Shop.com.mm အွန်လိုင်းရှော့ပင်းမောလ်က မြန်မာနိုင်ငံမှ ဈေးဝယ်ယူသူများအတွက် ထူးခြားပျော်ရွှင်ဖွယ်ရာ မိုးရာသီဈေးရောင်းပွဲတော်ကို ဇူလိုင်လ ၁၈ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပါသည်။ မိုးရာသီဈေးရောင်းပွဲတော်တွင် ဖက်ရှင်ချစ်သူများအတွက် ဖက်ရှင်ဈေးရောင်းပွဲတော်ကို ဇူလိုင်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နာရီချစ်သူများအတွက် နာရီဈေးရောင်းပွဲတော်ကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ထိ ကျင်းပပါမည်။

“ Shop.com.mm ၏ ဖက်ရှင်ဈေးရောင်းပွဲတော်တွင် လူသိများသော နာမည်ကြီး ဖက်ရှင်ပစ္စည်းများ ဖြစ်သည့် Timberland၊ John Henry၊ Kipling၊ Pierre Cardin၊ Crocodile၊ Michelle၊ Bang Bang၊ G-Tree၊ Xo Xo နှင့် Skechers များကို ၂၀% မှ ၅၀% ထိ လျော့ဈေးများဖြင့် ရောင်းချသွားမှာဖြစ်ပါတယ်။ နာရီဈေးရောင်းပွဲတော်တွင်လည်း Seiko၊ Casio၊ Titan၊ Sonata၊ Fastrack၊ Fossil၊ DKNY၊ Diesel၊ Michael Kors၊ Marc by Marc၊ Valence၊ Elle နာရ်ီများနှင့်  Smart watches များကိုလည်း ၁၅% မှ ၄၀% အထိ မိုးရာသီဈေးရောင်းပွဲတော်တွင် ဝယ်ယူသူများအတွက် အထူးလျော့ဈေးများဖြင့် ရောင်းချပေးသွားမှာပါ။

မိုးရာသီဈေးရောင်ပွဲတော် ကာလအတွင်း အထူးအရောင်းမြှင့်တင်သည့် အစီအစဉ်ကောင်းများကို Shop.com.mm နှင့် ၄င်း၏ တရားဝင် ဆိုရှယ်မီဒီယာများဖြစ်ကြသည့် Facebook ( www.facebook.com./shop.com.mm ), Viber, WeChat, Bee Talk နဲ့ MyChat တို့မှာ အထူးသီးသန့်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။” Shop.com.mm မှ ပြောကြားပါတယ်။