တရုတ် စမတ်ဖုန်းထုတ်လုပ်သူMeizu က ဘေဂျင်းမှာပွဲတစ်ခု ပြုလုပ်ပြီး MX6
ကိုမိတ်ဆက်လိုက်ပါတယ်။ သတ္တု ကိုယ်ထည်တပ်ဆင်ထားပြီး ၇.၂၅ မီလီ မီတာ
အထူရှိပါတယ်။ MX6 မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပြီး Sharp က
ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ MX6 မှာ Core ၁၀ လုံး တပ်ဆင်ထားတဲ့ Helio X20
Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။
Mali-T880MP4 GPU , 4GB RAM ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ Sony ရဲ့ IMX386 12MP Camera တပ်ဆင်ထားပြီး Phase-Detection Auto Focus နည်းပညာပါရှိပါတယ်။ အနောက်ဘက်ကင်မရာနဲ့ အတူ Flash ၂ ခု ကိုတွဲဖက် တပ်ဆင်ပေးထားပါတယ်။ MX6 ဟာအဲဒီကင်မရာကို ပထမဆုံး တပ်ဆင်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Meizu က ကင်မရာအရည်အသွေး ဟာ Galaxy S7 Series စမတ်ဖုန်းများရဲ့ ကင်မရာအရည်အသွေးကိုမီတယ်လို့ ပြောပါတယ်။ 32GB Internal Storage, 5MP Selfie Camera တပ်ဆင်ထား ပါတယ်။
SIM Card ၂ ခုထည့်သွင်းအသုံးပြု နိုင်ပါတယ်။ 4G LTE ဆက်သွယ်မှု ကိုထောက်ပံ့ပေးပါတယ်။ 3060mAh Battery တပ်ဆင်ထားပြီး လျင်မြန်စွာ အားသွင်း နိုင်တဲ့ နည်းပညာပါရှိပါတယ်။ Android Marshmallow ကို MeizuFlymeနဲ့ ပေါင်းစပ်ထားပါတယ်။
အညို၊ ရွှေ ၊ ငွေရောင်များ ထုတ်လုပ် ပေးထားပါတယ်။ တရုတ်မှာစတင် ရောင်းချမှာ ဖြစ်ပြီးယွမ် ၁၉၉၉ (၂၉၉ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။ စမတ်ဖုန်းအတွက် Loop Jacket နဲ့ LifeMe Bluetooth Speaker တို့ကိုလည်းရောင်းချပေးမှာပါ။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

www.pyaephyo.com