10/04/2016

♪ MPT မှ Zero Fees Balance Transfer Promotion ကိုမိတ်ဆက် ♫


MPT ရဲ့GSM/WCDMA Prepaid စနစ်အသုံးပြုသူများအနေနဲ့ Prepaid စနစ်အသုံးပြုတဲ့ အခြားသောဘယ် MPT မိုဘိုင်းဖုန်းကိုမဆို အောက်တိုဘာလ (၃)ရက်မှ (၁၆)ရက်အထိ ၀န်ဆောင်ခပေးစရာမလိုဘဲ ဖုန်းလက်ကျန်ငွေ လွှဲပြောင်းပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ် ။

Balance Transfer ငွေလွှဲပြောင်းပေးရန်အတွက် *155*လွှဲမည့်ငွေပမာဏ*ငွေလက်ခံရယူမည့်သူ၏မိုဘိုင်းနံပါတ်#ကို ရိုက်နှိပ်ခေါ်ဆိုရမှာဖြစ်ပြီး လွှဲမည့်ငွေပမာဏကို ငွေလွှဲသူ၏ ဖုန်းလက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမှာဖြစ်ပါတယ် ။

တစ်ကြိမ်လျှင် ငွေ ၃၀၀ကျပ်မှ စတင်ပြီး (၁၀၀၀၀) ကျပ်အထိ ပမာဏကို မိုဘိုင်းဖုန်းအချင်းချင်း လွှဲပြောင်းဖြည့်သွင်းပေးနိုင်မှာဖြစ်ပြီး တစ်နေ့တာ(နေ့စဉ် မနက် 00:00နာရီမှ ည23:59နာရီ) အတွင်း အများဆုံး ၅ကြိမ်အထိ လွှဲပြောင်းပေးနိုင်ပါတယ် ။

ပုံမှန် Balance Transfer ဝန်ဆောင်မှုအသုံးပြုခမှာ လွဲပြောင်းသည့်ငွေပမာဏ၏ (၅)ရာခိုင်နှုန်း ဖြစ်ပါတယ် ။ အခုအခါမှာတော့ Zero Fees Balance Transfer Promotion အဖြစ် အောက်တိုဘာလ(၃)ရက်မှ (၁၆)ရက်အတွင်း ဖုန်းလက်ကျန်ငွေလွှဲပြောင်းခြင်းအတွက် ဝန်ဆောင်မှုအသုံးပြုခ ပေးရန် မလိုကြောင်း MPT မှ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ် ။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com