10/08/2016

♪ Dell မှ နောက်ဆုံးအသစ်ထွက်ရှိလာတဲ့ - Dell IN5559-I76500-8-1-SV-UBT-D2 ♫

dell

ဒီတစ်ပတ်အတွက် Dell မှ နောက်ဆုံးအသစ်ထွက်ရှိလာတဲ့  Inspiron 5000 series ဖြစ်တဲ့ Tulip design Notebook ကိုပြောပြပေးပါမယ် ။ Processor i7-6500 U ဖြစ်သည့်အပြင် သူ့ရဲ့ CPU speed ကလည်း 2.5GHz လောက်အထိ ရှိပြီးTurbo boast  (4M Cache,up to 3.1GHz) လောက်အထိ အမြန်နှုန်းမြင့်ပါတယ် ။ သူ့ရဲ့ မှတ်ဥာဏ်ကို လည်း 8GD3L/1600MHz ထည့်ပေးထားတဲ့အတွက် data တွေကို အမြန်ဆုံးနှုန်းနဲ့ မှတ်ပေးမှာဖြစ်ပါတယ် ။

1မိနစ်ကို 5400 rpm နှုန်းနဲ့ 1TB HDD ဖြစ်တဲ့အတွက်လည်း မိမိတို့၏ video files များ ၊ photos များ ၊ အခြား အရေးကြီး data များ နှင့် games များစွာကိုလည်း လုံလုံလောက်လောက်ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ camera ကလည်း HD webcam ကိုသုံးပေးထားတဲ့အတွက် resolution ကအစပိုမိုကောင်းမွန်စေပါတယ် ။ Graphic ပိုင်းတွင်လည်း AMD Radeon™ R5 M335 2GB DDR3 အမြင့်ပိုင်း graphic card ကိုသုံးပေးထားတဲ့အတွက် Game အမြင့်ပိုင်းတွေကို ဆော့ချင်လား ၊Design ပိုင်းတွေမှာသုံးချင်လား အဆင်ပြေအောင်သုံးစွဲနိုင်ပါတယ်။

 Screen size 15.6″ ဖြစ်တဲ့အတွက် numeric keypad ပါဝင်ပြီး size ကြီးတာကိုကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေစေမယ့် Notebook တစ်လုံးဖြစ်ပါတယ်။ Internet အသုံးပြုနိုင်မည့် Wifi စနစ် ပါဝင်ပြီး(Wireless မြန်နှုန်းကိုလည်း 11n လောက်အထိအမြင့်ဆုံးနှုန်းနဲ့ သုံးပေးထားပါတယ် ။

External port တွေဖြစ်တဲ့ HDMI,LAN,Card Reader,USB ports တွေလည်း စုံလင်စွာထည့်ပေးထားပါတယ်။  4cell battery ဖြစ်တဲ့အတွက် battery သက်တမ်းကိုလည်း အချိန်ကြာကြာသုံးနိုင်စေမှာပါ။

Dell ရဲ့ ထူးခြားဆန်းသစ်တဲ့ Features များစွာအပြင် Multimedia ပိုင်းက Waves MaxxAudio ကိုသုံးပေးထားတဲ့အတွက် Song system ကိုပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ် ။

Color အနေနဲ့ Texture Black & Silver color ကိုသုံးပေးထားပါတယ် ။  Warranty အားဖြင့်  1 year parts & service ပေးထားပါတယ် ။  ဝယ်ယူအသုံးပြုချင်သူများအနေဖြင့် $ 679 ကို End User Cash Back $20 လုပ်ပေးထားတဲ့အတွက် $659 ဖြင့် Golden Power Technology, ph: (01-2304848) (02-2000117-118)  နှင့် ကွန်ပျူတာဆိုင်များအများစုတွင် ရရှိနိုင်ပါပြီ။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com