7/25/2016

“Vivo V3” ကိုဝယ်ဖို့စဉ်းစားသူတွေလေ့လာနိုင်ဖို့


V3ဟာ ၂၀၁၆ ခုနှစ် ၄ လပိုင်းကထုတ်လုပ်ရောင်းချပေးထားခြင်းဖြစ်ပြီး 2G, 3G, 4G Network အထောက်အပံ့များပေးစွမ်းနိုင်ပါတယ်။ ဖုန်းရဲ့ အရွယ် အစားပမာဏကတော့ 143.6 × 71 × 7.5 mm ရှိပြီးအလေးချိန်မှာ138g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုး အစားပါ။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကိုအသုံးပြုပေးထားပြီးမျက်နှာပြင် အကျယ်အ၀န်းကတော့ 5 inches ဖြစ်ပါတယ်။

မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720 × 1280 ဖြစ်ပြီး တစ်လက်မမှာ ရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ။Vivo မှ အထူးသီးသန့် ပြုလုပ်ထားတဲ့ AK 4375 Hi-Fi Chip မှာစမ်းသပ်စစ်ဆေးပြီးသော 105 dB နှုန်းရှိတဲ့ SNR စနစ်နှင့် မူလအသံများ ကိုပျက်စီးစေနိုင်သော -97dB နှုန်းရှိအသံများကိုဖယ်ရှားပေးနိုင်သော စနစ် များကြောင့် သီချင်းနားထောင် ရာတွင် ဂီတသံစဉ်များကို နူးညံ့သိမ်မွေ့စွာနှင့် စိတ်ကျေနပ်စရာ Hi-Fi အသံစနစ်ကိုခံစားနိုင်မှာဖြစ်ပါတယ်။

အထူးသီးသန့် ဖန်တီးထားသည့် Smart Amp နည်းပညာနှင့် အသံချဲ့ပေးသောအိမ်သုံးရုပ်ရှင် အသံပိုင်းဆိုင်ရာ chip ပါဝင်တာကြောင့် Vivo ရဲ့ V3 နှင့် V3 Max ဟာအသံ အားကောင်းပြီးအလွန် ကြည်လင်ပြတ်သားသောအသံနှင့် ထူးခြားဆန်းကြယ် လှတဲ့ အသံပိုင်းဆိုင်ရာပေးစွမ်းမှုများကို အပြည့်အ၀ခံစားနိုင်မှာပါ။

အဓိက ကင်မရာစွမ်းရည်မှာ13MP ဖြစ်ပြီးကင်မရာဆက်စပ်ပတ်သက် စနစ်များစွာ ပါရှိပါတယ်။ အရှေ့ကင်မရာငယ်ရဲ့ စွမ်းရည်မှာ8MP ဖြစ်ပါတယ်။ GPU အမျိုးအစားမှာAdreno 405 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို3GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 32GBပါရှိပါတယ်။ အချက် အလက် အများအပြားသိမ်းဆည်းနိုင်စေဖို့ အတွက်လည်းCardslotစနစ် ထည့်သွင်းပေးထားပါသေးတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားမှာ Li-Ion 2550 mAhဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
Screen - 5 inches
Memory - 32 GB
Bluetooth - v4.1
CPU - Octa Core 1.5GHz
OS - Android OS,v5.1
Contact - 01-371924
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com