7/25/2016

“မိုဘိုင်းဒေတာနဲ့Opera”


Operaကbrowser တစ်မျိုးဖြစ်ပါတယ်။အင်တာနက်လောကထဲမှာ အတော် အသင့် နာမည်ရှိပါတယ်။ဒါပေမယ့်Page Loading မမြန်ပါဘူး။ ဒါကြောင့် လူသုံးနည်းပါတယ်။Extension များများစားစားမသုံးနိုင်တာကလည်း အကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။ဒါပေမယ့်မိုဘိုင်းလောကမှာတော့Opera ကအသုံးတည့်ပါတယ်။ဖိုင်အရွယ်အစားသေးတဲ့Opera mini ကdownload မြန်ပြီးlink ချိတ်ရလည်းလွယ်တာမို့အတော်လေးသုံးကြပါတယ်။အခု နောက်ဆုံးထွက်Opera နဲ့Opera mini တွေကAndroid စနစ်နဲ့အကောင်းဆုံး အလုပ်လုပ်ပြီးdata Com-pressionကောင်းပါတယ်။Download ဖိုင်တွေကို ချုံ့မပေးနိုင်ပေမယ့်Facebook အပါအ၀င်web page တွေရဲ့ဖိုင်အရွယ်အစား ကိုချုံ့ပေးနိုင်ပါတယ်။Extreme Compress ကိုသုံးရင်ဖိုင်အရွယ်အစားကို အများဆုံး (၉၀) ရာခိုင်နှုန်းအထိချုံ့ပေးနိုင်ပါတယ်။ချုံ့အားကောင်းလို့ ဖိုင်အရွယ်သေးသွားပေမယ့်ပုံတွေကကြည့်ဖြစ်ရုံအဆင့်ပဲရှိပါတယ်။စာတွေကတော့ကောင်းကောင်းဖတ်လို့ ရပါတယ်။Operaနဲ့Opera mini ကိုပိုပြီး အားကောင်းအောင်လုပ်ပေးတာကOpera Mix ပါ။Opera Max ကိုVPN လို့ ပြောပါတယ်။အင်တာနက်ပေါ်မှာISP ကသတ်မှတ်ထားတဲ့လမ်းကြောင်း အတိုင်းမသွားဘဲOpera website ကတစ်ဆင့်သွားစေပြီးdataပမာဏချုံ့ ပေးတာ ဖြစ်ပါတယ်။Android မှာသူနဲ့အကောင်းဆုံးတွဲဖက်အလုပ်လုပ် တာက Opera Mini ဖြစ်ပါတယ်။Web page တွေကြည့်တဲ့အခါမှာdataပမာဏကို
(၃၀-၇၀) ရာခိုင်နှုန်းချုံ့ပေးတယ်ဆိုတာတွေ့ရပါတယ်။တခြားbrowser တွေထဲမှာOpera နဲ့အကောင်းဆုံးအလုပ်လုပ်နိုင်တာကdolphin browser ပါ။
(၂၀-၅၀) ရာခိုင်နှုန်းအထိချုံ့ပေးပါတယ်။
Dataပမာဏကိုချုံ့ပေးတယ်ဆိုတဲ့နေရာမှာWeb page ရဲ့ဖိုင်အရွယ်အစား ကိုပဲချုံ့ပေးတယ်ဆိုတာသတိပြုရပါမယ်။အကောင်းဆုံးအလုပ်လုပ်ပေးတဲ့ application တွေရဖို့Android စနစ်မှာဆိုရင်Play Store ထဲဝင်ပြီးdownload ချရပါမယ်။တခြားwebsite တွေထဲမှာversion အနိမ့်တွေပဲရှိပြီးတချို့ဆိုရင် data compression စနစ်တောင်မပါပါဘူး။Webpage တွေမှာdata compression အားကောင်းတဲ့အတွက်Opera သုံးမယ်ဆိုရင်မိုဘိုင်းဒေတာ ပမာဏအတော်သက်သာပါတယ်။Webpage ကိုမှီပြီးစာရေးမယ့်လူတွေ အတွက်သိပ်ပြီးအဆင်ပြေပါတယ်။ဒါကြောင့်Opera ရဲ့data compression စနစ်Windows တွေပေါ်ရောက်လာပါစေလို့ကျွန်တော်ဆုတောင်းခဲ့ဖူးပါတယ်။
Windowsမှာသုံးတဲ့Opera browser မှာturbo mode ဆိုတာပါတယ်။ အင်တာနက်သိပ်ပြီးနှေးတဲ့အခါwebpage တွေကိုချုံ့ပြီးဆွဲချပေးမှာမို့page loading မြန်ပါစေ့မယ်ဆိုပြီးOpera team ကပြောခဲ့ဖူးတယ်။ဒါပေမယ့် ၂၀၁၀ လောက်ကမိုဘိုင်းအင်တာနက်သုံးတော့Windows ထဲကOpera browser ဟာထင်သလောက်page loading မမြန်ပါဘူး။ဒါ့အပြင်အရင်အင်တာနက်က မိနစ်နဲ့သုံးတဲ့စနစ်ဖြစ်လို့dataပမာဏကျုံ့ခဲ့တယ်ဆိုရင်လည်းဒီအကျိုးကျေးဇူးကိုမမြင်နိုင်ပါဘူး။အင်တာနက် ဟာအရင်တုန်းကသိပ်ပြီးနှေးလို့Opera ကPage loading မြန်အောင်မလုပ်ပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။အခုတော့ ကောင်းခြင်း များစွာနဲ့desktop PC သုံးOpera browser ရောက်လာပါပြီ။ သူ့စွမ်းဆောင်ရည်အပြည့်အစုံကdeveloper version မှာပဲရနိုင်သေးပြီး မကြာခင်မှာသာမန်သုံးOpera browser stable ဖြစ်လာရင်အဲဒီ စွမ်းဆောင်ချက် အားလုံးရပါစေမယ်လို့ပြောထားပါတယ်။ မစောင့်နိုင် တဲ့သူ တွေကOpera developer browser ကို(www.opera.com/developer)ကနေ download ချပြီးသုံးနိုင်ပါတယ်။ဒီလကုန်လောက်ဆိုOpera Stable Version ထွက်ပြီးdeveloper version ကစွမ်းဆောင်ချက်တွေကိုသုံးနိုင်ပါမယ်။
Opera browserဟာပညာရှင်အများစုချီးကျူးရလောက်အောင်ဘာတွေ ပိုကောင်းလာသလဲ။ဟုတ်ကဲ့dataပမာဏအကန့်အသတ်မဲ့သုံးနိုင်တဲ့VPN ဟာOpera ရဲ့ထူးခြားချက်လို့ဆိုနိုင်ပါတယ်။များသောအားဖြင့်အခမဲ့VPN တွေကတစ်လတာအခမဲ့သုံးနိုင်မယ့်data ပမာဏကိုကန့်သတ်လေ့ရှိပါတယ်။ Opera ရဲ့VPN ကိုသုံးရင်Public Wi-fiနဲ့အင်တာနက်ချိတ်တဲ့အခါကိုယ်ရေး အချက်အလက်တွေကိုအကာအကွယ်ပေးပါမယ်။ဒါ့အပြင်လက်ရှိသုံးတဲ့နေရာကိုလွှဲပြီးဖော်ပြနိုင်လို့တခြား အခွင့်ထူးတွေလည်းရစရာရှိလာပါတယ်။ပြောရရင်ဖြင့်နိုင်ငံတစ်နိုင်ငံအတွက်အကန့်အသတ်နဲ့ရနိုင်တဲ့ content တွေဟာနိုင်ငံ တည်နေရာပြောင်းပြလိုက်တာနဲ့ရနိုင်တဲ့content များလာတာမျိုးပါ။ မြန်မာနိုင်ငံအတွက်Play Store ခွင့်မပြုခင်မှာVPN ကတစ်ဆင့်account လုပ်ပြီးဝင်သုံးတာမျိုး ဖြစ်ပါတယ်။VPNကိုactivate လုပ်မယ်ဆိုရင် browser ရဲ့setting page ကိုဖွင့်ရပါမယ်။ပြီးရင်privacy & security ကိုရွေးရပါမယ်။ ပြီးရင်Enable VPN ဘေးကအကွက်မှာအမှန်ခြစ်ပေါ်အောင်ကလစ်နှိပ်ရပါ မယ်။အဲဒီနောက်ပိုင်းWebpage တစ်ခုကိုခေါ်တင်လိုက်တဲ့အခါaddress bar ဘေးမှာအပြာရောင်VPN button လေးပေါ်လာပါမယ်။အဲဒီbutton ကိုနှိပ်ပြီး Virtual IP address နဲ့location ကိုကြည့်နိုင်ပါတယ်။VPN ထဲမှာပေးထားတဲ့ Switch ကိုသုံးပြီးVPN ကိုon/off လုပ်နိုင်ပါတယ်။အဲဒါနဲ့အတူကိုယ်သုံးလိုက်တဲ့ dataပမာဏကိုပါကြည့်နိုင်ပါတယ်။ဒါမှမဟုတ်အဲဒီbutton ကနေdrop-down menu ကိုခေါ်ပြီးlocation ပြောင်းနိုင်ပါတယ်။Androidအတွက်VPN ကOpera မှာမပါသေးပေမယ့်iOSအတွက်VPN ပါတဲ့application ရပါပြီ။iPhone နဲ့iPad မှာမသုံးရဆိုတဲ့Content တွေကိုအင်တာနက်ပေါ်ကနေယူလို့ရပါပြီ။Virtual Location ကိုတော့အမေရိကန်၊ကနေဒါ၊ဂျာမနီ၊နယ်သာလန်နဲ့ စင်ကာပူ တို့ကို ပဲပေးထားပါတယ်။ဒီapplication မှာကကြော်ငြာနဲ့tracking ပိတ်ဆို့တဲ့ စနစ် တွေပါလာပါတယ်။default အနေနဲ့အဲဒီblocker ကိုon ထားပါတယ်။
ကြော်ငြာတွေပိတ်ထားတဲ့အတွက်ထူးခြားချက်ကdataပမာဏသက်သာသွားတာဖြစ်ပြီးpage loading ကိုလည်း မြန်လာစေပါတယ်။Opera VPN ကိုဖွင့်ပြီး screen ပေါ်ကညွှန်ကြားချက်တွေအတိုင်းလိုက်လုပ်ရုံနဲ့အလွယ်တကူသုံး နိုင်ပါတယ်။ကွန်ပျူတာပေါ် မှာတွေ့လာရမယ့်Opera browser သစ်ရဲ့ ထူးခြား ချက်ကad-blocker လို့ခေါ်တဲ့ကြော်ငြာပိတ်ဆို့ရေးစနစ်စပြီးပါလာတာ ဖြစ်ပါ တယ်။ဒါကြောင့်add-on တွေထပ်ထည့်စရာမလိုဘဲကြော်ငြာတွေပိတ်နိုင်ပါ တယ်။Built-in and blocker ကကြော်ငြာတွေကိုစောစောစီးစီး ဖြတ်ပိတ်နိုင် တဲ့အတွက်Adblockerမပါတဲ့browser တွေထက်စာရင်page loading (၉၀)ရာခိုင်နှုန်းပိုမြန်ပါတယ်။ကြော်ငြာပိတ်ဖို့အတွက်Opera Setting Page ကို ခေါ်တင်ပါ။ပြီးရင်Block ads and surf the web up to three time faster ဘေးကအကွက်ထဲမှာအမှန်ခြစ်ပေါ်အောင်ကလစ်နှိပ်ပေးရပါမယ်။ကြော်ငြာပြတာကိုခွင့်ပြုချင်တဲ့ site တွေအတွက်white list ကိုသုံးပြီးခွင့်ပြုနိုင်ပါတယ်။ Opera မှာspeed test button လည်းပါတယ်။ad-blocker ကြောင့်page loading ဘယ်လောက်ပိုမြန်လာတယ်ဆိုတာကြည့်နိုင်ပါတယ်။Opera browser ရဲ့အကျိုးထူးကိုအများဆုံးခံစားရမှာကLaptop ကွန်ပျူတာတွေပါ။ နောက်ဆုံးထုတ်stable version opera မှာbattery saver ဆိုတာပါလာပါ မယ်။Laptop ဘက်ထရီအသုံးစံချိန်ကို (၅၀) ရာခိုင်နှုန်းအထိ မြှင့်တင်ပေး နိုင်မယ်လို့ဆိုထားပါတယ်။Battery Saver ကSystem အတွက်မရှိမဖြစ် မလိုတဲ့process တွေကိုပိတ်ပေးပါမယ်။မလိုအပ်တဲ့browser activity တွေ ကိုလည်းပိတ်ပေးပါမယ်။ဒါကြောင့်ဘက်ထရီတစ်ကြိမ်အားသွင်းပြီးOpera browser နဲ့သုံးရင်တခြားbrowser တွေမှာထက်Laptop ကိုပိုပြီးကြာကြာ သုံးနိုင်ပါမယ်။ဒါတင်ဘယ်ကမှာလဲ။ကွန်ပျူတာရဲ့အပူချိန်ကို၃°Cကနေအထက်လည်းလျော့ကျစေနိုင်ပါသေး တယ်။Laptop ကိုဘက်ထရီနဲ့သုံးရင်address bar ဘေးမှာ battery icon ပေါ်လာပါမယ်။အဲဒီအပေါ်မှာကလစ်နှိပ်ပြီးPower saving ကိုonလို့ရပါတယ်။

နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com