10/03/2016

♪ iOS 10 မှာ email တွေကို ဘယ်လို Filter လုပ်မလဲ ♫


Social Network တွေ ၊ Social Media တွေ နဲ့ Website တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြု လာကြတဲ့အလျောက် Email နဲ့ Register လုပ်တာတွေလည်း များပြားလာပါတယ် ။ အဲ့ဒီအတွက် Mail register လုပ်ထားမိတဲ့ Social Media တွေနဲ့ Web တွေဆီက Mail တွေ ဟာ နေ့စဉ်နဲ့အမျှဝင်ရောက် လာပါတယ် ။ Mail တွေသာ များပေမယ့် အသုံးဝင်တဲ့ information ပါဝင်တဲ့ mail တွေဟာ မရှိသလောက်နည်းပါးပါတယ် ။ အသုံးမဝင်တဲ့ mail တွေ ထောင် ၊ သောင်းချီနဲ့ ရှုပ်ပွနေတဲ့ mail inbox တစ်ခုမဖြစ်စေဖို့ အတွက် Filter ကိုသုံးပြီး ဝင်လာတဲ့ mail တွေကို စစ်ထုတ်လို့ရနိုင်ပါတယ် ။

iOS 10 မှာ Feature အသစ်တွေ အမြောက်အများပါလာတဲ့ အလျောက် email တွေကို Filter လုပ်လို့ ရတဲ့ ability တစ်ခုလည်းပါဝင်လာပြီဖြစ်ပါတယ် ။ MacOS နဲ့ အခြားသော PC OS တွေမှာတော့ Mail ကို Filter လုပ်တယ်ဆိုတာက အသစ်အဆန်း တစ်ခုတော့မဟုတ်ပေမယ့် Moblie Mail App ကို အသုံးပြုသူတွေအတွက်တော့ အသစ်တစ်ခုလို့ပြောရမှာပါ ။ ခုချိန်ထိ moblie mail app တွေမှာ filter မပါသေးပါဘူး ။

iPhone, iPad (iOS) သုံးတဲ့သူတွေအတွက် iOS 10 ကို update လုပ်ပြီးတဲ့အခါ အသစ်ပါဝင်လာတဲ့ mail filter ကို အသုံးပြုနိုင်စေဖို့ အသုံးပြုနည်းလမ်းညွှန်ကိုတင်ပြ လိုက်ပါတယ် ။
ximg_57dac3623c173-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-eb081opjih

Filter ကိုအသုံးပြုဖို့အတွက် ပထမဦးဆုံးအနေနဲ့ သင့်ရဲ့  iPhone (or) iPad ထဲက Mail ကိုဖွင့်ပြီး ဘယ်ဘက် အောက်ထောင့်မှာရှိတဲ့ Filter button အသစ် လေးကို နှိပ်ပေးရမှာပါ ။ ပုံမှာက Filter မပွင့်သေးတဲ့အတွက် Filter button ကဖြူနေပါတယ် ။ နှိပ်ပြီးလို့ ပွင့်သွားရင် အပြာရောင်လေး ပြောင်းသွားပါတယ် ။
ximg_57dac9b2d00b5-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-ncqdbo5vw7

အဲလို နှိပ်လိုက်တာနဲ့ Mail Window ရဲ့ အောက်ဘက်မှာ လတ်တလော အသုံးပြုထားတဲ့ Filter Scheme ပေါ်လာမှာဖြစ်ပါတယ် ။ ဒီပုံထဲမှာကတော့ Attachments ပါတဲ့ Mail တွေကိုပဲ Filter လုပ်ထားတဲ့ User ဖြစ်တဲ့အတွက် Filtered by: To: Me, Attachments ဆိုပြီးပေါ်နေတာဖြစ်ပါတယ် ။ ဘယ်လိုလုပ်ရလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။
ximg_57daca6e8d1b8-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-sfdw_xdzm7

Filtered by ဆိုနေတာ နေရာကို နှိပ်လိုက်တာနဲ့ Filter Panel ထဲကို ဝင်သွားမှာဖြစ်ပါတယ် ။ အဲဒီမှာ ကြိုက်နှစ်သက်တဲ့ Filter ပုံစံကိုစိတ်တိုင်းကျရွေးပြီး ညာဘက်အပေါ်ထောင့်က Done ကိုနှိပ်လိုက်တာ ရမှာဖြစ်ပါတယ် ။
ximg_57dadbae138c3-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-bvrozxsziw

Done ကိုနှိပ်ပြီးတဲ့ အခါ မှာတော့ Mailbox folder ထဲကိုပြန်ရောက်သွားမှာ ဖြစ်ပြီး နောက်တစ်ခါ Filter button ကို အဖြူရောင်ပြောင်းသွားအောင် မနှိပ်မချင်း ဝင်သမျှ mail တွေကို Filter လုပ်ပေးနေမှာဖြစ်ပါတယ် ။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com