7/26/2016

♪ Prisma ကို Android မှာအမှန်တကယ်သုံးနိုင်ပြီ - Android အတွက် တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Prisma ♫


Android အသုံးပြုသူတွေ မျှော်လင့်စောင့်စားနေတဲ့အချိန် ရောက်ရှိလို့လာပါပြီ။ ဓာတ်ပုံတွေကို မော်ဒန် ပန်းချီကားတစ်ချပ်ပုံစံ အသွင်ပြောင်းပေးနိုင်မှုကြောင့် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ Prisma app ဟာ အခုဆိုရင် Play Store မှာ တရားဝင်ထွက်ရှိလာပြီဖြစ်ပါတယ်။

Prisma app ကို လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းက Android မှာ beta ဗားရှင်းအနေနဲ့ စထုတ်ပေးခဲ့တာဖြစ်ပြီး၊ ငါးရက်သာ အသုံးပြုလို့ရခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ Prisma app ရေးဆွဲသူ Prisma Labs ဟာ Android အတွက် official ထုတ်ပေးလိုက်ပြီဖြစ်ပြီး၊ Play Store ကနေ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

Prisma ဟာ cloud စနစ်ကိုအခြေပြုထားတဲ့ machine learning (ပရိုဂရမ်ကအလိုအလျောက်သင်ယူမှု စွမ်းရည်) နဲ့ ဖုန်းထဲကဓာတ်ပုံတွေကို စုတ်ချက်၊ခဲလိုင်းအမိုက်စားတွေနဲ့ ရေးဆွဲထားတဲ့ မော်ဒန်ပန်းချီကားတစ်ချပ်တဖွယ်ပြောင်းပေးတဲ့ ဓာတ်ပုံအက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။

ယခု Prisma Android app ဟာ iOS ကအတိုင်းပဲ filters ပေါင်း ၃၀ ကျော်၊ ဖုန်း gallery ထဲကဓာတ်ပုံတွေကို ပြောင်းနိုင်မှုစတဲ့လုပ်ဆောင်ချက်တွေအကုန်တူညီပေမယ့်၊ Prisma ပြောင်းထားတဲ့ပုံတွေကို save တိုက်ရိုက်လုပ်လို့မရသေးတာ တွေ့ရပါတယ်။ အကယ်၍ Save လုပ်ချင်ရင် Share နေရာကနေ ဖုန်း local storage တစ်ခုခုကိုရွေးပြီး၊ Save နိုင်ပါတယ်။

Prima တရားဝင်ဗားရှင်းကို ဒီနေရာကနေ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ သင့်အနေနဲ့ ကျွန်တော်တို့ရဲ့ Prisma App ကို စမ်းသပ်ထားတဲ့ Article ကိုဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါသေးတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com