လေးတွေ ရှိတယ်လို့ ဆိုရမှာပါ။ Windows 10 မှာ default အနေနဲ့ အသစ်ပါလာတဲ့ Edge browser ကို လက်ရှိမှာ user လေးပုံသုံးပုံလောက်က မသုံးဘဲ စွန့်ပစ်ထားကြတာကြောင့်၊ အခုဆိုရင် Microsoft ဟာ Edge browser သုံးသူတွေကိုဆုငွေပြန်ပေးပြီး ဆွဲဆောင်သွားတော့မှာပါ။

Bing Rewards ဆိုတဲ့ Bing ရှာဖွေရေးအင်ဂျင်ကို သုံးရင် ဆုငွေပြန်ရနိုင်မယ့်အစီအစဉ်ကို သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း Microsoft က ဗုဒ္ဓဟူးနေ့မှာကြေငြာခဲ့ပြီး၊ Microsoft Rewards လို့ အစီအစဉ်နာမည်ပြောင်းလိုက်ပါတယ်။

ယခုအစီအစဉ်အသစ်မှာ Bing တင်မဟုတ်တော့ဘဲ၊ Edge browser နဲ့ Microsoft Store အသုံးပြုသူတွေ ကို Microsoft ကနေဆုငွေပြန်လည်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ US က အသုံးပြုသူတွေပဲ ဒီအစီအစဉ်မှာ ပါဝင်နိုင်မှာပါ။

Microsoft Rewards အစီအစဉ်မှာ အဆိုပါဝန်ဆောင်မှုအသုံးပြုတဲ့ user တွေကို ‘Points’ ရမှတ်တွေ ပေးသွားမှာဖြစ်ပြီး၊ အဆိုပါရမှတ်တွေကို Amazon ၊ Starbucks ၊ Skype စတဲ့နေရာတွေမှာ လက်ဆောင်ကတ်တွေ၊ Microsoft စတိုးမှာ လျှော့ဈေးငွေတွေ အဖြစ် ပြန်လည်လဲလှယ်နိုင်မှာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ Microsoft Bing ကို သင့်ရဲ့ default search engine အဖြစ် ထားပေးထားရမှာပါ။

Google Chrome က ဘရောက်ဆာဈေးကွက်မှာ ဈေးကွက်ဝေစု ၅၈ ရာခိုင်နှုန်းနဲ့ အများဆုံးသိမ်းပိုက်ထား ချိန်မှာ Microsoft ရဲ့ ဘရောက်ဆာအဟောင်း Internet Explorer က ဈေးကွက်ဝေစု ၅.၂ ရာခိုင်နှုန်းသာ ရရှိထားပြီး၊ Edge ဘရောက်ဆာကတော့ စာရင်းထဲမှာတောင် ပါမလာသေးပါဘူး။ ဒါပေမယ့်အခု Rewards အစီအစဉ်နဲ့ ဆိုရင်တော့ အသုံးပြုအနည်းငယ် မြင့်တက် လာဖွယ်ရှိပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com