စမတ်ဖုန်းကောင်းများစွာထုတ်လုပ်ပေးနေသော Meizu တံဆိပ်မှာလည်း
ဖုန်းအသစ်ကိုထပ်မံထုတ်လုပ်ပေး လိုက်ပြီဖြစ်ပါတယ်။ ထိုဖုန်းဟာ သေသပ်
လှပသောဒီဇိုင်းရှိပြီး ကိုင်ဆောင်အသုံးပြုသောအခါတွင် လည်း ပေါ့ပါးပါတယ်။
Home Button ကို အဓိကထား၍အသုံးပြုရမယ့် ဖုန်းအမျိုးအစားပါ။
ဖုန်းရဲ့ အနောက်ဘက်တွင် အ၀ိုင်းပုံစံတည်ရှိပါတယ်။ Network ပိုင်းအနေဖြင့် 2G,3G,4G တို့ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်အရွယ်အစား ပမာဏ ဟာ 153.6x75.2x7.3 mm ရှိကာ အလေးချိန်ကတော့ 155g ဖြစ်ပါတယ်။ ဆင်းကတ်အသုံးပြုမှုအပိုင်းတွင်လည်း အားသာချက်ရှိသောဖုန်းပါ။ SIM Card အမျိုး အစားဖုန်းဖြစ်ခြင်းကြောင့် SIM Card နှစ်ကတ်ကိုင်ဆောင်အသုံးပြုသူ များ အဆင်ပြေစေပါလိမ့်မယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ် အမျိုးအစား ကတော့ Nano SIM ဖြစ်ပါတယ်။
Capacitive Touchscreen ဟာ 5.5 inches အကျယ်အ၀န်းရှိသောကြောင့် မြင်ကွင်းစွမ်းရည် အပိုင်းတွင် ကောင်းမွန်သောရသကိုခံစားနိုင်မှာဖြစ်ပါတယ်။ ထောက်ပံ့ပေးထားသော pixels ပမာဏ ကတော့ 1080x1920 ဖြစ်ကာ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 403ppi ဖြစ်ပါတယ်။ Multitouch စနစ်တွင် လက်ချောင်း ၅ ချောင်းအထက်အသုံး ပြုနိုင်ပါတယ်။ Flyme UI ကိုအသုံးပြုနိုင် ပါမယ်။
အဓိက,ကင်မရာသည် 12MP, F/2.0 စွမ်းရည်ရှိသောကြောင့် ကြည်လင် ကောင်းမွန်သောပုံရိပ်များကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ ရှေ့ကင်မရာငယ် ကတော့ 5MP, F/2.0 စွမ်း ရည်ရှိပါတယ်။ Dual LED(Dual Tone) Flash, Face Detection, Panorama စသည့် ကင်မရာဆက်စပ်ပတ်သက်စနစ်များ ကိုလည်း အသုံးပြုနိုင်ပါမယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့ 2160p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30frames ဖြစ်ပါတယ်။
မှတ်ဥာဏ်ပမာဏအပိုင်း တွင်အချက်အလက်များ လျင်မြန်စွာကူးပြောင်းနိုင်ရန်အတွက် RAM ကို 4GB ထည့်သွင်း ပေးထားပါတယ်။ Internal Storage အပိုင်းတွင်တော့ 32GB ပါရှိ အောင် ဆောင်ရွက်ပေးထားပါတယ်။ CardSlot စနစ်အသုံးပြုနိုင်မှာ မဟုတ် ပါဘူး။ ထူးခြားချက်ကတော့ CPU အပိုင်းတွင် Core 10 လုံးကို ပေါင်းစပ် ဖွဲ့စည်းထားသော Deca Core ကိုအသုံးပြု ပေးထားသောကြောင့် လျင်မြန် သောတုံ့ပြန်မှုများကိုပေးစွမ်းနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ ထည့်သွင်း ပေးထား သော Chipset ကတော့ Mediatek MT6797 Helio X20 ဖြစ်ပါတယ်။
GPU အပိုင်းတွင် Mali-T880 MP4 ကို သုံးစွဲပေးထားပါတယ်။ အသုံးပြုပေးထား သော OS အမျိုးအစားကတော့ Android ဖြစ်ပြီး၊ Version မှာ Marshmallow ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Ion 3060mAh ဖြစ်ကာ အားသွင်းမြန်ဆန်သော စနစ်လည်းပါရှိပြီး Fingerprint စနစ်ကိုလည်း သုံးစွဲနိုင်ပါမယ်။
<Specification>
Network - GSM/HSPA/LTE
Processor - Deca Core
Screen - 5.5 inches
Camera - 12 MP
Bluetooth - v4.1
Storage - 32 GB
OS - Android OS, v6.0
Contact - 09-440957505
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

www.pyaephyo.com