10/02/2016

♪ ဈေးနှုန်းချိုသာပြီး လိုင်းဆွဲအားကောင်းတဲ့ "MPT M50" ♫


မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် စမတ်ဖုန်းမော်ဒယ် အသစ် နှစ်မျိုးဖြစ်သည့် M40 (စမတ်ဖုန်း စတင်အသုံးပြုလို သူများအတွက်) နှင့် M 50 (အရည်အသွေးအထူးကောင်းမွန်၍ လှပသော ဒီဇိုင်း) တို့ကို ချိုသာသောဈေးနှုန်းဖြင့် သုံးစွဲသူပြည်သူများထံသို့ မိတ်ဆက် ရောင်းချပေးထားပါတယ်။

၎င်းစမတ် ဖုန်းများကို MPT အမှတ်တံဆိပ်ဆိုင်များ၊ Bestone ဖုန်းဆိုင်များနှင့် နီးစပ်ရာအရောင်းဆိုင်များတွင် ၀ယ်ယူနိုင်ပါတယ်။ M50 စမတ်ဖုန်းဟာ MPT ဆင်းကတ်တစ်ကတ် (နံပါတ်အလှ) နှင့် ဖုန်းဘေ အနည်းဆုံး ၃၀၀၀ ကျပ်ဖြည့်သွင်းရုံဖြင့် လစဉ်သုံး ဒေတာအပိုဆု 2.5 GB ကို ၆ လစာရရှိမည်ဖြစ်သဖြင့် အင်တာနက်အသုံးပြုသူများအတွက် အဆင်ပြေ စေပါမယ်။

မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများနှင့် အွန်လိုင်းအသုံးပြုမှုများကို လျင်မြန်စွာဆောင် ရွက်ပေးနိုင်သည့် အတွက် စီးပွားရေးလုပ်ငန်း စွမ်းဆောင်ရှင်များ၊ လူမှုကွန်ရက်မီဒီယာ အသုံးများသူများအတွက် ပြီးပြည့်စုံ သော ရွေးချယ်မှုလည်းဖြစ်နိုင်ပါတယ်။ M50 သည် ခန့်ညားသေသပ်သော ကိုယ်ထည်ဒီဇိုင်းကို ပိုင်ဆိုင်ထားသည့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင်မှာ ၅ လက်မ အကျယ်ရှိပြီး 2.5D Curved Glass HD Touch Screen Display အမျိုးအစားဖြစ်ပါတယ်။ အာမခံသက်တမ်း ၁ နှစ်ပါရှိပြီး ချို့ယွင်းပျက်စီးသွားသော ဖုန်းများအတွက် ပြုပြင်ပေးနိုင်သော Service Center 18 ခု နှင့် Service Center များသို့ တာဝန်ယူ ပို့ဆောင်ပေးနိုင်သော Collection Points (၁၀၄) ခုတို့ကို နိုင်ငံအနှံ့ဖွင့်လှစ်ပေးထားပါတယ်။ ထို့အပြင် ဆီလီကွန်ကာဗာ၊ Screen Protector ၊ Earphone တို့ကို ထည့်ပေးထားပါ သေးတယ်။


 ဒေတာအပိုဆုအတွက် MPT ၏ ဆွေသဟာအစီအစဉ်ကို ရယူ ထားရန်လည်း လိုအပ်ပါတယ်။ 3G Internet ကိုအသုံးပြုနိုင်ရန်အတွက် MPT ဆင်းကတ်ကို Sim Slot 1 နေရာတွင် ထည့်သွင်းအသုံးပြုရပါမယ်။ ဖုန်းရဲ့ ဘက်ထရီမှာ Li-Ion 2000 mAh ဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA
Memory - 8 GB
CPU - Quad Core 1.2 GHz
Camera - 8MP
Screen - 5 inches
OS - Android OS, v5.1
Contact - 01-8604371

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com