7/28/2016

♪ “Facebook ကသူ့ Mobile App ကနေ ဗီဒီယိုများဒေါင်းလုပ်လုပ်ခွင့်ပြုမည်” ♫


Facebook က Data ကုန်ကျစရိတ်နှင့် ကွန်နက်ရှင်ကျဆင်းမှုများ မရှိဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဗီဒီယို များ ဒေါင်းလုပ်လုပ်နိုင်ဖို့ နည်းလမ်းများ ရှာဖွေ နေပါတယ်။ Facebook က ဗီဒီယိုများကို Offline ကြည့်ရှုနိုင်အောင် ဒေါင်းလုပ် လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကိုစမ်းသပ်နေပါတယ်။

 ဒေါင်းလုပ်လုပ်ထားတဲ့ ဗီဒီယိုများကို Facebook App ကနေပဲ ကြည့်နိုင်မှာ ဖြစ်ပြီး Gallery ကနေ ဖျောက်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဗီဒီယိုများကိုအခြား Apps များနဲ့ မျှဝေလို့ မရအောင်လည်း ပြုလုပ်ထားမှာ ဖြစ်ပါတယ်။

“ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အင်တာနက်အသုံးပြုတဲ့အရေအတွက်ဟာ တစ်ရှိန်ထိုးများပြားလာနေပါပြီ။ အများစုကမိုဘိုင်းဖုန်းများကနေ အသုံးပြုကြတာဖြစ်ပါတယ်။ စွမ်းဆောင်ရည် နိမ့်တဲ့ ဖုန်းတွေကနေဗီဒီယိုများကို ကြည့်ရှုနိုင်ဖို့ အစဉ်တစ်စိုက် ကြိုးစား နေပါတယ်” လို့ Facebook က ရေးသားထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com