8/04/2016

♪ Android Marshmallow ဖြင့်သုံးနိုင်မည့် Xiaomi Redmi 3S ♫


Xiaomi သည် ၎င်း၏နောက်ဆုံးပေါ်ဟန်းဆက်ဖြစ်သော Redmi 3s ကို အိန္ဒိယနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ အဆိုပါဟန်းဆက်ကို အမျိုးအစား နှစ်မျိုးဖြင့် ရရှိနိုင်မည်ဖြစ်သည်။ 2GB အမျိုးအစားအတွက် ၆,၉၉၉ ရူပီး၊ 3GB အတွက် ၈,၉၉၉ ရူပီး အသီးသီးကျသင့်မည်ဖြစ်သည်။ ၎င်းဟန်းဆက်ကို မီးခိုးရင့်ရောင်၊ ငွေရောင်နှင့် ရွှေရောင်တို့ဖြင့် ရရှိနိုင်သည်။


Xiaomi Redmi 3s တွင် 720x1280 pixel resolution ဖြင့် ဖော်ပြပေးနိုင်မည့် ၅ လက်မ HD display ကို အသုံးပြုထားသည်။ 1.4GHz octa-core Qualcomm Snapdragon 430 ပရိုဆက်ဆာနှင့် 2GB/3GB RAM ဖြင့် သုံးနိုင်သည်။ သိုလှောင်မှုပမာဏက 16GB/32GB ဖြစ်ပြီး microSD card မှတစ်ဆင့် 128GB အထိ တိုးမြှင့်နိုင်သည်။ Redmi 3s တွင် hybrid dual-sim အထောက်အပံ့ပါဝင်ပြီး Android 6.0 Marshmallow OS နှင့်အတူ Xiaomi ၏ MIUI ဖြင့် အသုံးပြုနိုင်သည်။


Xiaomi Redmi 3s တွင် 13MP ကျောဘက်ကင်မရာနှင့် LED flash ပါဝင်သည်။ အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ 4G, LTE, 3G, Wi-Fi, Bluetooth နှင့် GPS တို့ကို ထောက်ပံ့ပေးထားသည်။ ဘက်ထရီက 4,100mAh ဖြစ်သည်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com