10/08/2016

♪ အင်တာနက် Free ပေးဖို့ပြုလုပ်နေတဲ့ Facebook ♫


Facebook ဟာ မိခင်နိုင်ငံအတွက် အင်တာနက်ကို Free အနေနဲ့ ပေးဖို့အတွက် အစီအစဉ် တစ်ခုပြုလုပ်နေတယ်လို့ သိရပါတယ်။ လူမှုကွန်ယက်မီဒီယာအနေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့အပြီးမှာ ကြိုးမဲ့စနစ် အခြေခံအင်တာနက်ဝန်ဆောင်မှု (Free Basics) ကို အမေရိကန်ပြည်ထောင်စုထဲက လူသန်းပေါင်းများစွာ အသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်ရဲ့ ကြာသပတေးနေ့ သတင်းတစ်ရပ်က ဆိုခဲ့တာပါ။

ကုမ္ပဏီရဲ့ ဒီနှစ်အစောပိုင်းတုန်းက အိန္ဒိယနိုင်ငံအတွက် ပရောဂျက်တစ်ခုဟာ လွဲချော်ခဲ့ တာကြောင့် နောက်ပိုင်းစည်းမျဉ်းတွေ စီစစ်တာကို ရှောင်ရှားနိုင်ဖို့အတွက် ကနဦးခြေလှမ်းတွေကို သတိထားနေတာပါ။

“ကျွန်တော်တို့အနေနဲ့ ဘာမှထပ်မံပြီး ထုတ်လုပ်ကြေညာဖို့မလိုတော့တဲ့ အချိန်ကျရင်တောင် အမေရိကန်ပြည်ထောင်စုအပါအဝင် တခြားကမ္ဘာ့ဒေသတွေကို ဆက်သွယ်ပေးဖို့အတွက် နည်းလမ်းသစ်တွေကို ချဲ့ထွင်ကြံဆနေပါတယ်” လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိ သူက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းက ကြေညာခဲ့တဲ့ Free Basics ဟာ ကမ္ဘာရဲ့ အင်တာနက်အွန်လိုင်းမရရှိတာ ဒါမှမဟုတ် အင်တာနက် လုံးဝနီးပါးမရှိတဲ့ နေရာတွေကို သတ်မှတ်ထားတဲ့ အရေအတွက်နဲ့ အင်တာနက်ဆိုက်အပါအဝင် ဝန်ဆောင်မှုတွေထဲကို Free အနေနဲ့ ဝင်ကြည့်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာပါ။


Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com