10/01/2016

♪ Huawei Mate 9 ကို ဗားရှင်းသုံးမျိုးဖြင့် ရရှိနိုင်မည်ဟုဆို ♫


အသစ်ထွက်ရှိမည့် Huawei Mate 9 ကို ဗားရှင်းသုံးမျိုးဖြင့် ရရှိနိုင်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ဗားရှင်းတစ်ခုချင်းစီ၏ memory နှင့် အရောင်များမှာလည်း ပေါက်ကြား ထွက်ပေါ်လာခဲ့သည်။

စွမ်းဆောင်ရည်မြင့်သည့် အမျိုးအစားကို 6GB RAM, 256GB storage ဖြင့် ရရှိနိုင်မည်ဟုဆိုသည်။ ၎င်းကို အနက်ရောင်ဖြင့်ပါ ရရှိနိုင်ပြီး တန်ဖိုးက ၄,၇၀၀ ယွမ် (၇၀၀ ဒေါ်လာ) ဖြစ်ကြောင်း သိရသည်။ အဆိုပါဖုန်းတွင် ၆ လက်မ screen, Kirin 960 chipset နှင့် Android 7.0 Nougat ကို အသုံးပြုထားသည်။ Dual-camera စနစ်ပါဝင်ပြီး 12MP sensor များဖြင့် 4K ဗီဒီယို ရိုက်ကူးနိုင်သည်။ Selfie ကင်မရာက 8MP/1080p ဖြစ်သည်။

အခြား အမျိုးအစားနှစ်ခုတွင် 4GB RAM ကို အသုံးပြုထားပြီး 128GB နှင့် 64GB ဟူ၍ မတူညီသော သိုလှောင်မှုပမာဏဖြင့် ရရှိနိုင်သည်။ တန်ဖိုးက ၃,၇၀၀ ယွမ် (၅၅၀ ဒေါ်လာ) နှင့် ၃,၂၀၀ ယွမ် (၄၈၀ ဒေါ်လာ) အသီးသီးဖြစ်သည်။

128GB အမျိုးအစားကို အညိုရောင်နှင့် ပန်းရောင်ဖြင့်ပါရရှိနိုင်ပြီး 64GB ကိုမူ အခြေခံအရောင်များဖြစ်သော အဖြူရောင်၊ ရွှေရောင်နှင့် မီးခိုးရောင်ဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။ စတင်ရောင်းချမည့်ရက်နှင့် ပတ်သက်၍ မသိရှိရသေးပေ။


Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com