7/25/2016

Clash of Kings ဂိမ်းဖိုရမ်အဟက်ခံရမှုကြောင့် အကောင့်ပေါင်း ၁.၆ သန်းရဲ့ အချက်အလက်တွေပေါက်ကြား


မြန်မာနိုင်ငံမှာ လူဆော့အများဆုံး အွန်လိုင်းမိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့ Clash of Kings ရဲ့ တရားဝင်ဖိုရမ်ဆိုက် အဟက်ခံလိုက်ရပြီဖြစ်ပါတယ်။

ဟက်ကာတွေဟာ Clash of Kings ဂိမ်းဖိုရမ်ထဲက အကောင့်ပေါင်း ၁.၆ သန်းရဲ့ အသေးစိတ်အချက်အလက်တွေကို ရယူသွားနိုင်ခဲ့ကြောင်း ဆိုက်ဘာတိုက်ခိုက်မှုတွေကိုအမြဲမပြတ် စောင့် ကြည့်နေတဲ့ LeakedSource ဆိုက်က တင်ပြခဲ့ပါတယ်။

အဆိုပါအဟက်ခံရမှုဟာ ဂျူလိုင်လ ၁၄ ရက်နေ့က ဖြစ်ပွားသွားခဲ့တာဖြစ်ပြီး၊ user တွေရဲ့ အီးမေးလ်လိပ်စာ၊ username ၊ IP လိပ်စာတွေနဲ့ Facebook အကောင့်အချက်အလက်တွေကိုပါ ရယူသွားခဲ့တယ်လို့ သိရပါတယ်။

Clash of Kings ဟာ မြန်မာနိုင်ငံက မိုဘိုင်းဂိမ်းပရိတ်သတ်တွေကြားမှာ နာမည်ကျော်တဲ့ strategy ဂိမ်းတစ်ခု ဖြစ်ပြီး၊ တစ်နေ့ကို  ၉၉၅၂၅  ဒေါ်လာလောက် ဝင်ငွေရနေတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ယခုလိုနာမည်ကျော်ဂိမ်း တစ်ခုအနေနဲ့ လုံခြုံရေးပိုင်းမှာအားနည်းချက်တွေရှိခဲ့ခြင်းက မိုဘိုင်းဂိမ်းလောကတစ်ခုလုံးအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။

ယခုလို ဖိုရမ်အဟက်ခံမှုနဲ့ပတ်သတ်ပြီး၊ Clash of Kings ဂိမ်းရေးဆွဲသူ တရုတ်အခြေစိုက် Elex ကုမ္ပဏီကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ၊ ဖြေကြားခြင်းမရှိသေးပါဘူး။

Clash of Kings ဂိမ်းဖိုရမ်အဟက်ခံရမှုနဲ့ ပတ်သတ်ပြီး၊ အွန်လိုင်းလုံခြုံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ Travi Smith က အခုလိုပြောကြားခဲ့ပါတယ်။

“ ဆိုက်ဘာတိုက်ခိုက်ချင်သူဟာ အားနည်းချက်သိထားပြီးသား စစ်စတမ်တစ်ခုကို အင်တာနက်မှာ အလွယ်ရှာပြီး၊ ရှိပြီးသား tools တွေကို အသုံးချကာ၊ စစ်စတမ်ကို သိမ်းယူနိုင်ပါတယ်။  ဂိမ်းဖိုရမ်လို ဆာဗာမှာ ရှိနေတဲ့ အချက်အလက်အများစုဟာ ဆိုက်ဘာဒုစရိုက်သမားတွေအတွက် သိပ်မက်လောက်စရာမဟုတ်ဘူး ဆိုပေမယ့်လည်း၊ တန်ဖိုးရှိတဲ့အချက်အလက်တစ်ခုခုကို သူတို့ရအောင်ရှာမှာပါ။ ဥပမာအားဖြင့် ဂိမ်းရေးဆွဲထားတဲ့ကုဒ်တွေလိုပေါ့။

Clash of Kings ဖိုရမ်အဟက်ခံရပြီးနောက်မှာ developer တွေနဲ့ ကစားသူတွေအနေနဲ့ ဟက်ကာက လက်ဦးမှု မယူနိုင်အောင် သတိအပြည့်ရှိသင့်ကြောင်းလည်း Smith က ရှင်းပြခဲ့ပါတယ်။

သင့်အနေနဲ့ Clash of Kings ဆော့သူတစ်ယောက်ဆိုရင်၊ မိမိအကောင့်ကော ဟက်ခံရတဲ့ထဲ ပါသွားသလားဆိုတာကို ဒီနေရာကနေ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com