7/17/2016

♪ 4K ရိုက်ကူးနိုင်တဲ့ 16-Megapixel ကျောကင်မရာပါ Huawei Maimang 5 ထွက်ရှိ၊ တရုတ်နိုင်ငံပြင်ပတွင် G9 အဖြစ် နာမည်ပေးနိုင် ♫


အရင်တပတ်က သတင်းတွေထွက်ပေါ်ထားတဲ့အတိုင်း Huawei ရဲ့ မော်ဒယ်သစ်ဖြစ်တဲ့ Maimang 5 ဖုန်း ထွက်ရှိလာပါပြီ။

ဒီဖုန်းဟာ Maimang 4 ရဲ့ နောက်မော်ဒယ်အသစ်ဖြစ်ပြီး၊ Maimang 4 ဖုန်းကို တရုတ်နိုင်ငံပြင်ပမှာ Huawei G8 နာမည်နဲ့ ရောင်းချခဲ့တာကြောင့်၊ ယခုဖုန်းသစ်ဟာလည်း G9 နာမည်နဲ့ တခြားဈေးကွက်မှာထွက်ရှိလာနိုင်ပါတယ်။

Huawei Maimang 5 ဖုန်းဟာ ကျောဘက်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ ကိုယ်ထည်က သတ္တုကိုယ်ထည်နဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်ထောင့်နေရာတွေက ကွေးနေတဲ့ဒီဇိုင်းနဲ့ဖြစ်ပြီး၊ လုံးဝတန်ဖိုးကြီးဖုန်းတစ်လုံးဒီဇိုင်း အတိုင်းပါပဲ။

မျက်နှာပြင်အကျယ်အားဖြင့် ၅.၅ လက်မရှိပြီး (1920x1080pixels) Full-HD IPS LCD မျက်နှာပြင်ဖြစ်ပါတယ်။ မျက်နှာပြင်ကို 2.5D ဖန်သားပြင်နဲ့ ကာကွယ်ထားကာ၊ 2GHz Snapdragon 652 octa-core ပရိုဆက်ဆာ အသုံးပြုထားပါတယ်။ 3GB RAM/ 32GB storage မော်ဒယ် နဲ့ 4GB RAM/ 64GB storage မော်ဒယ်ဆိုပြီး နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ microSD ကတ်လည်း ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။

Huawei-Maimang-5

ယခုဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ ကျောကင်မရာဖြစ်ပြီး၊ OIS ၊ PDAF နည်းပညာတို့ပါဝင်တဲ့ 16-MP ကျောကင်မရာပါဝင်လာပါတယ်။ ရုပ်ထွက်အမြင့်ဆုံးဖြစ်တဲ့ 4K ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး၊ အမှတ်တရအချိန်တွေကို ကြည်လင်ပြတ်သားစွာ သိမ်းဆည်းထားနိုင်မယ့် ကင်မရာကောင်းဖုန်းတစ်လုံးပါ။ Selfie ချစ်သူတွေအတွက်လည်း 8-MP ရှေ့ကင်မရာပါရှိပြီး၊ မြင်ကွင်းကျယ်မှန်ဘီလူးကို အသုံးပြုထားတာကြောင့် အုပ်စုလို grouphie ရိုက်ရာမှာ ကင်မရာနဲ့လူမဆံ့တာမျိုး ရှိမှာမဟုတ်ပါဘူး။

SIM ကတော့ ကတ်နှစ်ကတ်ထိုး (hybrid) slot ဖြစ်ပြီး၊ Android 6.0 Marshmallow အခြေခံ Huawei ရဲ့ EMUI 4.1 အသုံးပြုထားပါတယ်။ Huawei Maimang 5 ဘက်ထရီအနေနဲ့ 3340mAh ဘက်ထရီကို အသုံးပြုထားပြီး၊ ဖုန်းပြောချိန် ၂၂ နာရီခံကာ၊ ဒီတိုင်းထားမယ်ဆိုရင် နာရီ ၈၀၀ လောက် ခံမှာဖြစ်ပါတယ်။
Huawei အနေနဲ့ RAM 4GB မော်ဒယ်ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီဖြစ်ပြီး၊ ရွှေရောင်၊ ပန်းရောင်နဲ့ ခဲရောင် သုံးမျိုးရရှိမှာဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ RAM 3GB မော်ဒယ်ကို ယွမ်ငွေ ၂၃၉၉ (မြန်မာငွေ ၄ သိန်း ၂ သောင်းခန့်) ကျသင့်မှာဖြစ်ကာ၊ RAM 4GB မော်ဒယ်ဆိုရင်တော့ ယွမ်ငွေ ၂၅၉၉ (မြန်မာငွေ ၄ သိန်း ၆ သောင်းခန့်) ရှိမှာဖြစ်ပါတယ်။
gsmarena_002

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com