iOS သာမက Android OS ကိုပါ သုံးနိုင်တဲ့ iPhone တစ်လုံးကို Developer
တစ်ယောက်က တီထွင်လိုက်ပါတယ်။ အချိန်မရွေး Android နဲ့ iOS ကို
ပြောင်းလဲသုံးနိုင်ပါတယ်။ ဒီလို သုံးနိုင်ဖို့အတွက် Developer က 3D Printer
ဖြင့် အထူး ထုတ်လုပ်ထားတဲ့ Smartphone Case တစ်ခုကို အသုံးပြုထားပါတယ်။
တီထွင်သူ Nick Lee က Android Open Source Project တစ်ခုကနေ တီထွင်ထားတာပါ။ သူက Custom Android Marshmallow Version ကို ဖန်တီးပြီးး Board တစ်ခုမှာ တင်ထားပါတယ်။ Board နဲ့ ဘက်ထရီကို ဆက်သွယ်ထားပါတယ်။ Board နဲ့ ဘက်ထရီကို Case မှာ ချိတ်ဆက်လိုက်ပါတယ်။
Case မှာ HDMI , USB Ports, SD Card Slot များ ပါရှိပါတယ်။ Android OS ကို ပြောင်းသုံးဖို့ Developer ရဲ့ App ကို အသုံးပြုရပါတယ်။

www.pyaephyo.com