7/17/2016

♪ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် Viber က အာဇာနည်နေ့ အမှတ်တရ စတေကာအသစ်များပြုလုပ်ပေး ♫


ရန်ကုန် (၁၆ ဇူလိုင် ၂၀၁၆) - ဦးဆောင် လူမှုကွန်ရက် ဆက်သွယ်ရေး အက်ပလီကေးရှင်း Viber က မြန်မာနိုင်ငံ၏ အမျိုးသားရေးဂုဏ်ကျက်သရေ ကိုမြှင့်တင်ရန် အခမဲ့အသုံးပြုနိုင်မည့် “အာဇာနည်နေ့” စတေကာများကို Viber ၏ မြန်မာနိုင်ငံရှိ ၂၆ သန်းရှိ စာရင်သွင်းအသုံးပြုသူ များအတွက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။

အဆိုပါ စတေကာများကို ဇူလိုင်လ ၁၉ ရက်နေ့မှစတင်၍ Viber အက်ပလီကေးရှင်း ၏ စတေကာ စတိုးမှ အခမဲ့ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။ အသစ်ဖြန့်ချီလိုက်သည့် “အာဇာနည်နေ့” စတေကာများတွင် စတေကာ ၂၁ ခု ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားရေး ဗိသုကာကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏အထိမ်းအမှတ်ပုံများ၊ အာဇာနည်ကြီးများ၏ ဂူဗိမာန် တွင်မြန်မာနိုင်ငံတော် အလံကို တဝက်လွှင့်ထူထားသည့်ပုံ၊ တစ်နိုင်ငံလုံး၏ အရိုအသေပေးမှုကိုပြသရန် ဓလေ့ထုံးစံအတိုင်း ဇူလိုင်လ ၁၉ ရက်နေ့ ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် တစ်မိနစ်ကြာ ငြိမ်သက်ပေးရန် သတိပေး သည့်ပုံတို့ပါဝင်မည်ဖြစ်သည်။ အဆိုပါ စတေကာများထဲတွင် မြန်မာလူမျိုးအများစုအသုံးပြုလေ့ရှိသည့် စကားလုံးများဖြစ်သည့် “အလေးပြု”၊ “မြန်မြန်လာ”၊ “တွေ့ချင်လိုက်တာ”၊ “လာနေပြီလား” နှင့် “ကြိုးစားထား” အစရှိသဖြင့် မြန်မာပြည်မှ Viber အသုံးပြုသူများ၏ နေ့စဉ်ပြောစကားများကိုပိုမိုထောက်ပံ့ပေးနိုင်မည့် စတေကာများလည်းပါဝင်မည်ဖြစ်သည်။

“Viber အနေနဲ့ မြန်မာပြည်နဲ့ မြန်မာပြည်သူတွေကို အာဇာနည်နေ့လို နေ့ထူးနေ့ရက်မှာ အထူးဂုဏ်ပြုချင်ပါတယ်။ ကျွန်မတို့ ဝန်ဆောင်မှုကို သုံးစွဲနေတဲ့ ၂၆ သန်းသော စာရင်းသွင်းအသုံးပြုသူတွေရဲ့ ကြီးမားတဲ့အားပေးထောက်ပံ့မှုကို တကယ်ကိုကျေးဇူးတင်ပါတယ်။ ဒါ့အပြင် Viber ကို မြန်မာပြည်သူတွေဘဝကို ပိုမိုတိုးတက်အောင်ထောက်ပံ့ပေးနိုင်တဲ့ အလွယ်ကူအကောင်းမွန်ဆုံးဆက်သွယ်ရေး အက်ပလီကေးရှင်း တစ်ခုဖြစ်လာစေဖို့လည်း သန္နိဌာန်ချလုပ်ဆောင်နေပါတယ်။”ဟု Viber ၏ အရှေ့တောင်အာရှဆိုင်ရာ ဌာနေ မန်နေဂျာ Crystal Lee ကပြောသည်။

မြန်မာ့အာဇာနည်နေ့ စတေကာများကို ဒေါင်းလုပ်ပြုလုပ်ရန် Viber အက်ပလီကေးရှင်း ၏ စတေကာဈေးကွက် သို့လွယ်ကူစွာသွားရောက်၍ အခမဲ့ခေါင်းစဉ်အောက်ရှိ “မြန်မာ့အာဇာနည်နေ့” ကိုရွေးချယ်၍ ရယူနိုင်ပါသည်။



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com