Facebook ဟာ ဆယ်ကျော်သက်လူငယ်ထုကို အဓိကဆွဲဆောင်မယ့် ဗီဒီယိုအသားပေးဆိုရှယ် app အသစ်တစ်ခုကို ယနေ့ပဲ ထုတ်လိုက်ပြီဖြစ်ပါတယ်။ Lifestage လို့ နာမည်ပေးထားကာ၊ လူငယ်တွေ အသုံးများတဲ့ Snapchat ကို ယှဉ်ပြိုင်ဖို့အတွက်ဖြစ်တယ်လို့ ယူဆရပါတယ်။
ဒီ app ရဲ့ ထူးခြားချက်ကတော့ Michael Sayman လို့ ခေါ်တဲ့ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ကပဲ ယခု app ကို ရေးထားတာဖြစ်ပြီး၊ Michael ဟာ Facebook ဝန်ထမ်းတွေထဲမှာ အသက်အငယ်ဆုံး Product Manager ဖြစ်နိုင်ပါတယ်။
Lifestage ဟာ ဗီဒီယိုအသားပေးဆိုရှယ် app တစ်ခုဖြစ်ပြီး တစ်ကျောင်းတည်းက အထက်တန်းကျောင်းသူကျောင်းသားအချင်းချင်းကို ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။ Facebook လိုမျိုး ပရိုဖိုင်ဓာတ်ပုံအစား၊ user တွေနဲ့ မိမိမျက်နှာကို ပြသဖို့အတွက် Selfie ဓာတ်ပုံ အတွဲလိုက် တင်ထားနိုင်မှာဖြစ်ပြီး၊ ကိုယ်ကြိုက်နှစ်သက်တဲ့အကြောင်းအရာ၊ ကိုယ်မနှစ်မြို့တဲ့အရာတွေ၊ ကိုယ့်အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ကိုယ့်ချစ်သူ စတာတွေကို ဗီဒီယိုနဲ့ပဲ တင်ပြီး ဖော်ပြနိုင်မှာဖြစ်ပါတယ်။

Lifestage ဖန်တီးရှင် Michael Sayman
Michael Sayman ဟာ သူ့ဘဝရဲ့ ပထမဆုံး app ကို Apple’s App Store မှာ အသက်
၁၃ နှစ်အရွယ်ကတည်းက စတင်ရေးဆွဲခဲ့တာဖြစ်ပြီး၊ နောက်ထပ်
သုံးနှစ်အတွင်းမှာလည်း app အများအပြားကို ရေးဆွဲခဲ့တဲ့ app developer
တစ်ဦးဖြစ်ပါတယ်။ Michael ရဲ့ ပါရမီကို သတိထားမိတဲ့ Facebook ဟာ F8
developer ညီလာခံဆီ Michael ကို ဖိတ်ကြားခဲ့ပြီး၊ Mark Zuckerberg
ကိုယ်တိုင်က ကုမ္ပဏီမှာ အလုပ်လုပ်လာလုပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့
သိရပါတယ်။
Michael ဟာ Facebook က လေ့ကျင့်ပေးနေစဉ်အချိန်အတွင်းမှာ Lifestage ဖြစ်လာမယ့် app အိုင်ဒီယာကို ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သူနဲ့ သူ့ သူငယ်ချင်းတွေဟာ Facebook ၊ Snapchat ၊ Instagram နဲ့ Twiiter စတဲ့ ဆိုက်တွေအကုန်လုံးကို ပုံမှန်သုံးလေ့ရှိပေမယ့်၊ ဒီဆိုက်တွေဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို စာနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် ပုံနဲ့ဖြစ်ဖြစ်သာ ဖော်ပြထားနိုင်ပြီး၊ တကယ်တမ်းပြည့်စုံမှုမရှိဘူးလို့ ဆိုပါတယ်။
ဒီအတွက် Michael ဟာ Lifestage ပရိုဖိုင်ကို ဖန်တီးခဲ့တာဖြစ်ပြီး၊ Lifestage မှာ Selfie ပုံအတွဲလိုက်တွေ၊ ဗီဒီယိုတွေနဲ့ ကိုယ်ကြိုက်တဲ့ ဂီတအမျိုးအစားကအစ ကိုယ်ဝါသနာပါတဲ့အရာကနေ ကိုယ့်အချစ်ဆုံးသူယ်ချင်းတွေအထိ စုံလင်စွာဖော်ပြထားနိုင်မှာဖြစ်ပါတယ်။
Lifestage မှာ ကိုယ့်အတန်းဖော်တစ်ဦးနဲ့ connect လုပ်ပြီးပါက၊ app ရဲ့ main feed ကနေ သူတို့ပရိုဖိုင်တွေကို ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Username တစ်ခုကို ထောက်ပြီး၊ ဘေးဘက် ဆွဲလိုက်မယ်ဆိုရင် အဆိုပါ user တင်ထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တစ်ခုပြီးတစ်ခု ပေါ်လာ မှာဖြစ်ပါတယ်။
Lifestage ရဲ့ အဓိက interface ပုံစံက Snapchat နဲ့ တော်တော်တူညီပြီး၊ reaction အတွက် Like ကို အသည်းပုံနဲ့ဖော်ပြထားကာ၊ Dislike ကတော့ မစင်ပုံလေးဖြစ်ပါတယ်။
Michael ရဲ့ app ဟာ ဆယ်ကျော်သက်လူငယ်တွေအတွက် မသင့်တော်တဲ့အရာတွေနဲ့ ပြည့်နှက်နေတဲ့ Facebook ထက် ပိုမိုနှစ်သက်ဖွယ်ရာရှိပြီး၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့ရှိပါတယ်။
လောလောဆည် Lifestage ကို iOS မှာပဲ ရရှိဦးမှာဖြစ်ပါတယ်။
ဒီ app ရဲ့ ထူးခြားချက်ကတော့ Michael Sayman လို့ ခေါ်တဲ့ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ကပဲ ယခု app ကို ရေးထားတာဖြစ်ပြီး၊ Michael ဟာ Facebook ဝန်ထမ်းတွေထဲမှာ အသက်အငယ်ဆုံး Product Manager ဖြစ်နိုင်ပါတယ်။
Lifestage ဟာ ဗီဒီယိုအသားပေးဆိုရှယ် app တစ်ခုဖြစ်ပြီး တစ်ကျောင်းတည်းက အထက်တန်းကျောင်းသူကျောင်းသားအချင်းချင်းကို ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။ Facebook လိုမျိုး ပရိုဖိုင်ဓာတ်ပုံအစား၊ user တွေနဲ့ မိမိမျက်နှာကို ပြသဖို့အတွက် Selfie ဓာတ်ပုံ အတွဲလိုက် တင်ထားနိုင်မှာဖြစ်ပြီး၊ ကိုယ်ကြိုက်နှစ်သက်တဲ့အကြောင်းအရာ၊ ကိုယ်မနှစ်မြို့တဲ့အရာတွေ၊ ကိုယ့်အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ကိုယ့်ချစ်သူ စတာတွေကို ဗီဒီယိုနဲ့ပဲ တင်ပြီး ဖော်ပြနိုင်မှာဖြစ်ပါတယ်။
Michael ဟာ Facebook က လေ့ကျင့်ပေးနေစဉ်အချိန်အတွင်းမှာ Lifestage ဖြစ်လာမယ့် app အိုင်ဒီယာကို ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သူနဲ့ သူ့ သူငယ်ချင်းတွေဟာ Facebook ၊ Snapchat ၊ Instagram နဲ့ Twiiter စတဲ့ ဆိုက်တွေအကုန်လုံးကို ပုံမှန်သုံးလေ့ရှိပေမယ့်၊ ဒီဆိုက်တွေဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို စာနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် ပုံနဲ့ဖြစ်ဖြစ်သာ ဖော်ပြထားနိုင်ပြီး၊ တကယ်တမ်းပြည့်စုံမှုမရှိဘူးလို့ ဆိုပါတယ်။
ဒီအတွက် Michael ဟာ Lifestage ပရိုဖိုင်ကို ဖန်တီးခဲ့တာဖြစ်ပြီး၊ Lifestage မှာ Selfie ပုံအတွဲလိုက်တွေ၊ ဗီဒီယိုတွေနဲ့ ကိုယ်ကြိုက်တဲ့ ဂီတအမျိုးအစားကအစ ကိုယ်ဝါသနာပါတဲ့အရာကနေ ကိုယ့်အချစ်ဆုံးသူယ်ချင်းတွေအထိ စုံလင်စွာဖော်ပြထားနိုင်မှာဖြစ်ပါတယ်။
Lifestage မှာ ကိုယ့်အတန်းဖော်တစ်ဦးနဲ့ connect လုပ်ပြီးပါက၊ app ရဲ့ main feed ကနေ သူတို့ပရိုဖိုင်တွေကို ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Username တစ်ခုကို ထောက်ပြီး၊ ဘေးဘက် ဆွဲလိုက်မယ်ဆိုရင် အဆိုပါ user တင်ထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တစ်ခုပြီးတစ်ခု ပေါ်လာ မှာဖြစ်ပါတယ်။
Lifestage ရဲ့ အဓိက interface ပုံစံက Snapchat နဲ့ တော်တော်တူညီပြီး၊ reaction အတွက် Like ကို အသည်းပုံနဲ့ဖော်ပြထားကာ၊ Dislike ကတော့ မစင်ပုံလေးဖြစ်ပါတယ်။
Michael ရဲ့ app ဟာ ဆယ်ကျော်သက်လူငယ်တွေအတွက် မသင့်တော်တဲ့အရာတွေနဲ့ ပြည့်နှက်နေတဲ့ Facebook ထက် ပိုမိုနှစ်သက်ဖွယ်ရာရှိပြီး၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့ရှိပါတယ်။
လောလောဆည် Lifestage ကို iOS မှာပဲ ရရှိဦးမှာဖြစ်ပါတယ်။
www.pyaephyo.com