7/22/2016

♪ “Asus က Zenfone 3 Laser နဲ့ Zenfone 3 Max ကိုကြေညာ” ♫


Asus ရဲ့ Zenfone 3 Family ဟာ ကြီးမားလာပြီး အဖွဲ့ဝင် ၂ ဦးတိုးလာပါပြီ။ မေလတုန်းက Zenfone 3, Zenfone 3 Deluxe နဲ့ Zenfone 3 Ultra တို့ကို မိတ်ဆက်ခဲ့ပြီးယခုZenfone 3 Laser နဲ့ Zenfone 3 Max တို့ ထွက်ရှိလာပါ တယ်။ ဗီယက်နမ်နိုင်ငံမှာအထူးပွဲပြုလုပ်ကြေငြာခဲ့တာဖြစ်ပါတယ်။

Zenfone 3 Laser ဟာZenfone 2 Laser ရဲ့ မျိုးဆက်ဖြစ်တယ် လို့ သူ့ရဲ့ နာမည်ကဆိုလို နေပါတယ်။ Zenfone 3 Laser မှာ ၀.၀၃ စက္ကန့်အတွင်းမှာ Laser Auto Focus လုပ်နိုင်တဲ့ 13 MP PixelMaster 3.0 Camera တပ်ဆင်ထားပါတယ်။ Sony ရဲ့ IMX214 Sensor ဖြစ်ပါတယ်။ ကင်မရာမှာ Electronic Image Stabilization နဲ့ Color Correction Sensor လည်းပါဝင်ပါတယ်။

သတ္ထုကိုယ်ထည် တပ်ဆင် ထားပြီး ၅.၅ လက်မ Full HD Display ပါရှိပါတယ်။ မျက်နှာပြင်ကို 2.5D Glass နဲ့ ကာကွယ်ထားပါတယ်။ 4GB RAM, 32GB Internal Storage, Fingerprint Scanner တပ်ဆင်ထားပါတယ်။ 7.9mm အထူရှိပါတယ်။ ဗီယက်နမ်မှာတော့ ဗီယက်နမ်ငွေဒေါင် ၅,၉၉၀,၀၀၀ကျသင့်ပြီး ၂၆၈ ဒေါ်လာခန့် ကျသင့်မှာပါ။

Zenfone 3 Max မှာ 4100 mAhဘက်ထရီ ပါဝင်ပြီးဒါဟာ mAh များပေမယ့် မူလZenfone Max ရဲ့ 5000 mAhနဲ့စာရင် လျော့နည်းသွားပါတယ်။ Zenfone 3 Max ကိုလည်း သတ္ထုကိုယ်ထည်နဲ့ပဲ တည်ဆောက်ထားပြီး ၅.၂ လက်မ IPS LCD Touchscreen, 3GB RAM, 32GB Storage နဲ့ လျင်မြန်တဲ့ လက်ဗွေရာ စစ်ဆေးတဲ့စနစ်တို့ ပါဝင်ပါတယ်။ ဗီယက်နမ် ဒေါင် ၄,၄၉၀,၀၀၀ တန်ကြေး ရှိပြီး ၂၀၁ ဒေါ်လာ ၀န်းကျင် ကျသင့်မှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com