လိုချင်သော ပစ္စည်းမျိုးစုံကို အွန်လိုင်းပေါ်မှ ဝယ်ယူနိုင်ရန် ဖန်တီးထားသည့် App ဖြစ်ပြီး လျှပ်စစ်ပစ္စည်း၊ အလှကုန်၊
ကားအပိုပစ္စည်း၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်း၊ ကင်မရာနှင့် ဆက်စပ်ပစ္စည်းစသည့် ကုန်ပစ္စည်းမျိုးစုံကို
မိုဘိုင်းဖုန်းမှတစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင်မည် ဖြစ်သည်။ အွန်လိုင်းအခြေပြု App ဖြစ်သည့်အတွက်
အင်တာနက်ချိတ်ဆက်ထားရန် လိုအပ်မည်ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် PlayStore တွင် အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး
Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 7.3 MB ရှိမည်ဖြစ်သည်။ Android OS v4.1 နှင့် အထက်တွင် အသုံးပြုနိုင်သည်။