7/26/2016

♪ Huawei GR5mini ကို သင့်တင့်သောဈေးနှုန်းဖြင့် ၀ယ်ယူရရှိနိုင်ပြီဖြစ် ♫

gr5 mini

သတင်းအချက်အလက်နှင့် ဆက်သွယ်မှု နည်းပညာ (ICT) ကို ထောက်ပံ့လျက်ရှိသည့် Huawei သည် GR5mini ကို ဈေးကွက်ထဲသို့ မိတ်ဆက်ပေးခဲ့ပါသည်။
Huawei G စီးရီး၏ နောက်ဆုံး ထုတ်ကုန်အသစ်ဖြစ်သော Huawei GR5 Mini သည် နောက်ဆုံးပေါ် လုပ်ဆောင်ချက်များ ပါဝင်ကာ လူနေမှုဘ၀၏ အခြေခံကျသော အချက်များအားလုံးကို ဖြေရှင်းနိုင်မည့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ Huawei GR5 Mini ကို သင့်တင့်သော ဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး ချိတ်ဆက်မှုများနှင့် ဖန်တီးမှုများသည် အသုံးပြုသူ၏ လက်ဖျားထိပ်တွင်ပင် ရှိနေကာ လော့ခ်ဖွင့်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ဝေမျှခြင်းများကို ချက်ခြင်းပြုလုပ်နိုင်စေပါတယ်။ Huawei GR5 ကို အမွေဆက်ခံထားသော GR5 Mini ၏ လုပ်ဆောင်ချက်များကို Fingerprint 2.0 ၊ EMUI 4.1 တို့ဖြင့် လည်ပတ်နေမည်ဖြစ်ကာ သင့်တင့်သောဈေးနှုန်းနှင့် ကောင်းမွန်သည်ထက်သာလွန်သော လုပ်ဆောင်ချက်များ ရရှိနိုင်ခြင်းကို အသားပေး ထုတ်လုပ်ထားပါသည်။
Smarter Fingerprint Identification 2.0 – ပို၍လျင်မြန်၊ ပို၍လုံခြုံပြီး ပိုမိုကောင်းမွန်သည့် Fingerprint
ငယ်ရွယ်သော မျိုးဆက်သစ်များသည် ကမ္ဘာကြီးနှင့်ပတ်သတ်ပြီး ပို၍ စိတ်ဝင်စားလာကြကာ အကောင်းဆုံး နည်းပညာအသစ်များကို စူးစမ်းရန် အာသီသရှိလာကြပြီး Huawei သည် ဤထုတ်ကုန်သစ်အား စတင် မိတ်ဆက်ပြသမှုနှင့်အတူ နောက်ဆုံးပေါ် ဖန်တီးမှုများကို ဖော်ထုတ်လိုက်နိုင်ပါသည်။ ယခု Huawei GR5 Mini သည် ခေတ်မီသော ဒုတိယမျိုးဆက် လက်ဗွေရာ စနစ်ဖြင့် အတည်ပြုခြင်းပါဝင်ပြီး လျင်မြန်စွာ အာရုံခံနိုင်ခြင်းကို ပေးစွမ်းကာ ယခင်ကထက် မြန်ဆန်ကောင်းမွန်ပြီး လုံခြုံစိတ်ချရသော ခေတ်မီလုပ်ဆောင်ချက်၊ ထိန်းချုပ်မှုများ ပါဝင်ပါသည်။ ၃၆၀ ဒီဂရီ အသုံးပြုထားပြီး စိုစွတ်သောလက်ဖြင့်ဖြစ်စေ၊ ခြောက်သွေ့သောလက်ဖြင့်ဖြစ်စေ ထောင့်ပေါင်းစုံမှ အသုံးပြုနိုင်သောကြောင့် အသုံးပြုရန်လွယ်ကူစေပြီး မည်သည့်အချိန်၊ မည်သည့်အနေအထားတွင် မဆို သက်တောင့်သက်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ခေတ်မီ လက်ဗွေရာအတည်ပြုစနစ်ကို အသုံးပြုထားသောကြောင့် စမတ်ဖုန်းသည် ၀.၅ စက္ကန့် အတွင်းပင် ပွင့်နိုင်ပြီး ဖုန်းလော့ခ်ဖွင့်ခြင်းအတွက်သာမကဘဲ ဖုန်းကိုင်နိုင်ခြင်း၊ alarm ပိတ်ခြင်းနှင့် ဓါတ်ပုံရိုက်ခြင်းတို့ကို ပြုလုပ်နိုင်ခြင်းတို့ကြောင့် အချိန်ကုန်သက်သာစေပါသည်။ Notifications များအား လက်ဗွေရာ စနစ်အသုံးပြု(အောက်သို့ဆွဲချ)၍ ၀င်ရောက်နိုင် သို့မဟုတ် (နှစ်ကြိမ်နှိပ်)ပြီး ရှင်းပစ်ကာ မည်သည့်အရာများမှာ အမှန်တကယ်အရေးကြီးနေသည်ကို သိရှိနိုင်ပါသည်။ ထို့အပြင် GR5 Mini တွင် ဓါတ်ပုံများကြည့်ရာ၌ fingerprint ကို အသုံးပြု၍ ရွှေ့ကာကြည့်ရှုနိုင်မည့် လုပ်ဆောင်ချက်အသစ်ပါဝင်လာပါသည်။
အဆင့်မြင့် Design – လှပကျော့ရှင်းမှု အသွင်သဏ္ဍာန်ရှိနေခြင်း
Huawei GR5 Mini သည် အဆင့်မြင့် လက်မှုအတတ်ပညာဖြင့် ပြုလုပ်ထားသည့် အံ့သြမှင်သက်စရာကောင်းသော စမတ်ဖုန်း တစ်လုံးဖြစ်ပါသည်။ လက်တစ်ဖက်တည်းဖြင့် အသုံးပြုနိုင်ရန် လုံလောက်သည့် ဤစမတ်ဖုန်းကို 0.8mm အလူမီနီယံသတ္တုစပ်ဖြင့် ပြုလုပ်ထားကာ ကိုယ်ထည်တစ်ခုလုံးကို သတ္တုဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ စမတ်ဖုန်း၏ အနောက်ဖက်ကို 3D အကွေးပုံစံဖန်တီးထားပြီး သတ္ထုလိုင်းများပါရှိကာ စမတ်ဖုန်းအား ကိုင်တွယ်ခြင်းကြောင့် ရရှိမည့် ခံစားချက်ကို ဒီဇိုင်းမှ အဓိက ဖန်တီးပေးထားပါသည်။
Assertive Display – လျင်မြန်သော အလင်းအမှောင်အချိုးအစားချိန်ညှိမှုနှင့် လှပသော မျက်နှာပြင်
မျက်နှာပြင် ပါဝါထိန်းချုပ်မှုနှင့် ပါဝင်သော အရာများ ထိန်းချုပ်မှုတို့ကို ပေါင်းစပ်ထားသော Huawei GR5 mini သည် ခေတ်မီနည်းပညာများမှတစ်ဆင့် လျင်မြန်သော အလင်းအမှောင်အချိုးအစား ချိန်ညှိမှုကို ထောက်ပံ့ပေးထားပါသည်။ ပါဝင်သော အရာများ ချိန်ညှိမှုဆိုင်ရာ နောက်ခံအလင်း ထိန်းချုပ်မှု၊ အဓိက ဟာ့ဒ်ဝဲ များအပြည့်အ၀ပါဝင်ခြင်းနှင့်အထူ pixel တစ်ခုခြင်းစီအလိုက် ပြုပြင်မွမ်းမံခြင်းများသည် လျင်မြန်သော အလင်းအမှောင်အချိုးအစားနှင့် လှပသော မျက်နှာပြင်ကို ရရှိစေရန် စွမ်းဆောင်ပေးပါသည်။
EMUI 4.x Optimization
Huawei GR5 mini သည် နောက်ခံ၏ အရောင်ပေါ် မူတည်ပြီး စာသားအရောင်များ အလိုအလျောက်ချိန်ညှိခြင်းကို ပြုလုပ်ပေးပါသည်။ ထို့ပြင် ၎င်းသည် အသုံးပြုသူများ မျက်နှာပြင်ပေါ်ရှိ စာသားများကို မည်သည့် နောက်ခံနှင့်မဆို ရှင်းရှင်းလင်းလင်းမြင်စေနိုင်ပါသည်။
Huawei Technologies (Yangon) Co., Ltd မှ တာဝန်ရှိသူတစ်ဦးမှ “GR5 ရဲ့ အောင်မြင်မှုတွေနဲ့ အခု GR5mini မှာ ပါဝင်တဲ့ ယှဉ်ပြိုင်ဘက်တွေထက်သာလွန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် Huawei GR5mini ဟာလည်း ဈေးကွက်မှာ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားပါသည်။ ငယ်ရွယ်သော မျိုးဆက်သစ်လူငယ်များ၏ ရွေးချယ်မှုဖြစ်သော Huawei GR5 သည် ၎င်း၏ လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည်များ၊ သင့်တင့်သော ဈေးနှုန်းနှင့် အသုံးပြုသူများ၏ မျှော်လင့်ချက်များအတိုင်း ကောင်းမွန်ကာ စိတ်ကျေနပ်မှုရှိစေခြင်းကြောင့် မြန်မာပြည်ရှိ ငယ်ရွယ်သော မိုဘိုင်း အသုံးပြုသူများမှ စိတ်ကျေနပ်စွာ ကြိုဆိုကြပါသည်။ “Huawei GR5 နဲ့ Huawei GR5mini အပြင် အခြား Huawei အဆင့်မြင့်ဖုန်းတွေကို ကျယ်ပြန့်စွာ ရွေးချယ်ဝယ်ယူနိုင်ခြင်းတို့ကြောင့် အသုံးပြုသူတွေရဲ့ အလေ့အထနဲ့ကိုက်ညီပြီး စိတ်ကျေနပ်မှု ရရှိအောင် ဆောင်ရွက်နေပါတယ်။” ဟု ဆက်လက်ပြောကြားခဲ့ပါသည်။
Huawei GR5 Mini အား မြန်မာနိုင်ငံအရပ်ရပ်ရှိ Huawei Branded Shop များနှင့် Huawei နှင့် ချိတ်ဆက်ထားသော ဖုန်းဆိုင်များတွင် ၂၁၉,၀၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အားဖြင့် ရွှေရောင်နှင့် ငွေရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
၂၀၁၆ ဇူလိုင်လ ၂ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း Huawei GR5 Mini နှင့် Y6II ဝယ်ယူအားပေးသည့် Customer တိုင်းအား Telenor မှ Free Mobile Data Package အဖြစ် တစ်လလျှင် 500MB နှုန်းဖြင့် ၃လတိတိ Promotion အစီအစဉ်ကို ပေးအပ်သွားမည်ဖြစ်ပါသည်။
Huawei GR5 Mini အချက်အလက်အသေးစိတ်
CPU Kirin650 (4*2.0GHz+4*1.7GHz), 64bit, 16nm
Software Android M+EMUI4.1
Display 5.2 Inch FHD 1920*1080, GFF
Camera 13M AF BSI +8M FF BSI, Single LED Flash
Fingerprint HUAWEI Fingerprint 2.0
Storage 2GB RAM /16GB ROM MicroSD Slot Integrated In SIM Slot, Up To 128GB
Size 147.1mm x 73.76mm x 8.3mm
Weight 156g
Connection Wi-Fi 2.4GHz 802.11b/g/n, Wi-Fi Direct Wi-Fi Hotspot, Micro USB v2.0
Bluetooth BTv4.1
Network 4G:FDD:B1/B3/B7/B8/B20(L31) 3G:UMTS B8/B1/B2(L31)
GSM:850/900/1800/1900MHz (L31)
Battery 3000mAh(typ.) / 2900mAh(min.)
Color Gold / Silver


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com