7/25/2016

♪ fingerprint scanner ပါ ZTE ZMAX Pro ကို ၉၉ ဒေါ်လာဖြင့် ရောင်းချ ♫


တရုတ်ဖုန်း Company တစ်ခုဖြစ်တဲ့ ZTE ဟာ ZMAX Pro ကို နယူးယော့ခ်မှာ တနင်္လာနေ့ က တရားဝင် ထုတ်ဝေဖြန့် ချိလိုက်ပါတယ်။ ဖုန်းဟာ ကုမ္ပဏီရဲ့တန်ဖိုးသင့်စမတ်ဖုန်းစီးရီးထဲမှာ နောက်ဆုံးထုတ်ဖြစ်ပြီး FingerPrint Sensor လည်းပါဝင်ပါတယ်။



ZMAX Pro ဟာ မျက်နှာပြင်အကျယ် ၆လက်မနှင့် 1080p ရှိပြီး နောက်ဘက်ကင်မရာမှာ 13 megapixel ၊ ရှေ့ မျက်နှာပြင်ကင်မရာမှာ 5 megapixel ၊ ဘက်ထရီကတော့ 3400mAh ၊ Snapdragon 617 processor ပါရှိသလို RAM က 2GB ၊ expandabel storage က 32 GB နဲ့ USB-C အမျိုးအစား အားသွင်းပေါက်ကိုသုံးထား ပါတယ်။ System ပိုင်းဆိုင်ရာအနေနဲ့ Android Marshmallow နဲ့ run ပါတယ်။



စမတ်ဖုန်းသစ်ဟာ အခုဆို MetroPCS မှာ ၉၉ ဒေါ်လာမျှဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့ မှာ စတင်ဖြန့် ချီရောင်းချသွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အကြိုမှာယူမှု ၅၀၀၀ အတွက် လယ်သာအိတ် တစ်လုံးကိုလည်း အခမဲ့ ပေးအပ်သွားမှာပါ။



ZMAX Pro ဟာ အတော်လေး ဈေးသင့်တဲ့ ဖုန်းဖြစ်ပြီး အထူးသဖြင့်တော့ တန်ဖိုးအသင့်အတင့်ဖုန်းတွေကို ကြိုက်နှစ်သက်သူတွေ စဉ်းစားလေ့ရှိတဲ့ ဖုန်းမျိုးပါပဲ။ မကြာခင်မှာ ဖြန့် ချိလာတော့မယ့် စမတ်ဖုန်းအသစ်ကို လက်ကမ်းပြီး ကြိုဆိုလိုက်ရအောင်ပါ။

Credit to ==> Myanmar Mobile App


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com