10/03/2016

♪ Samsung Galaxy S8 မှာ ပါဝင်လာသင့်တဲ့ Specification များ ♫


Samsung Galaxy Note7 ပေါက်ကွဲမှုရဲ့ အကျိုးဆက်တွေက Samsung ကိုအတော်လေး အထိနာစေပါတယ် ။ ဒီလို အမဲစက်တစ်ခုကို အဖတ်ပြန်ဆယ်ဖို့အတွက် Samsung အနေနဲ့ Galaxy S8 ကို အမြန်ဆုံးထုတ်ပြီး ပရိသတ်တွေဆီက အမှတ်တွေပြန်ယူရတော့မယ် လို့ လေ့လာသူတွေက သုံးသပ်လျက်ရှိသလို (၂၀၁၇)ခုနှစ် နှစ်ဆန်းပိုင်းလောက် မှာထွက်ရှိမယ်ဆိုတဲ့  ကောလာဟလ တွေလည်း ထွက်ပေါ်လို့နေပါတယ် ။

အမြန်ဆုံးထွက်လာနိုင်ခဲ့ရင်တောင်မှ ပရိသတ်တွေရဲ့ နှစ်သက်လက်ခံမှု ကိုပြန်ရဖို့အတွက် မြင့်မားတဲ့ Specification တွေပါဝင်လာဖို့ လိုအပ်တယ်လို့လည်း ပြောဆိုနေကြပါတယ် ။
  1. 4K Screen
Samsung အနေနဲ့ ၄င်းရဲ့ Flagship ဖုန်းတွေရဲ့ Screen တွေကို HD ၊ Full HD နဲ့ Quad HD ဆိုပြီး အဆင့်ဆင့် တိုးတက်ထုတ်လုပ်လာခဲ့ရာက ထပ်မံ ထွက်ရှိမယ့် Galaxy S8 မှာ 4K Screen ပါဝင်လာ မလားဆိုတာကတော့   စောင့်ကြည့်ရမှာဖြစ်ပြီး တကယ်ပါဝင် လာခဲ့ရင်တော့ killer mobile VR display ပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာမှာဖြစ်ပါတယ် ။ VR လောက ကြီးကို ပိုမိုကြည်လင်စွာ နဲ့ သဘာဝကျစွာ ခံစားလာနိုင်မှာလည်းဖြစ်ပါတယ် ။

  1. Faster Performance
Samsung ရဲ့  စမတ်ဖုန်းအသစ်တိုင်းမှာ performance တွေ တိုးတက်ကောင်းမွန်လာတာကတော့ ထုံးစံပါပဲ ။ S7 , S7 Edge နဲ့ Note7 တို့ကို တင်ပို့မယ့်နေရာဒေသခွဲခြားပြီး Qualcomm’s Snapdragon 820 processor သုံးထားတဲ့ ဖုန်းနဲ့ Samsung’s own Exynos chips သုံးထားတဲ့ဖုန်းဆိုပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ် ။ S8 မှာလည်းဒီပုံစံအတိုင်း ထုတ်ဖို့အလားအလာရှိပြီး အဆင့်မြှင့်တင်တဲ့အနေနဲ့ Snapdragon 830 processor , Exynos 8895 procesor နဲ့ Mali-G71 Graphic chip တို့ကိုအသုံးပြုလာနိုင်ပါတယ် ။ အဆိုပါ Graphic chip က S7 မှာသုံးထားတဲ့ graphic ထက် (၁.၈)ဆ ပိုမိုကောင်းမွန်ပြီး 4K နဲ့ VR အတွက် အဆင်ပြေပါတယ် ။ ပိုမြန်လာမယ့် CPU , GPU နဲ့ resolution screen   တွေအတွက် RAM ကိုလည်း တိုးမြှင့်အသုံးပြုဖို့ လိုအပ်လာမှာဖြစ်ပါတယ် ။

  1. Curved Screen
လက်ရှိမှာတော့ S7 Edge နဲ့ Note7 တို့ရဲ့ curved glass screen တွေဟာ ပြိုင်ဖက်ကင်းတဲ့ Screen တွေအဖြစ်ရပ်တည်နေပါတယ် ။ လူကြိုက်များပြီး အသုံးဝင်ရုံတင်မဟုတ်ပါဘူး Samsung ရဲ့ ကိုယ်ပိုင် ဒီဇိုင်း အမှတ်အသားတစ်ခုအဖြစ်လည်း မှတ်ကျောက်တင်လျက်ရှိပါတယ် ။ ဒါ့ကြောင့် S8 မှာလည်း Flat Screen သုံးမယ့်အစား Curved Screen ပဲ သုံးသင့်တယ်လို့ ယူဆရပါတယ် ။

  1. Dual Cameras
စမတ်ဖုန်း အသုံးပြုသူအများစုဟာ ကင်မရာကိုအသားပေးရွေးချယ်လာကြတဲ့အတွက် လက်တလောမှာတော့ Dual Cameras တွေဟာ ရေပန်းအစားဆုံးလိုလိုဖြစ်နေပါတယ် ။ လက်ရှိမှာတော့ LG ရဲ့ G5 နဲ့ V20 , Huawei ရဲ့ P9 နဲ့ Honor 8 , iPhone 7 Plus တို့မှာသာ Duel Cameras အသုံးပြုထားသေးတာဖြစ်ပါတယ် ။ Samsung အနေနဲ့လည်း Galaxy S8 မှာ Zoom ပိုမိုကောင်းမွန်ဖို့အတွက် Dual Cameras အသုံးပြုလာနိုင်ချေရှိပါတယ် ။

  1. အခြားသော features များ
iPhone 7 လိုမျိုး Headphone jack ကိုဖယ်ရှားလိုက်မလား ၊ Moto Z series လိုမျိုး USB-C audio နဲ့ wireless စနစ်တွေ ပါဝင်လာမလား ၊ Fast charging နဲ့ fast wireless charging နည်းပညာတွေ ပါဝင်လာမလား ၊ IP68 water resistance နည်းပညာ ပါဝင်လာမလား ဆိုတာကတော့ ကောလာဟလ တွေပဲထွက်ပေါ်နေပြီး တိတိကျကျတော့ ဘယ်သူမှမပြောနိုင်သေးပါဘူး ။

ဖော်ပြပါ Specificaion တွေအပြင် Samsung အနေနဲ့ ပရိသတ်တွေရဲ့ယုံကြည်မှုကိုပြန်ရဖို့ ဘယ်လိုမျိုး Specification အသစ်တွေကိုအသုံးပြုလာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com