7/27/2016

Samsung Galaxy A5 SM-A510F ဖုန်းဗားရှင်း Android 5.1.1 Root လုပ်နည်း - by CHAN LAY (MCMM)





Samsung Galaxy A5 SM-A510F ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက်
ဗားရှင်း Android 5.1.1 Root လုပ်နည်းကို ထပ်တင်ပေးလိုက်ပါတယ်။
ဒီနေ့အရောက်မှာဆိုရင်တော့ ဗားရှင်း Android 5.1.1 Root လုပ်နည်းက
လွယ်ကူနေပါပြီ၊ One Click ဖြင့် ပြီးတာကိုပဲ အကြိုက်တွေ့နေကြတဲ့ သူတွေအတွက်ပေါ့

ဒီဖုန်းအတွက် Android 5.1.1 ကို နာမည်ကြီး CF-auto Root ကထွက်ရှိပြီးသားပါ
Odin ကိုအသုံးပြုပြီးအလွယ်တကူ Root လုပ်ယူနိုင်ပါတယ်၊ 100% နှုန်းသေချာပါတယ်။

  မှတ်ချက်

=====
#ဖေါ်ပြပါ နည်းလမ်းသည် Galaxy A5 SM-A510F အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့

===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ

=========
၁။ ဖုန်းကို Root လုပ်ရန်အတွက် ကွန်ပျူတာ လိုအပ်ပါမည်။

၂။ Samsung Galaxy USB Driver

၃။ Odin Flash Tool

၎။ CF-Auto Roo File For Galaxy A5 SM-A510F



Samsung Android USB Driver for Windows


Download the latest Odin flashing Tool


CF-Auto-Root tool for the Samsung Galaxy A5 SM-A510F



    CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း

=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။

ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ

Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။

 ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ

Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။


Special Credit ===> ဇူးနစ်(နည်းပညာ)


( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net/