10/01/2016

♪ အသစ်စက်စက် iPhone 7 ပေါက်ကွဲပျက်စီးသည့် ဓာတ်ပုံများကို Reddit သုံးစွဲသူတစ်ဦး ဖော်ပြခဲ့ ♫


Samsung ၏ Galaxy Note 7 သည် ဘက်ထရီပြဿနာကြောင့် ပေါက်ကွဲပျက်စီးမှုများ ဖြစ်ပွားအပြီးတွင် ကုမ္ပဏီက လိုက်လံသိမ်းဆည်းခဲ့ရသည်။ ယခုအခါတွင် Reddit သုံးစွဲသူတစ်ဦးက အကြီးအကျယ် ပျက်စီးနေသော matte black iPhone 7 Plus ဓာတ်ပုံများကို ဖော်ပြခဲ့သည်။

  

အဆိုပါ Reddit သုံးစွဲသူမှာ တက်ဆက်စ်ပြည်နယ်မှ ဖြစ်ပြီး kroopthesnoop ဟု အမည်ရသည်။ ၎င်းသည် ပျက်စီးသွားသော iPhone 7 Plus ဓာတ်ပုံပေါင်းများစွာကို တင်ခဲ့ပြီး "စက်ရုံနှင့် ပေးပို့မှုအကြား တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ဖွယ်ရှိကြောင်း" ရေးသားထားသည်။ ဓာတ်ပုံတွင်လည်း ပျက်စီးသွားသည့် iPhone 7 ၏ ဘူးကို ပြသထားသည်။

 

၎င်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက 7 Plus ကို ကြိုတင်မှာယူခဲ့ရာ အလွန်အမင်း စိတ်လှုပ်ရှားလျက်ရှိကြောင်း၊ iPhone 7 Plus ရောက်လာသည့်အခါတွင် ယခုပုံများကို team chat တွင် ပေးပို့ခဲ့ကြောင်း kroopthesnoop မှရေးသားထားသည်။ “ဒီဖုန်းကို ကျွန်တော့် လုပ်ဖော်ကိုင်ဖက်က မသုံးရသေးပါဘူး။ ပုံကိုကြည့်ပါ။ အနည်းဆုံးတော့ package မီးမလောင်ဘူးပေါ့ဗျာ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် Apple ၏ တက်ဆက်စ်ရုံးများမှ လုပ်ငန်းအမှုဆောင်က ၎င်းကို LinkedIn မှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး ပို့စ်နှင့်ပတ်သက်သော သတင်းအချက်အလက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။


Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com