
Apple သည် ၎င်း၏ tablet များကို မကြာမီ အဆင့်မြှင့်တင်သွားတော့မည်ဟု
သတင်းထွက်ပေါ်ခဲ့ပြီး ဂျပန်မှထွက်ပေါ်ခဲ့သော သတင်းတစ်ရပ်အရ iPad Pro အသစ်ကို
၂၀၁၇ အစောပိုင်းတွင် စတင်တွေ့ကြရမည်ဟု ဆိုထားသည်။ ထိုအချိန်တွင် ၇.၉
လက်မအရွယ် iPad Pro ကိုပါတွေ့ရမည်ဟုဆိုကာ iPad mini 4 ၏
နောက်မျိုးဆက်ဖြစ်လာမည်ဟု သိရသည်။
Smart connector နှင့် quad-speaker ကို Pro များအတိုင်း ထည့်သွင်းပေးလာမည်ဟုဆိုပြီး
အဓိကကင်မရာမှာ 12MP ဖြစ်ကာ True Tone Flash နှင့် True Tone display
ပါဝင်လာသည်ဟု ဆိုထားသည်။ ယခုနှစ်အတွင်း ထုတ်လုပ်ထားသည့် iPad Pro 9.7 အား
10.1" device ဖြင့် အစားထိုးသွားမည်ဟု သိရပြီး 12.9" device မှာမူ
ယခင်အရွယ်အစားအတိုင်းပင် အသစ်ထွက်လာမည်ဟု သိရသည်။ 7.9" tablet အတိုင်းပင်
ကင်မရာနှင့် display တို့ကို အဆင့်မြှင့်တင်ခဲ့ကြောင်း သိရသည်။
Model သုံးမျိုးစလုံးအတွက် 3.5mm headset jack ပါဝင်မည်ဟု သိရသည်။ ယခုအတိုင်းသာ မှန်ကန်ခဲ့ပါက 2017 iPad Pro သည် သုံးမျိုးထွက်လာမည်ဟု ယူဆနိုင်ပြီး specs နှင့် feature များအားလုံး တူညီသည်ဟု ဆိုထားသည်။ ကွဲပြားမှုဆို၍ screen အရွယ်အစားနှင့် ဘက်ထရီသာရှိမည်ဟု သိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Smart connector နှင့် quad-speaker ကို Pro များအတိုင်း ထည့်သွင်းပေးလာမည်ဟုဆိုပြီး
Model သုံးမျိုးစလုံးအတွက် 3.5mm headset jack ပါဝင်မည်ဟု သိရသည်။ ယခုအတိုင်းသာ မှန်ကန်ခဲ့ပါက 2017 iPad Pro သည် သုံးမျိုးထွက်လာမည်ဟု ယူဆနိုင်ပြီး specs နှင့် feature များအားလုံး တူညီသည်ဟု ဆိုထားသည်။ ကွဲပြားမှုဆို၍ screen အရွယ်အစားနှင့် ဘက်ထရီသာရှိမည်ဟု သိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com