10/03/2016

♪ လှပသေသပ်သောဒီဇိုင်းနဲ့ အသစ်ထွက်ရှိလာတဲ့ - “Huawei ShotX” ♫


လှပသေသပ်သော ဒီဇိုင်း၊ ကျစ်လျစ်သောကိုယ်ထည်တို့ဖြင့် Huawei မှ အသစ် ထပ်မံထွက်ရှိလာတဲ့ ShotX စမတ်ဖုန်း ဖြစ်ပါတယ်။ Screen size 5.2” နှင့် Resolution (1920x1080) TFT Capacitive Touch Screen ကိုအသုံးပြု ပေးထားသဖြင့် အရည်အသွေးကောင်းမွန်သော ဂိမ်းတွေနှင့် ဗီဒီယိုတွေကို ရုပ်ထွက်ကောင်းကောင်း၊ အရောင်ကာလာစိုစိုပြည်ပြည်နှင့် ကြည့်ရှု ခံစား နိုင်မှာဖြစ်ပါတယ်။

အလေးချိန်ကတော့ ၁၆၅ ဂရမ် သာရှိမှာဖြစ်ပါတယ်။ ShotX စမတ်ဖုန်း၏ ထူးခြားချက်အနေဖြင့် ၁၈၀° လှည့်၍ အသုံးပြုနိုင်သော ကင်မရာကို တပ်ဆင်ပေးထားသောကြောင့် စမတ်ဖုန်းတစ်လုံးရှိရုံနှင့် ကင်မရာ ကောင်းကောင်း အသုံးပြုနိုင်သဖြင့် selfie ၀ါသနာပါသူများ အတွက် သာမက မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အမှတ်တရဓာတ်ပုံများကို အထိမ်း အမှတ်ပွဲများတွင် ဓာတ်ပုံရိုက်ကူးရာမှာ Professional ကျကျ အဆင့် မြင့်မြင့် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 

အဓိက, ကင်မရာက 13MP ဖြစ်တာ ကြောင့် စိုပြည်တဲ့ အရောင်အရည်အသွေးကို ရရှိနိုင်ပါလိမ့်မယ်။ ထို့ပြင် Finger Print ကို အများဆုံး ၅ ယောက်အထိ သုံးစွဲနိုင်မည့်အပြင် မိမိအသုံးပြု နေကျ Facebook (သို့) Viber စသော Software တစ်ခုခု၏လုံခြုံရေးကိုလည်း Finger Print ဖြင့်ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်။ Processor ပိုင်းတွင် CPU 1.5GHz Octa Core ကိုသုံးပေးထားသဖြင့် လုပ် ဆောင်ချက်ပိုင်းတွင် ပိုမို မြန်ဆန် လာမှာဖြစ်ပါတယ်။ Qualcomm® MSM8939 ဂိမ်းဆော့ကစားတဲ့ အချိန်တွေမှာ အထစ်အငေါ့မရှိစေဖို့ကူညီပေးပါလိမ့်မယ်။

အချက်အလက်များလျင်မြန်စွာ ကူးပြောင်းနိုင်ရန် RAM 2GB ကို အသုံးပြု ပေးထား ပါတယ်။ သိုလှောင်သိမ်းဆည်းရန်အတွက် 16GB ထည့်ပေးထား တဲ့အတွက် အချက်အလက်များစွာကိုသိမ်းဆည်း ထားနိုင်မည့် အပြင် ထပ်မံ တိုးချဲ့လိုပါက 128GB အထိထပ်စိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လုံခြုံရေး အတွက်လည်း Finger Print Sensor ကို ဖုန်း၏ ဘယ်ဘက်ဘေးဘောင် အပေါ်တွင် ထည့်သွင်းပေးထားပြီး ထို Finger Print Sensor ကိုအသုံးပြု၍ ဖုန်းအ၀င် လက်ခံနိုင် ခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းတို့ကို တိုက်ရိုက် အသုံးပြု နိုင်မှာဖြစ်ပါတယ်။ 


Android OS အနေဖြင့် နောက်ဆုံးထွက် 6.0.1 (Marshmallow) ကို အသုံးပြုပေးထားပါတယ်။ Huawei Emotion UI 3.1 အပြင်အဆင်နဲ့ တွဲဖက်သုံးစွဲရနိုင်ပါလိမ့်မယ်။ ဘက်ထရီမှာ Non-Removable 3100 mAh Li-Po ကို တပ်ဆင်အသုံးပြုပေးထားတဲ့အတွက် အချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com