7/17/2016

♪ OneDrive မှာ ဒေတာသိမ်းဆည်းမှု 15GB အခမဲ့ပေးထားမှုကို 5GB သို့ လျော့ချလိုက်တဲ့ Microsoft ♫


မိတ်ဆွေအနေနဲ့ Microsoft ရဲ့ OneDrive cloud storage ကို အသုံးပြုတယ်ဆိုရင်၊ မိမိရဲ့ အရေးကြီးဖိုင်တွေကို အလျင်အမြန်ရွှေ့ပြောင်းထားသင့်ပါတယ်။ Microsoft ဟာ OneDrive မှာ ဒေတာသိမ်းဆည်းမှု 15GB အခမဲ့ပေးထားမှုကို 5GB သို့ လျော့ချတော့မှာ ဖြစ်ကြောင်း အသုံးပြုသူတွေကို အီးမေးလ်ပို့ခဲ့ပြီး၊ တချို့ user တွေမှာ လျော့ချပြီးဖြစ်တယ်လို့ သိရပါတယ်။

Microsoft အနေနဲ့ cloud ပေါ်မှာ အခမဲ့ဒေတာသိမ်းဆည်းမှုပေးထားတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လျော့ချသွားဖို့ အစီအစဉ်ရှိကြောင်းကို ယမန်နှစ်က ကြေငြာခဲ့ပြီးနောက်၊ အခုအခါ ပထမခြေလှမ်း စလှမ်းလိုက်တာပါ။

၂၀၁၄ ခုနှစ်တုန်းက စတင်ပေးအပ်ခဲ့တဲ့ အခမဲ့ OneDrive storage 15GB ကို 5GB အထိ လျော့ချသွားမှာဖြစ်ပြီး၊ ဓာတ်ပုံတွေသိမ်းဆည်းဖို့သက်သက်ပေးထားတဲ့ ‘Camera Roll’ ဘောနပ်စ် 15GB ကိုလည်း ဖျက်ပစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်၊ ဧပြီလပိုင်းလောက်မှာ Microsoft ဟာ ဒေတာသိမ်းဆည်းမှုအလိုအလျောက်လျော့ချခြင်းနဲ့ ၀င်ရောက်အသုံးပြုမှုကန့်သတ်ခြင်းတို့ကို ဂျူလိုင်လမှာ စတင်မှာဖြစ်ကြောင်း အသုံးပြုသူတွေကို ကြိုတင် သတိပေးထားတာဖြစ်ပါတယ်။

5GB ထက် ပိုသိမ်းထားတဲ့အကောင့်တွေကို ‘read-only’ အနေနဲ့ ပြထားမှာဖြစ်ပြီး၊ အဆိုပါအကောင့်ပိုင်ရှင်တွေ အနေနဲ့ မိမိအကောင့်မှာသိမ်းဆည်းထားတဲ့ဖိုင်တွေကို ကြည့်ရှုတာ၊ ဒေါင်းလုဒ်ဆွဲတာတွေလုပ်နိုင်မှာ ဖြစ်ပေမယ့်၊ နောက်ထပ်ဖိုင်တွေထည့်ထပ်တာတော့ လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ 5GB ထက်ပိုတဲ့သုံးစွဲသူတွေအနေနဲ့ သူတို့ဖိုင်တွေကို နောက်ထပ်ကိုးလအထိတော့ ဆက်သုံးနေနိုင်မှာဖြစ်ပါတယ်။

ကိုးလပြီးရင်တော့ 5GB ထက်ပိုနေတဲ့အကောင့်တွေကို Microsoft က lock ပြုလုပ်သွားဖြစ်ပြီး၊ အကောင့်ထဲက ဘယ်ဖိုင်ကိုမှ ၀င်သုံးလို့ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
OneDrive အကောင့်တွေကို နောက်နှစ်ထဲမှာ ကန့်သတ်မှုတွေ ပိုလုပ်သွားဖို့လည်း ရှိနေပါတယ်။

မိတ်ဆွေရဲ့ OneDrive အကောင့်မှာလည်း 5GB ထက်ပိုနေရင်၊ သိမ်းထားတဲ့ဖိုင်တွေထဲက မလိုတာတွေကို ဖျက်ပစ်တာ၊ ရွှေ့ပြောင်းတာ၊ နောက်ထပ် storage ပမာဏထပ်ဝယ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒီထက်ပိုကောင်းတဲ့နည်းလမ်းကတော့ Office 365 Personal တစ်နှစ်အခမဲ့ အသုံးပြုခွင့် လျှောက် လိုက်မယ်ဆိုရင်၊ OneDrive storage 1TB တောင် အခမဲ့ရမှာဖြစ်ပါတယ်။ တစ်နှစ်ကျော်ရင်တော့ ပိုက်ဆံသွင်းသုံးရမှာပါ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com