10/02/2016

♪ “OS X နှင့် Network ပြဿနာ” ♫


ကမ္ဘာပေါ်တွင် တည်ငြိမ်မှုအရှိဆုံး လုံခြုံမှုအားအကောင်းဆုံး OS ကို ပြရ မည်ဆိုလျှင် Apple မှ ထုတ်လုပ်သော OS များ ကို ပြရပါလိမ့်မည်။ ကိစ္စ အတော်များများအတွက် Apple ၏ OS များက အဆင်ပြေစွာ ဆောင်ရွက်ပေး နိုင်သည်။ သို့သော် Apple မှ ထုတ်လုပ်သော OS X တွင်မူ network ဆိုင်ရာ ပြဿနာများရှိသည်ကို တွေ့ရပါသည်။ အတွေ့ရများသော OS X ၏ network ပြဿနာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

<Bluetooth အလုပ်မလုပ်ခြင်း>
Mac ကွန်ပျူတာအား Bluetooth စနစ်သုံး Keyboard / Mouse / Speakers နှင့် အခြားတွဲဖက်သုံးပစ္စည်းတို့အား Bluetooth ကွန်ရက်ဖြင့် ချိတ်ဆက်ရာ တွင် ပြဿနာရှိသည်ဟုဆိုပါက စက်နှစ်ခုစလုံးရှိ device များတွင် Bluetooth Switch on လုပ်ထားခြင်း ရှိမရှိ ဦးစွာ စစ်ဆေးရပါမည်။ ပြီးလျှင် System Preference သို့ သွားပြီး Bluetooth စနစ်ဖြင့် Pair လုပ်ခြင်း ရှိမရှိ စစ်ဆေးရ ပါဦးမည်။Pair ကိစ္စတွင် ပြဿနာရှိက Bluetooth ဖြင့် ချိတ်ဆက်ခြင်းကို အနှောင့်အယှက်ပေးနိုင်သည်။ ထို့ကြောင့် လတ် တလော ရှိနေသည့် Devices ခေါင်းစဉ်အောက်မှာ Pairing profile ရှိနေလျှင် ယင်းကို ဖျက်ပစ်ရပါမည်။

 ပြီးလျှင် ကွန်ပျူတာနှင့် ယင်းတွင်ချိတ်ဆက်မည့် device တို့ကို bluetooth ပွင့်ပြီး Pair လုပ်ဖို့ လိုပါသည်။ ထိုကိစ္စအတွက် ထုတ်လုပ်သူ၏ လမ်းညွှန် ချက်ကို ဖတ်ရှုလိုက်နာရန် လိုအပ်ပါသည်။Bluetooth ကွန်ရက်ထဲတွင် မိမိ ချိတ်ဆက်လိုသော device ပြန် ပေါ်လာသည့်အခါ Pair ကိုရွေးပါ။ ထိုသို့ ဆိုလျှင် နှစ်ဖက်စလုံး၌ Pair message ပေါ်လာသင့်ပါသည်။ Pair ကိုနှိပ်လျှင် အောင်မြင်စွာ ချိတ်ဆက်ပြီးဖြစ်ပါသည်။ iOS သို့မဟုတ် Apple watch ပေါ် တွင် ဤသို့ ချိတ်ဆက်လိုပါက setting > Bluetooth သို့ ဦးစွာသွားရပါမည်။ ယင်း iOS device နှင့် Apple watch ပေါ်တွင် Bluetooth ချိတ်ဆက်မှု လုပ်ငန်းစဉ်သည် Mac ကွန်ပျူတာမှ လုပ်ငန်းစဉ်နှင့် တူညီမှုရှိပါသည်။

<Email ပို့၍မရခြင်း>
Email ပို့၍မရသော အကြောင်းများစွာထဲတွင် login ၀င်၍ မရခြင်းသည် အဓိက အကြောင်းရင်းဖြစ်သည်။ များသော အားဖြင့် password မေ့လျှင် မိမိ၏ account ထဲ log in ၀င်၍မရပါ။ Email ပို့၍ မရပါ။ တစ်ခါတစ်ရံတွင် email setting မှားနေ သောကြောင့် ပို့၍မရခြင်းမျိုး လည်းရှိသည်။ တစ်ခါတစ်ရံတွင် မိုဘိုင်းအင်တာနက် သို့မဟုတ် Wi-Fi အင်တာနက် အဆင်မပြေလျှင် လိုင်း အရှိပြသော်လည်း email ပို့၍ မရပါ။ Remote mail server သို့ဝင်၍ မရ သည့်အခါတွင်လည်း email ပို့၍ မရနိုင်ပါ။ Email ပို့၍မရခြင်း လက်သည်ကို ရှာနိုင်ရန် window > Connection doctor သို့ ၀င်ကြည့်နိုင်သည်။ အချက်
အလက်များပို့၍ ပြည့်စုံစွာ သိနိုင်စေရန် Diaganostics button ကိုနှိပ်ပြီး ကြည့်နိုင်သည်။ ယင်းက Connectivity option များကို သုံးကြည့်စေပြီး ပြဿနာကို မြင်တွေ့နိုင်စေရန် ကူညီပါမည်။

<Wi-Fi Signal အားနည်းခြင်း>
Mac ကွန်ပျူတာ သို့မဟုတ် iOS device များတွင် Wi-Fi connection မကြာ ခဏ ပျောက်ပါက အဓိကဖြစ်လေ့ ရှိသည် မှာ ကွန်ပျူတာ သို့မဟုတ် device သည် router မှ ရှိသင့်ရှိထိုက်သော အကွာအဝေးထက် သိသာစွာ ပိုဝေးနေ သောကြောင့် ဖြစ်သည်။ သိသာစွာ ပိုဝေးနေသည်ဟူသော ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ခြင်းတွင် အတိုင်းအာ အတိအကျဖြင့် ဖော်ပြရန် အခက်အခဲရှိပါ သည်။ အဘယ်ကြောင့်ဆိုသော် မိမိနေထိုင်ရာ အိမ်၏ အခန်းပြင်ဆင်နေရာချ ထားပုံနှင့် အိမ်ဆောက်ရန် သုံးထားသော ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးပေါ်မူတည်ပြီး Wi-Fi လှိုင်းများရောက်နိုင်သည့် အကွာအဝေး မတူသောကြောင့်ဖြစ် သည်။ ဆောက်လုပ်ရေးပစ္စည်းဟုဆိုရာ၌ အိမ်နံရံ များနှင့် ကြမ်းခင်းအတွက်သုံးသော ပစ္စည်းများက အရေးကြီးပါသည်။

မည်သည့်အကြောင်းကြောင့် Wi-Fi ချိတ်ရမရခြင်း ချိတ်၍ခက်ခဲခြင်း ရှိသည် ဖြစ်စေ ပထမဆုံးလုပ်သင့်သည့် အလုပ်မှာ router ကို ကွန်ပျူတာနှင့် တတ်နိုင် သမျှ အနီးဆုံးသို့ ရွှေ့ကြည့်ခြင်းဖြစ်သည်။

ထိုနည်းဖြင့် ပြဿနာပြေလည်သွားမည်လားဆိုသည်ကို ကြည့်ရပါမည်။ ပြေလည်သည်ဟုဆိုလျှင် router ကိုချိတ်ဆက်မှု ပိုမိုအားကောင်းမည့်နေရာသို့ ရွှေ့ထားမည်လားဆိုသည်ကို စဉ်းစားသင့်သည်။ သို့တည်းမဟုတ် AirPort Express ကဲ့သို့သော network repeater ကိုသုံး၍ Wi-Fi ကွန်ရက်ကို ချဲ့ထွင် ရန် ကြိုးစားသင့်သည်။ Wi-Fi ပြဿနာပြေလည်စေလိုသည်ဟုဆိုသည့် နောက်ဆုံးထွက် OS X သို့မဟုတ် iOS ကိုသုံးသင့်သည်။ အဘယ်ကြောင့် ဆိုသော် ယင်း OS နှစ်မျိုးတို့၏ version ဟောင်းများတွင် Wi-fi ပြဿနာရှိ သောကြောင့်ဖြစ်ပါသည်။

<အင်တာနက်ချိတ်၍ မရခြင်း>
မိုဘိုင်းအင်တာနက်ကိုသုံး၍ အင်တာနက်ချိတ်၍ မရဟုဆိုလျှင် ကြိုတင် သွင်းငွေ လက်ကျန် အလွန်နည်းသွားသော ကြောင့် ဖြစ်နိုင်သည်။ ကြိုတင် သွင်းငွေကို ကုန်အောင်သုံးခွင့်မပြုဘဲ လက်ကျန်အတိုင်းအတာ တစ်ခု ရောက်သည်နှင့် အင်တာ နက်လိုင်း ပိတ်ချလိုက်သော မိုဘိုင်းအော်ပရေတာ လူညစ်များလည်းရှိသည်ဖြစ်ရာ လိုင်းပြလျက်နှင့် အင်တာနက်ချိတ်၍ မရဟု ဆိုလျှင် ဖုန်းလက်ကျန်ငွေ မည်မျှရှိသည်ကို စစ်ရပါမည်။ အကယ်၍ router မှတစ်ဆင့်ချိတ်ပြီး အင်တာနက်သုံးသည်ဟု ဆိုလျှင် ယင်း router ကောင်းမ ကောင်း စစ်ဆေးရပါမည်။

Router ကောင်းသော်လည်း အင်တာနက်မရဟု ဆိုလျှင် ပြဿနာသည် router ထဲသို့ Signal မ၀င်မီနေရာ၌ ပြဿနာ ရှိနိုင် သည်။ ယင်းပြဿနာမှာ modem ကြောင့် ဖြစ်သည်။ ISP ၏ လွှင့်လှိုင်း ကိုယ်တိုင်က အလွန်အားနည်းနေသောကြောင့် လည်း ဖြစ်နိုင်သည်။ Online attack လုပ်ခံရခြင်း၊ အင်တာနက်ဆက်ကြောင်းအချို့ ပြတ်တောက်ခြင်း၊ bandwidth က နည်းနေ ပြီး ထိုအချိန်အတွင်း အင်တာနက်သုံးစွဲသူ အလွန် အကျွံများနေခြင်းသည် အင်တာနက်ချိတ်ဆက်၍မရသော အကြောင်းများ ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် modem ကို resetting လုပ်ခြင်း သို့မဟုတ် restarting လုပ်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်သည်။

နောက်ဆုံးထုတ် firmware တင်ထားခြင်း ဟုတ်မဟုတ် စစ်ဆေးခြင်း သည်လည်း အကျိုးများနိုင်သည်။ ထိုကိစ္စကို အသေးစိတ်သိရှိရန်အတွက် modem ထုတ်လုပ်သူ၏ လမ်းညွှန်ချက်ကို ရှာဖွေဖတ်ရှုရပါမည်။ အားလုံး စစ်ဆေးပါလျက် ပြဿနာရှိဆဲဟုဆိုလျှင် ISP လိုင်းကျ သွားစရာ အကြောင်း ရှိသည်။ ထိုကိစ္စအတွက် ကြိုးဖုန်းမဟုတ်သောဖုန်း (ဥပမာ iPhone) ဖြင့် သက်ဆိုင်ရာ support page သို့ ၀င်ရောက်စစ်ဆေးကြည့်သင့်သည်။ မိမိယူနေကျ အင်တာနက်လိုင်းမရလျှင် အခြားသော အင်တာနက်လိုင်း ကိုသုံးပြီး support page သွားရပါမည်။ မိမိသုံးနေကျ အင်တာနက်လိုင်းတွင် ပြဿနာရှိ မရှိ သိနိုင်ပါမည်။

<PC နှင့် Mac အကြား ချိတ်ဆက်၍မရခြင်း>
Windows နှင့် Mac အကြား ကြိုးမဲ့ကွန်ရက်ဖြင့် ချိတ်ဆက်ခြင်းတွင် ပြဿနာ ပေါ်လေ့မရှိပါ။ သို့သော် ချိတ်၍မရဟု ဆိုလျှင် Mac ၏ System Preference > Sharing > Select Options သို့ဝင်ပြီး SMB သုံး၍ Share လုပ်ထားသောဖိုင်နှင့် folder များတွင် အမှန်ခြစ်ပေါ်အောင် လုပ်ထားခြင်း ရှိမရှိ စစ်ရပါမည်။ ယင်း နောက် လိုအပ်လျှင် account password ထည့်ပေးပြီး ပြန်လည်ချိတ်ဆက် ကြည့်ရပါမည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com