10/03/2016

♪ Google Play Store မှာ အန္တရာယ်ရှိအက်ပလီကေးရှင်းပေါင်း ၄၀၀ ကျော် ဝင်ရောက်လျက်ရှိ ♫


တစ်ကမ္ဘာလုံးက Android ဖုန်း၊တက်ဘလက်အသုံးပြုသူတွေ အဓိကအားထားနေရတဲ့ Google ရဲ့ တရားဝင် app store မှာ အန္တရာယ်ရှိအက်ပလီကေးရှင်းပေါင်း ၄၀၀ ကျော်လောက် ထိုးဖောက်ဝင်ရောက်လျက်ရှိကြောင်း မကြာသေးမီက တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ malware app တွေဟာ ကူးစက်ခံရတဲ့ဖုန်းကို listening post ( အီလက်ထရောနစ်ဆက်သွယ်ရေးကြားဖြတ်ယူနိုင်တဲ့စတေရှင်) တွေအဖြစ် ပြောင်းလဲပေးနိုင်ပြီး၊ ကာကွယ်မှုလုပ်ထားတဲ့ network တစ်ခုခုမှာတောင် ဒီလို app ရှိနေတဲ့ဖုန်းက ချိတ်နေမယ်ဆိုရင် နက်ဝေါ့ခ်တွင်းက အရေးကြီးဒေတာတွေကို နှိုက်ယူနိုင်တဲ့အစွမ်းရှိကြောင်း Trend Micro အိုင်တီလုံခြုံရေးကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

DressCode လို့ အမည်ပေးထားတဲ့ အဆိုပါmalware ရှိတဲ့ ‘Mod GTA 5 for Minecraft PE’ အက်ပလီကေးရှင်းတစ်ခုကို ဒေါင်းလုဒ် ရယူထားတဲ့အကြိမ်ပေါင်းက တစ်သိန်းကနေ ငါးသိန်းကြားအထိ ရှိခဲ့တာကြောင့် စိုးရိမ်စရာအခြေအနေပါ။

Google Play ပေါ်မှာတောင် အဆိုပါ malware ရှိနေတဲ့ app ပေါင်း ၄၀၀ ကျော်ကို  တွေ့ရှိခဲ့ပြီး၊ ‘Mod GTA 5 for Minecraft PE’ ကိုတော့ ဖယ်ရှားပြီးဖြစ်ကာ၊ ကျန် app တွေကိုတော့ ဖယ်ရှားပြီးပြီလားဆိုတာ မသိရသေးပါဘူး။

Play Store မဟုတ်တဲ့ တခြားပြင်ပအက်ပ်စတိုးတွေမှာလည်း DressCode malware ပါ app ပေါင်း ၃၀၀၀ ကျော်အထိ တွေ့ရှိခဲ့တယ်လို့ ဆိုတာကြောင့် မိတ်ဆွေအနေနဲ့ တခြားအက်ပ်စတိုးတွေ ကနေ ဒေါင်းလုဒ်ဆွဲတဲ့အခါ ဂရုစိုက်ဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ Google ရဲ့ တရားဝင်စတိုးကနေ ရယူတာက အကောင်းဆုံးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်းမရတဲ့ app တွေဆိုရင်လည်း VPN သုံးကာ ရယူနိုင်ပါတယ်။

ယခုပြဿနာနဲ့ ပတ်သတ်ပြီး Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “ ကျနော်တို့အနေနဲ့ ဒီပြဿနာကို သတိထားမိပါတယ်။ လိုအပ်တဲ့ဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်” လို့ အီးမေးလ်ကနေ အကြောင်းပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့သုံးပတ်တုန်းကလည်း လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Checkpoint က DressCode ကူးစက်လျက်ရှိတဲ့ အက်ပလီကေးရှင်းပေါင်း ၄၀ ကျော်ကို Google Play မှာ တွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ခဲ့ဖူးပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com