
Google I/O ကျင်းပပြီးသည့်နောက်တွင်Google သည်Android N ဟုအမည်
ပေးထားသောမိုဘိုင်းOSအသစ်ကိုထုတ်လုပ်လိုက်ပါသည်။Android N ကို လည်းAndroid
Nougat ဟုယခုအချိန်တွင်တရားဝင်အမည်လည်း ပေးလိုက် ပါသည်။Nougat
ဆိုသည်မှာကလေးများစားသောအချိုမုန့်တစ်မျိုး၏အမည် ဖြစ်ပါသည်။
Android N
သည်စမ်းသပ်ကာလအဆင့်တွင်ရှိသဖြင့် မည်သည့် ဟန်းဆက်တွင်မှ
တွေ့ရဦးမည်မဟုတ်ပါ။ တွေ့ခြင်းတွေ့လျှင်Nexus ဖုန်းများ
ပေါ်၌ဦးစွာတွေ့ရပါလိမ့်မည်။Android N ၏အတွေ့အကြုံများကိုမည်သည့်
ဖုန်းတွင်မှမတွေ့ရမီအကြိုမြည်းစမ်းကြည့်လိုပါသလား။Android N Developer
Preview ကို၂၀၁၆ခုနှစ် မေလ၁၈ရက်နေ့ကပင်Google ကကြိုတင်ထုတ်ပေးခဲ့ သဖြင့်
မြည်းကြည့်မည်ဆိုလျှင် ဖြစ်နိုင်ပါသည်။သို့သော်မည်သည့်ဟန်းဆက် နှင့်
အဆင်သင့်မည်ကိုကွက်တိမပြောနိုင်သဖြင့်Android N မြည်းစမ်းသူတို့ သည်
လိုက်ဖက်မည့်ဟန်းဆက်ကိုမိမိဘာသာစမ်းသပ်ရင်းရှာဖွေကြည့်ဖို့
လိုပါမည်။ယခင်အကြိမ်များကထုတ်လုပ်ခဲ့သောAndroid OS preview အသစ်
များအားdownload ဆွဲချပြီးNexus device များပေါ်တွင်install ပြုလုပ်သုံးစွဲရ
ခြင်းသည်ခေါင်းကိုက်စရာဖြစ်လေ့ရှိပါသည်။သို့သော်ယခုအကြိမ်တွင်မူ Google
သည်Android N Public Beta အားNexus device ပေါ်သို့install လုပ်ပြီး
အသုံးပြုရခြင်းအားအလွန်လွယ်ကူအောင်စီစဉ်ပေးထားသဖြင့်မည်သူမဆို
ယင်းအလုပ်ကိုအလွယ်တကူ ပြုလုပ်နိုင်ကြပါလိမ့်မည်။တစ်ခု သတိပြုရ
မည်မှာAndroid N Public Beta သည်အပြီးသတ်ထုတ်လုပ်ထားသော OS
မဟုတ်သေးသည်ဆိုသည့်အချက်ဖြစ်ပါသည်။ထို့ကြောင့်မထင်မှတ်ဘဲ Software ဆိုင်ရာ
ပြဿနာများ (bugs) များကိုအပြီးသတ်OSမှာထက် ပို၍ တွေ့ကြုံရနိုင်ခြေရှိပါသည်။
သို့ရာတွင်ယင်းbug များကိုအပြီးသတ်version တွင်ပါမလာအောင်Google က
ပြုပြင်ပေးသွားပါလိမ့်မည်။Android N Public Betaကိုစမ်းသပ်အသုံးပြုနိုင်ပြီ
ဟုGoogle ကတရားဝင်ထုတ်ပြန်ပေးထားသောdevice စာရင်းကိုဤသို့
တွေ့ရပါမည်။ယင်းအထဲတွင်Nexus 6 / Nexus 9/ Nexus 5X/ Nexus 6P/ Nexus
Player တို့အပြင်Google pixel C နှင့်Android One တို့ပါဝင်သည်။
Google ၏Android Beta Program အသစ်တွင်Android အားdownload ဆွဲရခြင်းသည်ရိုးရှင်းလွယ်ကူပါသည်။ယင်းprogramme သို့စာရင်းသွင်းသော မည်သည့်device မဆို နောက်ဆုံးထွက်Android OS ရသည့်အခါတိုင်းOTA update ပြုလုပ်ခွင့်ပေးပါမည်။Android Beta Program သို့စာရင်းသွင်းရန် အတွက်ယင်းနှင့်တွဲဖက်သုံးနိုင်သည်ဟု ထောက်ခံထားသောNexus device တစ်ခုခုကိုသုံးပြီးbrowser ကိုဖွင့်ရပါမည်။ပြီးလျှင်www.g.co/androidbeta လိပ်စာအတိုင်းဆက်သွားရပါမည်။Google account (Gmail account) ကိုသုံးပြီးsign in ၀င်ရန် တောင်းဆိုခြင်းခံရပါမည်။ယင်းpage သို့ရောက်လျှင် အောက်ဘက်သို့ဆင်းပြီးEligible devices ဟူသော ခေါင်းစဉ်ကိုရှာရပါမည်။ မိမိSign in ၀င်ထားသောNexus device သည်Compatible Nexus device စာရင်းဝင်ဖြစ်ပါကယင်းကို အောက်ဘက်တွင် ဖော်ပြထားပါမည်။Beta program တွင်စာရင်းမသွင်းထားရသေးပါ။စာရင်းမသွင်းထားကြောင်းကို လည်း လာ၍ပြောပါမည်။ယင်းနောက်တွင်beta programme သို့မိမိ စာရင်း သွင်းရန်ဆန္ဒရှိသောdevice ကိုရှာရပါမည်။ပြီးလျှင်ယင်းဘေးရှိ အစိမ်းရောင် ဖြင့် ပြထားသောbutton တွင်ကလစ်နှိပ်ရပါမည်။ထိုအခါterms and condition ဟူသောစည်းကမ်းချက်စာရင်းကိုလာပြပါမည်။ယင်း၏ အောက်ဘက် တွင်သဘောတူကြောင်းပြောရန်စာသားနှင့် လေးထောင့်ကွက် တစ်ခုပါဝင်ပါမည်။I agree ဟူသောစာသားဘေးမှ လေးထောင့်ကွက်တွင် အမှန်ခြစ်ပေါ်အောင်တစ်ချက်နှိပ်ရပါမည်။
Google ၏Android Beta Program အသစ်တွင်Android အားdownload ဆွဲရခြင်းသည်ရိုးရှင်းလွယ်ကူပါသည်။ယင်းprogramme သို့စာရင်းသွင်းသော မည်သည့်device မဆို နောက်ဆုံးထွက်Android OS ရသည့်အခါတိုင်းOTA update ပြုလုပ်ခွင့်ပေးပါမည်။Android Beta Program သို့စာရင်းသွင်းရန် အတွက်ယင်းနှင့်တွဲဖက်သုံးနိုင်သည်ဟု ထောက်ခံထားသောNexus device တစ်ခုခုကိုသုံးပြီးbrowser ကိုဖွင့်ရပါမည်။ပြီးလျှင်www.g.co/androidbeta လိပ်စာအတိုင်းဆက်သွားရပါမည်။Google account (Gmail account) ကိုသုံးပြီးsign in ၀င်ရန် တောင်းဆိုခြင်းခံရပါမည်။ယင်းpage သို့ရောက်လျှင် အောက်ဘက်သို့ဆင်းပြီးEligible devices ဟူသော ခေါင်းစဉ်ကိုရှာရပါမည်။ မိမိSign in ၀င်ထားသောNexus device သည်Compatible Nexus device စာရင်းဝင်ဖြစ်ပါကယင်းကို အောက်ဘက်တွင် ဖော်ပြထားပါမည်။Beta program တွင်စာရင်းမသွင်းထားရသေးပါ။စာရင်းမသွင်းထားကြောင်းကို လည်း လာ၍ပြောပါမည်။ယင်းနောက်တွင်beta programme သို့မိမိ စာရင်း သွင်းရန်ဆန္ဒရှိသောdevice ကိုရှာရပါမည်။ပြီးလျှင်ယင်းဘေးရှိ အစိမ်းရောင် ဖြင့် ပြထားသောbutton တွင်ကလစ်နှိပ်ရပါမည်။ထိုအခါterms and condition ဟူသောစည်းကမ်းချက်စာရင်းကိုလာပြပါမည်။ယင်း၏ အောက်ဘက် တွင်သဘောတူကြောင်းပြောရန်စာသားနှင့် လေးထောင့်ကွက် တစ်ခုပါဝင်ပါမည်။I agree ဟူသောစာသားဘေးမှ လေးထောင့်ကွက်တွင် အမှန်ခြစ်ပေါ်အောင်တစ်ချက်နှိပ်ရပါမည်။
ပြီးလျှင်join beta ကိုကလစ်ဆက်၍နှိပ်ရပါမည်။ထိုအခါတွင်message box
တစ်ခုပေါ်လာပါမည်။ယင်းmessage box ထဲတွင်မိမိ၏device အားAndroid beta
program ထဲသို့စာရင်းသွင်းပြီးကြောင်းလာ၍ပြောပါမည်။ ထို့ပြင် မကြာမီ၌System
update ကိုမိမိ၏device သို့ချပေးမည်ဖြစ်ကြောင်းလာ၍ ပြောပါမည်။Update
ထွက်ပါလျက်နှင့် ရောက်မလာသေးဟုဆိုပါကsetting > About > System update
အတိုင်းဝင်၍စစ်ဆေးဖို့လည်းအသိပေးပါမည်။ ထိုစာသားကိုဖတ်ပြီးလျှင်ok
ကိုနှိပ်၍ ရှေ့ဆက်ရပါမည်။Okနှိပ်ပြီး မကြာမီ မှာပင်မိမိ၏Android device
(Oyrm Nexus 6 ) ပေါ်သို့update Notification
ရောက်လာပါမည်။သို့သော်အမှန်တကယ်update ရောက်လာဖို့ကိစ္စတွင်
နှစ်ဆယ့်လေးနာရီ အထိလည်းကြာနိုင်ပါသည်။အကယ်၍update Notification
မရလာဟုဆိုပါကအင်တာနက်ချိတ်ဆက်ထားခြင်းရှိမရှိဦးစွာစစ်ဆေးသင့်ပါ
သည်။ယင်းနောက်တွင်Setting > About > System updates သို့ဝင်ပြီး
update အသစ်ရှိမရှိရှာရပါမည်။အကယ်၍ယခင်ကAndroid 6.0 ကိုယင်း device
ပေါ်၌manual flash လုပ်ထားခဲ့လျှင်OTA update ကိုလက်ခံရရှိမည်
မဟုတ်ပါ။ထိုအခါမျိုးတွင်Verification မအောင်မြင်ကြောင်းအသိပေးစာကို
လက်ခံရရှိပါမည်။ထိုသို့ဖြစ်လာခဲ့လျှင်OTA ကို စောင့်မည့်အစားAndroid N
ကိုယင်းdevice ပေါ်တွင်manual flash လုပ်ဖို့လိုပါမည်။အကယ်၍update
notification ကို မြင်ရပြီဟုဆိုလျှင်ယင်းnotification ကိုဖိပြီး အောက်သို့
ဆွဲချပါ။ပြီးလျှင်download ကို ရွေးချယ်ပါ။ နောက်ထပ်ပေါ်လာမည့်Windows
တွင်ဤAndroid OS N အားမိမိ၏device ပေါ်တွင်install လုပ်မည်ဖြစ်ကြောင်း
လာ၍ပြောပါမည်။
ထိုWindow ထဲတွင်Android N
အကြောင်းအကျဉ်းချုပ်ကိုလာ၍ပြောပါမည်။ ယင်းထဲတွင်Android N
တွင်အသစ်ပါလာမည့်feature ဖြစ်သောmulti - window support
အကြောင်းပါပါမည်။notification များကိုတိုက်ရိုက် အကြောင်း
ပြန်ကြားနိုင်သောfeature အကြောင်းလည်းပါပါမည်။Android N၏အရွယ်အစားမှာdevice
တစ်ခုနှင့်တစ်ခုကြားတွင်မတူပါ။Nexus 6 တွင် 850 MB ရှိပြီးAndroid GP
တွင်1120.7 MB ရှိပါသည်။မိုဘိုင်းအင်တာနက်
ပေါ်တွင်ကုန်ကျစရိတ်အလွန်များပါမည်။မိုဘိုင်းအင်တာနက်မှာလိုင်းအတက် အကျအလွန်မငြိမ်သဖြင့်လိုင်းပြတ်ကျခဲ့လျှင်ငွေကြေးအကုန်အကျလည်းများပါမည်။
ရွေးသင့်သည်မှာWi-Fi အင်တာနက်ဖြစ်ပါသည်။မည်သည့်နည်းလမ်းကို
ရွေးသည်ဖြစ်စေDownload ချတော့မည်ဟုဆုံးဖြတ်လိုက်ပြီးလျှင်Download tab
နေရာတွင်တစ်ချက်နှိပ်ရပါမည်။Download ချပြီးချိန်တွင်Android N Developer
Preview ကိုစတင်install လုပ်နိုင်ပါသည်။ပြီးလျှင်install process
ကိုစရန်အတွက်Restart & install
ကိုနှိပ်ရပါမည်။ယင်းနောက်ပိုင်းတွင်Android N update အသစ်များကိုupdate
လုပ်နိုင်ကြောင်းအသိပေးစာကို လေးပတ် သို့မဟုတ်
ခြောက်ပတ်တစ်ကြိမ်အလိုအလျောက်လက်ခံရရှိနေပါမည်။ ယင်းသို့
အသိပေးစာလက်ခံရရှိနေမည်မှာAndroid N ကိုအပြီးသတ် ထုတ်စေ
သည့်အဆင့်ဖြစ်သော၂၀၁၆ခုနှစ်စက်တင်ဘာလကုန်ဆုံးချိန်အထိ ဖြစ်ပါ သည်။
Preview 1သည်Android N ၏ပထမဆုံးထုတ်Version သို့မဟုတ်Android N alpha
version ဖြစ်နိုင်ပါသည်။Preview 2 နှင့်Preview 3 တို့သည်Android N
အားတစ်ဆင့်ထက်တစ်ဆင့် မြှင့်တင်လာသောbeta version များ ဖြစ်ပါ မည်။Preview 4
၌Final APIS (Application Program Interface)ပါဝင် လာမည်ဖြစ်ပြီးOffical
SDK (Software Developer Kit) နှင့်Play Publishing
တို့ကိုပါရရှိပါမည်။Preview 5 တွင်အပြီးသတ်Android N နှင့်အနီးစပ်ဆုံး
တူညီသောAndroid N version ကို တွေ့ရပါမည်။ယင်းထဲတွင်မဆို စလောက်
သောစမ်းသပ်ပြုပြင်စရာများသာကျန်ပါလိမ့်မည်။Android N အပြီးသတ် version
သည်Preview 5 နောက်တွင်ထွက်လာမည်ဖြစ်ပါသည်။Android N Public beta
သုံးစွဲရင်း တွေ့ကြုံရသောအခက်အခဲနှင့် ပြဿနာများကို www.tinycrrl.com/
znslukb သို့feedback ပေးနိုင်သည်။ယင်းထဲတွင်device specific
ဖြစ်သောကိစ္စများSystemပိုင်းဆိုင်ရာချို့ယွင်းဖောက်ပြန်မှုများ၊ Google App
bugs များပါဝင်နိုင်သည်။ထိုလမ်းကြောင်းမှမဟုတ်ဘဲfeedback ကိုAndroid N
Quick Setting tile မှတစ်ဆင့်လည်း ပေးနိုင်သည်။Setting > About >
send feedback for this device မှတစ်ဆင့်သွားရပါမည်။
Android N Developer Previewအားဖယ်ထုတ်ခြင်းသို့မဟုတ်uninstall လုပ်ခြင်းသည်လည်းinstall လုပ်ခြင်းကဲ့သို့ပင်လွယ်ကူပါသည်။ www.g.co/androidbeta page သို့သွားပြီးယင်းနောက်မိမိ၏device ဘေးဖက် တွင် ပြထားသောunenroll device button နေရာတွင်တစ်ချက်နှိပ်ရပါမည်။ ယင်းသို့ ပြုလုပ်ခြင်းသည်တစ်ခါတစ်ရံတွင်မိမိ၏device ပေါ်တွင်ရှိသောdata အားလုံးကိုလည်းဖျက်ချသွားတတ်ပါသည်။သို့ဖြစ်၍unenroll မလုပ်မီတွင် Android နှင့်ယင်းထဲမှdata များကိုဦးစွာbackup လုပ်သင့်ပါသည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com