10/05/2016

♪ “မျက်လုံးဖြင့် ငွေပေးချေနိုင်တဲ့ Samsung Pay” ♫


Samsung က မိုဘိုင်းဖုန်းငွေပေးချေမှု ပလက်ဖောင်း Samsung Pay အတွက် အဆင့်မြင့် နည်းပညာတစ်ခုကို ဖန်တီးပေးလိုက်ပါတယ်။ Galaxy Note 7 ပိုင်ရှင်များကလက်ဗွေရာအစားမျက်လုံးဖြင့် ငွေပေးချေမှု များ ပြုလုပ်နိုင်ပါပြီ။

Version 2.3 မှာ Cloud Syncing ပါလာပေမယ့် Gift Card, Membership Card များအတွက်သာသုံးနိုင်ပါသေးတယ်။ Samsung Pay ဟာ Android Pay, Apple Pay တို့လိုခရက်ဒစ်ကဒ် များကိုဒစ်ဂျစ်တယ်နည်းဖြင့် စမတ်ဖုန်း ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ အရောင်းဆိုင်များနဲ့ အွန်လိုင်းမှာ ဈေးဝယ်ယူတဲ့အခါမှာ ဖုန်းရဲ့ လက်ဗွေရာစစ်ဆေးတဲ့ ကိရိယာကနေ ငွေပေးချေ မှုကိုပြုလုပ်ရတာ ဖြစ်ပါတယ်။

အခုတော့ မျက်လုံးဖြင့် ငွေပေးချေ နိုင်တဲ့ နည်းပညာအသစ် တစ်ခုကိုအခြားပြိုင်ဖက်များထက် စောစီးစွာ Samsung က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com