Samsung Galaxy ထုတ်ကုန်များမှ နောက်ဆုံးထွက်ရှိလာသည့် စမတ်ဖုန်းသစ် “Samsung Galaxy A9 Pro 2016” ကို မြန်မာပြည်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Samsung Myanmar မှ ယနေ့သတင်းထုတ်ပြန်ကြေငြာလိုက်သည်။

Galaxy A9 Pro 2016 သည် ၂၀၁၄ အောက်တိုဘာလတွင် ပထမဆုံးအကြိမ် စတင်မိတ်ဆက်ခဲ့သော Galaxy A series ၏ နောက်ဆုံးထွက် စမတ်ဖုန်းမော်ဒယ် အမျိုးအစားအသစ်ဖြစ်သည်။ အဆိုပါစမတ်ဖုန်းအား ယခင်ထူးခြားဆန်းပြားသော မူလဒီဇိုင်းအား  သတ္တု နှင့် ဖန်သားပြင်တို့၏ ပေါင်းစပ်မှုဖြင့် အကောင်းမွန်ဆုံးသော  ဒီဇိုင်းဖြစ်စေရန် အသစ်တစ်ဖန်ပြန်လည် အဆင့်မြှင့်တင်ပြီး ဆန်းသစ်ဖန်တီးထားခြင်းဖြစ်သည်။ အလွန်လျင်မြန်သည့် အားသွင်းစနစ်ကို ထည့်သွင်းထားခြင်းကြောင့် သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝတွင် ပိုမိုလွယ်ကူအဆင်ပြေစေမည်ဖြစ်ပြီး ကင်မရာအရည်အသွေးနှင့် နှင့် စွမ်းဆောင်ရည်များကိုလည်း ပိုမိုကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံအား ရရှိပိုင်ဆိုင်နိုင်စေရန် အဆင့်မြှင့်တင်ထားသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့လည်း Samsung ရဲ့ flagship စမတ်ဖုန်းသုံးစွဲသူတွေလို စိတ်ကျေနပ်ဖွယ်ရာ မိုဘိုင်းအသုံးပြုမှု အတွေ့အကြုံတွေကို ရရှိခံစားနိုင်တော့မှာဖြစ်ပါတယ်” ဟု Samsung Myanmar မှ Head of IT & Mobile ဖြစ်သည့် ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

“အခုနောက်ပိုင်းမှာ မျက်နှာပြင်ကြီးပြီး စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်းကို လိုချင်တဲ့လူတွေများလာတာကြောင့် ဒီ Galaxy A9 Pro ဟာ တကယ်ကို သင့်တော်တဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ Galaxy A9 Pro 2016 က 4G နဲ့ 3G စနစ် နှစ်မျိုးလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Dual SIM (Nano-SIM+Nano-SIM) အမျိုးအစား ဖြစ်တဲ့အပြင် ဖုန်းတွင်းမှတ်ဥာဏ်ကို 128 GB အထိ တိုးမြှင့် အသုံးပြုနိုင်တဲ့ Micro SD card slot လည်းပါဝင်ပါတယ်။” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

Galaxy A9 Pro 2016 သည် 1,920 x 1,080 Pixels ရှိ Full HD အရည်အသွေး နှင့် Gorilla Glass 4 Protection တို့ပါဝင်သော ကြီးမားကျယ်ပြန့်သော ၆ လက်မအရွယ်အစားရှိ မျက်နှာပြင်ကြောင့် ယခုလက်ရှိအချိန်တွင် Samsung ၏ မျက်နှာပြင်ကြီး အရည်အသွေးမြင့် Phablet အမျိုးအစားများအနက် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ ထို့ပြင် စွမ်းဆောင်ရည်မြင့် 1.8 GHz ရှိသည့် octa-core Qualcomm Snapdragon 652 chipset နှင့်အတူ 4GB RAM ကိုလည်း အဆိုပါဖုန်းတွင် ထည့်သွင်းထားသည်။

ကင်မရာပိုင်းတွင် Galaxy A9 Pro 2016 ၌ f/1.9 aperture၊ LED flash နှင့် OIS တို့ပါဝင်သော16 MP ရှိ ကင်မရာအားထည့်သွင်းထားပြီး အရှေ့ကင်မရာတွင် လည်း ထပ်တူညီသည့် aperture နှင့် အတူ sensor ပါဝင်ပြီး 8MP အရည်အသွေးရှိခြင်းကြောင့် လက်ရှိဈေးကွက်အတွင်းတွင် အကောင်းဆုံးသော selfie ကင်မရာ အဖြစ် ရပ်တည်လျက်ရှိသည်။

ဖုန်းတွင်းမှတ်ဥာဏ်သိမ်းဆည်းမှုပိုင်းတွင် မူလဖုန်းတွင်းမှတ်ဥာဏ် 32 GB ပါဝင်ပြီး microSD ကဒ် ထည့်သွင်းခြင်းဖြင့် 128 GB အထိ ထပ်မံတိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်သည်။ ကြီးမားသည့် မျက်နှာပြင်အား ထောက်ပံ့ပေးနိုင်ရန်အတွက် 5,000 mAh ရှိသည့် ဘက်ထရီပါဝင်သည်။ Software ပိုင်းတွင် Android 6.0 Marshmallow ကိုထည့်သွင်းပေးထားပြီး Samsung ၏ ကိုယ်ပိုင် TouchWiz UI လည်းပါဝင်သည်။

သတ္တုကိုယ်ထည်ဖြင့်ပြုလုပ်ထားသော Galaxy A9 Pro 2016 သည် သုံးစွဲသူများ အား အရည်အသွေးမြင့်သည့် ခံစားမှုအတွေ့အကြုံများပေးစွမ်းနိုင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော မိုဘိုင်းဖုန်းအသုံးပြုမှုကို ရရှိစေကာ တစ်ချိန်တည်းမှာပင် ပိုမိုကြီးမားသည့် ပုံရိပ်များကိုလည်း ကြည့်ရှုခံစားစေနိုင်မည်ဖြစ်သည်။

Galaxy A9 Pro 2016 စမတ်ဖုန်းသစ်အားမိတ်ဆက်မှုနှင့်အတူ Samsung Myanmar မှ မြန်မာနိုင်ငံရှိ သုံးစွဲသူများအား Samsung အမှတ်တံဆိပ် 32 GB micro SD card အား လက်ဆောင်အဖြစ်ပေးအပ်သွားမည်ဖြစ်သည့်အပြင် Samsung Myanmar မှ Ooredoo Myanmar နှင့် ပူးပေါင်းလက်တွဲ၍လည်း A9 Pro 2016 ဝယ်ယူသုံးစွဲသူများအား ပရိုမိုးရှင်းခံစားခွင့်များပါဝင်သည့် Ooredoo SIM card တစ်ကဒ်အား လက်ဆောင်အဖြစ်ထည့်သွင်းပေးသွားမည် ဖြစ်သည်။ ဝယ်ယူ သုံးစွဲသူများအနေဖြင့် အဆိုပါ Ooredoo SIM card အား A9 Pro 2016 ဖုန်းအားအသုံးပြု၍ ၅၀၀၀ ကျပ်တန်ဖုန်းငွေဖြည့်ကဒ် ထည့်သွင်းအသုံးပြုခြင်းဖြင့် 1-GB 4G Plus အင်တာနက်အသုံးပြုမှုအား အခမဲ့ရရှိခံစားခွင့်ရှိမည်ဖြစ်သည်။

အဆိုပါ အထူးခံစားခွင့် ပရိုမိုးရှင်းအစီအစဉ်ကာလသည် ၂၀၁၆ ခုနှစ်အတွင်း ဇူလိုင်လ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၆ ခုနှစ်အတွင်း A9 Pro ဝယ်ယူသုံးစွဲသူများ အနေဖြင့်ခံစားခွင့်ရှိမည်ဖြစ်ပြီး အဆိုပါ 1-GB 4G Plus အခမဲ့အင်တာနက်အသုံးပြုခွင့်အား လစဉ် ၅၀၀၀ ကျပ်ငွေဖြည့်ပြီး လေးလဆက်တိုက် ရရှိခံစားနိုင်မည်ဖြစ်သည်။

ရွှေရောင်၊ အဖြူရောင်၊ အနက်ရောင်ကိုယ်ထည်များဖြင့် သပ်ရပ်လှပစွာထုတ်လုပ်ထားသော Samsung Galaxy A9 Pro 2016 အား မြန်မာနိုင်ငံတွင် ဇူလိုင်လ ၂၂ ရက်မှစ၍ ၅၅၅၀၀၀ (ငါးသိန်းငါးသောင်းငါးထောင်) ကျပ်ဖြင့် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။