7/26/2016

♪ Prisma ပုံတွေမှာ လိုဂိုတံဆိပ်မပေါ်အောင် ဘယ်လိုလုပ်မလဲ ♫


ယနေ့ပဲ Google Play Store မှာ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Prisma အက်ပလီကေးရှင်းကို အခုဆို တော်တော်များများသုံးနေကြပြီထင်ပါတယ်။

Android အတွက် ပထမဦးဆုံးဗားရှင်းဖြစ်လို့ တစ်ချို့အသုံးပြုသူတွေဆီမှာ အဆင်မပြေမှုလေးတွေ တွေ့နေရပြီး၊ တစ်ချို့မှာ ဖုန်း Gallery ထဲကပုံကို ထည့်လို့မရတာ၊ ပြင်ပြီးသားပုံကို save လုပ်လို့မရတာတွေ ရှိနေပါတယ်။

Prisma ရဲ့ နောက်ထပ်စိတ်ရှုပ်စရာလေးတစ်ခုကတော့ ပုံအောက်ခြေတွေမှာ Prisma ဆိုတဲ့ လိုဂိုတံဆိပ်ကို အမြဲထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် Prisma လိုဂိုပေါ်နေတာ မကြိုက်ဘူးဆိုရင်လည်း အခုလို အလွယ်တကူဖျောက်ထားနိုင်ပါတယ်။

၁။ Prisma app ထဲဝင်ပြီးရင်၊ ညာဘက်ဘေးနားက စက်သွားပုံ ‘Settings’ ခလုတ်လေးကို နှိပ်လိုက်ပါ။

၂။ Settings ထဲရောက်သွားရင်၊ ‘Add watermark’ ဆိုတဲ့နေရာကို ပိတ်လိုက်ပါ။

၃။ Back ခလုတ်နှိပ်လိုက်ရင်၊ မူလစခရင်ကို ပြန်ရောက်သွားမှာဖြစ်ပြီး၊ နောက်ထပ်ပြင်လိုက်တဲ့ပုံတွေမှာ Prisma တံဆိပ်ပါလာမှာမဟုတ်တော့ပါဘူး။

၎။ ‘Settings’ ထဲမှာ အပေါ်ဆုံး option က ‘Save original photos’ ဖြစ်ပြီး၊ ကိုယ်ရိုက်လိုက်တဲ့ပုံရဲ့ မူရင်းဓာတ်ပုံကို သိမ်းခိုင်းတာဖြစ်ပါတယ်။

 နောက်တစ်ခုကတော့ ပြင်ပြီးသားပုံတွေကို အလိုလိုသိမ်းထားခိုင်း တာဖြစ်ပြီး၊ ယခုလောလောဆည် တချို့ user တွေမှာ ဒီ option ကိုဖွင့်ထားပေမယ့်၊ ပုံတွေကို အလိုလို save မလုပ်ပေးသေးတာတွေ့ရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com