7/26/2016

♪ Huawei P9 review ♫

p9 scarlett

ကမ္ဘာ့တတိယစမတ်ဖုန်းထုတ်လုပ်ရောင်းချရမှု အများဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ကုမ္ပဏီဟာ စမတ်ဖုန်း ဓါတ်ပုံနည်းပညာရဲ့ ပြန်လည်ဆန်းသစ်မှုတစ်ခုဖြစ်တဲ့ Huawei P9 စမတ်ဖုန်းကို ၂၀၁၆ ခုနှစ် ဧပြီလ ၆ရက်နေ့က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ မိတ်ဆက်မှုပြုလုပ်ခဲ့ပါတယ်။ Huawei P9 ကို နိုင်ငံတကာ မီဒီယာများက ကင်မရာအကောင်းဆုံး စမတ်ဖုန်းတစ်လုံးအဖြစ် သတ်မှတ်ခဲ့ကြတဲ့အပြင် Digital Media များရဲ့ High Rating ပေးခြင်းခံရတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာပါတယ်။ ၂၀၁၆ခုနှစ်နှစ်စကစပြီး ယခုအချိန်အထိ စမတ်ဖုန်းကုမ္ပဏီများမှ ထုတ်လုပ်ခဲ့တဲ့ ထူးခြားဆုံးစမတ်ဖုန်းများထဲမှာလည်း ပါဝင်နေပါတယ်။ အသစ်ထွက်ရှိလာတဲ့ Huawei P9 ဟာ နိုင်ငံတကာက ပြောစမှတ်ပြုရလောက်တဲ့အထိ ကောင်းမွန်ရတဲ့အကြောင်းရင်းတွေ ကို လေ့လာကြည့်ရအောင်။
p9 Co-engineered with Leica
Co-engineered with Leica
Huawei P9 ရဲ့ အထူးခြားဆုံးအချက်တစ်ချက်ကိုပြောရမယ်ဆိုရင် နှစ်ပေါင်း၁၀၀ရာကျော်သက်တမ်းရှိ ဂျာမနီအခြေစိုက် ကင်မရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Leica နဲ့ ပူးပေါင်းပြီးထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး Professional DSLR ကင်မရာတွေထုတ်လုပ်တဲ့ Leica ကုမ္ပဏီဟာ ၎င်းတို့ရဲ့ ပြိုင်ဘက်ကင်း မှန်ဘီလူးနှစ်လုံးကို Huawei P9 ရဲ့ အနောက်ကင်မရာနှစ်ခုအတွက် ထုတ်လုပ်တပ်ဆင်ပေးထားပါတယ်။ ယခုလိုတပ်ဆင် အသုံးပြုထားခြင်းဟာ Leica အတွက်သာမက Huawei အတွက်ပါ စမတ်ဖုန်းလောကမှာ ပထမဦးဆုံးအနေနဲ့ စမတ်ဖုန်းမှာ DSLR အဆင့်ရှိ မှန်ဘီလူးနှစ်လုံး ပေါင်းစပ်အသုံးပြုခြင်းဖြစ်ပါတယ်။
Huawei P9 မှာ အသုံးပြုထားတဲ့ Leica မှန်ဘီလူးတစ်လုံးစီမှာ ကွဲပြားခြားနားတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ ပင်မကင်မရာမှာ 12 megapixel အရည်အသွေးရှိပြီး RGB sensor နှင့် အလင်းဝင်ပေါက် F2.2 အပါချာ တို့ပါဝင်ကာ ပုံရိပ်ရဲ့အရောင်ကို အဓိကဖမ်းယူတဲ့လုပ်ဆောင်ချက်ကို ဆောင်ရွက်ပေးပါတယ်။ ဒုတိယကင်မရာမှာလဲ 12 megapixel အရည်အသွေးရှိပြီး Monochrome sensor နဲ့ အလင်းဝင်ပေါက် F2.2 အပါချာတို့ပါဝင်ပါတယ်။ Monochrome sensor ဟာ ပုံရိပ်ကို အဖြူအမဲအရောင်နဲ့ အနုစိတ်ကြည်လင်ပြတ်သားမှုကို အသားပေးဖမ်းယူပေးပါတယ်။ RGB sensor ကင်မရာကပုံရိပ်နဲ့ Monochrome sensor ကင်မရာက ပုံရိပ်တို့ ပေါင်းစည်းလိုက်တဲ့အခါ အလွန်တောက်ပပြီး ကြည်လင်ပြတ်သားလှတဲ့ ဓါတ်ပုံကောင်းတစ်ပုံရရှိလာပါတယ်။
dual lens



အထက်မှာ ဖော်ပြထားသလို အလွန်တောက်ပပြီး ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေရရှိစေဖို့အတွက် Leica မှန်ဘီလူးနှစ်လုံးနဲ့သာ မလုံလောက်သေးပါဘူး။ Pixel size 1.25um ရှိတဲ့ SONY ရဲ့နောက်ဆုံးပေါ် IMX286 sensor က ပုံရိပ်ရဲ့အလင်းရရှိမှုများပြားစေဖို့ ပံ့ပိုးလုပ်ဆောင်ပေးတဲ့ အဓိကအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဓါတ်ပုံကောင်းတစ်ပုံရိုက်ကူးရာမှာ focus လုပ်ချိန်မြန်ဆန်မှုကလဲ အလွန်အရေးပါလှပါတယ်။ Huawei P9 မှာ Hybrid Autofocus စနစ်ကို အသုံးပြုထားပါတယ်။ Hybrid Autofocus စနစ်ရဲ့နည်းပညာတစ်ခုဖြစ်တဲ့ Depth Focus ဟာ ကင်မရာနှစ်လုံးက ပုံရိပ်နဲ့ ကင်မရာအကြားက အကွာအဝေးတွေကို တိုင်းတာပေးကာ အဝေးမှာရှိတဲ့ အရာဝတ္ထုတွေကို focus ချိန်ယူခြင်းဖြစ်ပြီး Laser Focus ဆိုသည်မှာ P9 ရဲ့ကင်မရာဘေးမှာ ပါဝင်တဲ့ laser sensor နဲ့ အနီးနားရှိ လူနဲ့ အရာဝတ္ထုတွေကို focus ချိန်ယူခြင်းဖြစ်ပါတယ်။ Hybrid Autofocus က ၎င်းတို့နှစ်ခုကို တစ်ချိန်တည်းမှာပင် ပြိုင်တူ focus လုပ်ဆောင်စေတာကြောင့် ဓါတ်ပုံရိုက်ကူးရာမှာ အလွန်တန်ဖိုးရှိတဲ့ အခိုက်အတန့်လေးတစ်ခုကိုမျှ မလွတ်အောင် အချိန်မှီမှတ်တမ်းတင် ရိုက်ကူးပေးနိုင်ပါတယ်။

sensor

ထိုသို့သော ပေါင်းစည်းရိုက်ကူးမှုတွေကို တိုတောင်းလှတဲ့အချိန်အတွင်း CPU တစ်ခုတည်းနဲ့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သော်လည်း ပိုမိုမြန်ဆန်တဲ့ လုပ်ဆောင်ချိန်ကိုရရှိစေဖို့ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးရာမှာ သီးသန့် processor နှစ်လုံးဖြစ်တဲ့ ISP (Image Signal Processor) နဲ့ DSP (Digital Signal Processor) တို့ကို ထည့်သွင်းအသုံးပြုထားတာကြောင့် ဓါတ်ပုံနဲ့ ဗီဒီယိုများရိုက်ကူးချိန်တိုင်းမှာ အလွန်လျင်မြန်တဲ့အရှိန်နဲ့ လုပ်ငန်းပြီးမြောက်အောင် စွမ်းဆောင်ပေးပါတယ်။
Digital Signal Processor
Huawei P9 ရဲ့ ကင်မရာ app ကို Leica professional ကင်မရာတစ်လုံးအသုံးပြုနေရသလို ခံစားမှုမျိုးရရှိစေဖို့ Leica ကင်မရာမှာ အသုံးပြုတဲ့ UI, ဖောင့်စတိုင်လ်နှင့် shutter sound တို့ကို Huawei P9 မှာ ထည့်သွင်းအသုံးပြုထားပါတယ်။

Camera Functions
ဓါတ်ပုံဝါသနာရှင်တွေအတွက် မတူညီတဲ့ဓါတ်ပုံအတွေ့အကြုံတွေရရှိစေဖို့ film mode သုံးမျိုးကိုထည့်သွင်းပေးထားပါတယ်။ ပုံမှန်ရိုက်ကူးဖို့အတွက် Standard mode၊ အရောင်အသွေးပိုမိုရွန်းလဲ့တောက်ပစေတဲ့ Vivid mode နဲ့ ချောမွေ့လှပတဲ့ အရောင်အသွေးတွေကို ဖော်ဆောင်ပေးတဲ့ Smooth mode တို့နဲ့ ပုံရိပ်တွေကို ရသမြောက်အောင် ရိုက်ကူးပေးနိုင်ပါတယ်။
film mode
Wide Aperture
Huawei P9 မှာ ကင်မရာနှစ်လုံးအသုံးပြုရခြင်းရဲ့ အကျိုးရလဒ်တစ်ခုကတော့ wide aperture ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ကူးနေစဉ်အတွင်းမှာပင် ရိုက်ကူးတဲ့ လူ(သို့) အရာဝတ္ထုတစ်ခုကိုသာ focus လုပ်ပြီး ကျန်အရာတွေကို ဝေဝါးနေအောင် ပြုလုပ်နိုင်ပါတယ်။ ဓါတ်ပုံရိုက်ကူးပြီးပါက focus လုပ်ထားတဲ့နေရာကို မနှစ်သက်ရင်လဲ မိမိကြိုက်နှစ်သက်ရာနေရာကို ပြန်လည် focus ချိန်ယူနိုင်ပါတယ်။
Wide Aperture
Professional Mode
Professional ကင်မရာတစ်လုံးရဲ့လုပ်ဆောင်ချက်တွေဖြစ်တဲ့ ISO၊ Shutter speed၊ Exposure၊ Focus၊ White balance အစရှိတာတို့ ပါဝင်တဲ့အတွက်ကြောင့် မိမိလက်ထဲမှာ Professional DSLR ကင်မရာတစ်လုံးကိုင်ဆောင်ထားရသလို ပုံရိပ်တွေကို လိုအပ်သလို ချိန်ညှိရိုက်ကူးနိုင်ပါတယ်။ ရိုက်ကူးထားတဲ့ဓါတ်ပုံတွေကိုလဲ photo editing software တွေနဲ့ မိမိကိုယ်တိုင် လိုအပ်သလို ထပ်မံပြုပြင်ပြောင်းလဲနိုင်တဲ့ RAW output နဲ့လဲ ထုတ်ယူနိုင်တာကြောင့် ဓါတ်ပုံဆရာတွေအကြိုက်တွေ့စေမှာပါ။
Professional Mode
Leica Monochrome Mode
သာမန်ဖုန်းတစ်လုံးမှာပါဝင်တဲ့ ကင်မရာဟာ monochrome (အဖြူအမဲ) ဓါတ်ပုံများရိုက်ကူးရာမှာ အရောင်အသွေးစုံလင်စွာဖြင့် ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို အရောင်တွေနဲ့ ထပ်ဆင့်အဖြူအမဲပြောင်းလဲလိုက်တဲ့အတွက် ပုံရိပ်ရဲ့ အနုစိတ်အရည်အသွေးနဲ့ အရောင်အရည်အသွေးကျဆင်းသွားပါတယ်။ Huawei P9 မှာ အသုံးပြုထားတဲ့ ကင်မရာနှစ်လုံးအနက် တစ်လုံးမှာ Leica monochrome မှန်ဘီလူးဖြစ်တာကြောင့် ရိုက်ကူးနေတဲ့အချိန်မှာပင် အဖြူအမဲနှင့်သာ ရိုက်ကူးနိုင်တဲ့အပြင် ရိုက်ကူးရရှိလာတဲ့ ပုံရိပ်တွေမှာလဲ အလွန်အနုစိပ်ပြီး အလင်းအမှောင်မှန်ကန်မှုရှိတဲ့အတွက် ဂန္တ၀င်ဆန်တဲ့ပုံရိပ်တွေကို ရရှိနိုင်ပါတယ်။
Leica Monochrome Mode
ဖုန်းရဲ့အရှေ့မှာ 8 megapixel အရည်အသွေးရှိတဲ့ ကင်မရာကိုထည့်သွင်းအသုံးပြုထားပါတယ်။ မြင်ကွင်းကျယ် selfie ရိုက်ချက်များရိုက်ကူးနိုင်တဲ့အပြင် မိမိရဲ့မျက်နှာပြင်လေးကို အမြဲလှပနေစေမယ့် Beauty mode နှင့် Perfect selfie၊ ဓါတ်ပုံပေါ်မှာ ခေတ်မှီဆန်းသစ်တဲ့ sticker လေးတွေ ထည့်သွင်းရိုက်ကူးနိုင်တဲ့ Watermark mode၊ ဓါတ်ပုံရိုက်ကူးပြီး ၁၀စက္ကန့်စာ အသံသွင်းထားနိုင်တဲ့ Audio note နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုကို လျင်မြန်သောအရှိန်နဲ့ ကြည့်ရှုနိုင်မယ့် Time-lapse mode တို့ကို ပေါင်းဆက်ထည့်သွင်းထားတာကြောင့် သင့်ရဲ့ selfie အတွေ့အကြုံတွေဟာ ပိုမိုပျော်စရာကောင်းလာမှာ အမှန်ပါ။
Light painting mode
Huawei P9 မှာ P8 ရဲ့ ထူးခြားတဲ့ဓါတ်ပုံတွေကိုရိုက်ကူးနိုင်စွမ်းတစ်ခုဖြစ်တဲ့ Light painting mode ကို ထပ်မံထည့်သွင်းပေးထားပါတယ်။ Light painting mode မှာ လမ်းမထက်မှာ လှုပ်ရှားသွားလာနေတဲ့ ကားတွေရဲ့ မီးရောင်တွေကို ဖမ်းယူရိုက်ကူးနိုင်တဲ့ Tail light၊ အလင်းပန်းချီရေးဆွဲနိုင်တဲ့ Light graffiti၊ စမ်းချောင်းနဲ့ ရေတံခွန်တို့မှာ စီးဆင်းနေတဲ့ ရေစီးကြောင်းတို့ကို ချောမွေ့ပြီး အသက်ဝင်အောင်ပြုလုပ်ပေးနိုင်တဲ့ Silky water နဲ့ ညအခါမှာ ကြယ်တာရာတို့ရဲ့ သွားရာလမ်းကြောင်းကို ရေးဆွဲဖော်ပြပေးနိုင်တဲ့ Star track အစရှိတဲ့ sub menu (၄)မျိုး ပါဝင်ပါတယ်။ ထိုလုပ်ဆောင်ချက်များကို Leica မှန်ဘီလူးအသုံးပြုရိုက်ကူးချက်တွေကြောင့် P8 ထက်ပင် ပိုမိုကြည်လင်တောက်ပတဲ့ ဖန်တီးမှုဓါတ်ပုံတွေကို ရရှိစေပါတယ်။
Huwei P9 ဟာ ကင်မရာဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက်တွေနဲ့ပင် အလွန်စိတ်ဝင်စားစရာကောင်းတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် စာရင်းဝင်နှင့်ပြီးဖြစ်ပါတယ်။ သို့သော်လည်း Huawei က ၎င်းရဲ့ တီထွင်ဆန်းသစ်မှုတွေကို Leica မှန်ဘီလူးနဲ့တင် အဆုံးသတ်သွားသည်မဟုတ်ပါ။ Huawei P9 ရဲ့ ကိုယ်ထည်ကို ပါးလွှာတဲ့ သတ္တုအတိနဲ့ ပြုလုပ်ထားတဲ့အပြင် စခရင် display ကိုလဲ 2.5D Gorilla Glass 4 ကို အသုံးပြုဖုံးအုပ်ထားတာကြောင့် အကြမ်းခံမှုရှိတဲ့အပြင် လူတိုင်းရဲ့အမြင်အာရုံကို ဖမ်းစားထားနိုင်ပါတယ်။ လက်ထဲမှာဆုပ်ကိုင်ထားရာတွင် ဘယ်ဖုန်းနဲ့မှမတူတဲ့ ခံစားချက်အသစ်ကို ပေးစွမ်းနိုင်ပါတယ်။
Display
Huawei P9 ရဲ့ စခရင်မျက်နှာပြင်မှာ 5.2” ရှိပြီး FHD resolution (1920×1080) နဲ့ ဖော်ပြပေးနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ Hollywood movie တွေမှာအသုံးပြုလေ့ရှိတဲ့ color gamut စနစ်ကို အသုံးပြုထားခြင်းပဲဖြစ်ပါတယ်။ Color gamut ဆိုတာကတော့ ဖန်သားပြင်ပေါ်မှာ ဖော်ပြပေးတဲ့ အရောင်နဲ့ ပြင်ပမှာ အမှန်တကယ်မြင်တွေ့ရတဲ့အရောင်တွေရဲ့ မှန်ကန်မှုအချိုးအစားပဲဖြစ်ပါတယ်။ Huawei P9 မှာ 96% color gamut ပါဝင်တာကြောင့် ပြင်ပအရောင်တွေနဲ့ အနီးစပ်ဆုံးဖော်ပြပေးနိုင်တဲ့အပြင် စခရင်အလင်းပေးနိုင်စွမ်းကို ယခင်ထက် 10% ပိုမိုများလာတဲ့အတွက် ပုံရိပ်တွေကို အရောင်အသွေးတောက်ပစွာနဲ့ ကြည်လင်ပြတ်သားစွာ ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။
Display
Chipset

Huawei ပိုင် Chipset ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Hisilicon က တီထွင်ဖန်တီးထားတဲ့ နောက်ဆုံးပေါ် 16nm FinFET Plus နည်းပညာနဲ့ Kirin 955 chipset ကို Huawei P9 မှာ ထည့်သွင်းအသုံးပြုထားပါတယ်။ Kirin 955 ကို စွမ်းဆောင်ရည်နဲ့ စွမ်းအင်ချွေတာရေးတို့ကို ဦးစားပေးပုံဖော်ထားတဲ့ big.LITTLE architecture ကို အသုံးပြုထားတဲ့ Quad-core 2.5GHz နဲ့ Quad-core 1.8GHz တို့ပေါင်းစပ်ထားတဲ့ Octa-core CPU ကို အသုံးပြုထားပါတယ်။ GPU အနေဖြင့် 3D ဂိမ်းများနဲ့ 3D app များကို အထစ်အငေါ့မရှိ အသုံးပြုနိုင်တဲ့ Mali-T880 ကိုထည့်သွင်းထားပါတယ်။ Sensor အချက်အလက်တွေနဲ့ သေးငယ်တဲ့ လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်ဖို့အတွက် သီးသန့် i5 co-processor တစ်လုံးကိုလဲ တပ်ဆင်ပေးထားပါတယ်။ ကင်မရာလုပ်ဆောင်ချက်တွေအတွက်လဲ ISP (Image Signal Processor) နဲ့ DSP (Digital Signal Processor) တို့ကို chipset အတွင်းမှ တပါတည်း ထည့်သွင်းထားပါတယ်။ ထိုကဲ့သို့ hardware ပိုင်းဆိုင်ရာအဆင့်မြှင့်တင်မှုတွေနဲ့ နောက်ဆုံးပေါ်နည်းပညာတို့နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာကြောင့် မိမိရဲ့လုပ်ငန်းတာဝန်တွေကို Huawei P9 က ပေါ့ပါးသွက်လက်မြန်ဆန်စွာ ဆောင်ရွက်ပေးသွားမှာပါ။Chipset
New Generation Fingerprint Sensor
Huawei က ထုတ်လုပ်တဲ့ P စီးရီးစမတ်ဖုန်းတွေမှာ P9 ဟာ လက်ဗွေရာစနစ်ကို ပထမဦးဆုံးအသုံးပြုထားတဲ့ ဖုန်းဖြစ်ပါတယ်။ Fingerprint sensor method တွေထဲမှာ နောက်ဆုံးပေါ်စနစ်တစ်ခုဖြစ်တဲ့ လက်ဗွေရာကောက်ကြောင်းများ၊ ဖွဲ့စည်းတည်ဆောက်ပုံများကိုသာမက လက်ဗွေရာ အတိမ်အနက်ကိုပါ စကန်ဖတ်ယူတဲ့ 3D ridge depth recognition စနစ်ကိုအသုံးပြုထားတဲ့အတွက် စမတ်ဖုန်းအချက်အလက်တွေကို အမြင့်မားဆုံးသောလုံခြုံမှုတို့ကိုပေးစွမ်းနိုင်ပါတယ်။ ထိုမျှသာမက ဖုန်းရဲ့ fingerprint နဲ့ ဖုန်းလက်ခံခြင်း၊ နိုးစက်ပိတ်ခြင်း၊ ဓါတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးရာမှာ shutter ခလုတ်အဖြစ်အသုံးပြုခြင်း၊ notification panel ဆွဲချခြင်း၊ notification များကိုဖျက်ခြင်း၊ ဓါတ်ပုံများကိုကြည့်ရှုခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေလဲ ပါဝင်ပါတယ်။
New Generation Fingerprint Sensor

Signal+
Huawei P9 မှာ ကမ္ဘာ့ပထမဦးဆုံး Triple-Antenna စနစ်ကို ကျင့်သုံးထားပါတယ်။ ဖုန်းအပေါ်ဘက်မှာ အင်တင်နာတိုင် တစ်တိုင်၊ ဖုန်းအောက်ခြေမှာ ပူးတွဲအင်တင်နာတိုင် နှစ်တိုင် ပါဝင်တာကြောင့် ဖုန်းလိုင်းဆွဲအားနည်းခြင်း၊ ဖုန်းအင်တင်နာတိုင်ကို လက်ဖြင့်ဖုံးအုပ်မိတာကြောင့် လိုင်းမမိခြင်း တို့ရန်က ကင်းဝေးစေတဲ့အပြင် အင်တင်နာတိုင် တစ်တိုင်ကနေတစ်တိုင်ကို လိုင်းပြောင်းလဲအသုံးပြုချိန်မှာ လိုင်းကျခြင်း၊ ပြတ်တောက်ခြင်းများလဲ မရှိနိုင်ပါ။ Huawei P9 ကို 4G band ၁၈ခု၊ 3G band ၉ခုနှင့် 2G band ၅ခုတို့ကို ထောက်ပံ့ပေးထားတာကြောင့် နိုင်ငံပေါင်း ၂၁၇နိုင်ငံရှိ Operator ၁၃၃၄ခုတို့ ထောက်ပံ့ပေးထားတဲ့ လိုင်းများနှင့် အဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။Signal+
Battery
Huawei P9 မှာ 3000mAh ပမာဏရှိတဲ့ ဘက်ထရီကိုထည့်သွင်းထားတဲ့အပြင် ပါဝါသုံးစွဲမှုနည်းပါးတဲ့ 16nm FinFET Plus chipset နဲ့ စွမ်းအင်ချွေတာရေးနည်းပညာတို့ကြောင့် P9 ကို အနည်းဆုံး၂၄နာရီဆက်တိုက် အသုံးပြုနိုင်ပါသည်။ USB Type C အသုံးပြုထားတာကြောင့် ၁၀မိနစ်ခန့် အားသွင်းရုံနဲ့ ၅နာရီဆက်တိုင်ဖုန်းခေါ်ဆိုမှုပြုနိုင်တဲ့အပြင် အားသွင်းနှုန်းမှာလဲ သာမန် USB ကြိုးထက် ၂ဆခန့် ပိုမိုမြန်ဆန်လာတာကို တွေ့ရမှာပါ။
Battery
Operating System
Google ရဲ့ နောက်ဆုံးထွက် OS အမျိုးအစားဖြစ်တဲ့ Android 6.0 (Marshmallow) ကို Huawei P9 မှာ ထည့်သွင်းပေးထားပြီး Huawei ကိုယ်ပိုင် UI (User Interface) ဖြစ်တဲ့ EMUI 4.1 ကိုလဲ တွဲဖက်အသုံးပြုထားပေးပါတယ်။
EMUI 4.1 မှာ Multi-Users စနစ်အသစ်တစ်ခုပါဝင်လာပါတယ်။ Huawei P9 မှာ user တစ်ယောက်ချင်းစီရဲ့ app များ၊ ဆက်သွယ်မှုများ၊ မက်ဆေ့ခ်ျများကို သီးခြားဖော်ပြပေးပါတယ်။ ဥပမာ- Owner user နဲ့ခေါ်ဆိုထားတဲ့ဖုန်းများ၊ ပို့ထားသောမက်ဆေ့ခ်ျများ၊ ရိုက်ထားသောဓါတ်ပုံများ၊ log-in ဝင်ထားသော Facebook နှင့် အခြားအကောင့်များကို အခြား user များအနေဖြင့် ပြောင်းလဲဝင်ရောက်လိုက်တဲ့အခါ စနစ်တစ်ခုလုံးအသစ်ပုံသဏ္ဍာန်ဖြစ်သွားပြီး owner user အသုံးပြုထားတဲ့အရာအားလုံးကို တွေ့ရတော့မှာမဟုတ်ပါဘူး။ Social app တွေကိုလဲ အကောင့် နောက်တစ်ခုနဲ့ ထပ်မံဝင်ရောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုမျှဝေသုံးစွဲတတ်သူတွေနဲ့ social app အကောင့်အများအပြားကို မိမိတစ်ယောက်တည်းအသုံးပြုလိုသူတွေအတွက် လွန်စွာမှအသုံးဝင်မှာပါ။
Operating System
Phone Manager app ထဲမှာလဲ ပါဝါသုံးစွဲမှုချွေတာရေးအထောက်အကူပြု “ROG power saving” ဟူသော စခရင်ရဲ့ FHD (1920×1080) resolution ကနေ HD (1280×720) resolution အဖြစ်ကို လျှော့ချအသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုကိုလဲ ထပ်မံထည့်သွင်းပေးထားပါတယ်။

အထက်ဖော်ပြပါအချက်တွေကိုကြည့်ခြင်းအားဖြင့် Huawei P9 ကို ဘာကြောင့်နိုင်ငံတကာက ပြောစမတ်ပြုလောက်တဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် သတ်မှတ်ခံရတယ်ဆိုတာ ပေါ်လွင်နေပြီဖြစ်ပါတယ်။ နိုင်ငံတဝှမ်းမှာ စတင်ရောင်းချတဲ့နေ့ကနေစပြီး ယခုထက်တိုင်ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလဲ Huawei P9 ကို ဇွန်လ ၁၈ရက်နေ့က ရန်ကုန်မြို့ Novotel hotel မှာ စတင်မိတ်ဆက်ခဲ့ပြီး ၂၅ရက်နေ့တွင် စတင်ရောင်းချခဲ့ပါတယ်။ Huawei P9 ကို Prestige Gold, Mystic Silver, Titanium Grey အစရှိသဖြင့် အရောင်သုံးရောင်ရွေးချယ်နိုင်ပြီး ၅၅၉,၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်းတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com