10/08/2016

♪ MIUI 8 မှာ screenshot အရှည် ဘယ်လိုရိုက်မလဲ ♫


Xiaomi ဟာ MIUI 8 မှာ အမိုက်စား feature အသစ်တွေ အများအပြားထုတ်ပေးခဲ့ပါတယ်။ အဆိုပါ feature တွေထဲမှာ အသုံးဝင်ဆုံးနဲ့ အမိုက်ဆုံး feature တစ်ခုကတော့ ‘Scrolling screenshot’ လို့ခေါ်တဲ့ screenshot အရှည် အလွယ်ရိုက်နိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီ “Scrolling screenshot” ခေါ် ‘Long screenshot” လုပ်ဆောင်ချက်ကို ဘယ်လိုသုံးရမလဲဆိုတာ မသိကြသေးတဲ့လူတွေများပြီး၊ မေးမြန်းမှုတွေ လက်ခံရရှိထားတဲ့အတွက်၊ ပြန်လည်ဖြေကြားပေး လိုက်ပါတယ်။

MIUI 8 မှာ screenshot အရှည်ဘယ်လိုရိုက်မလဲ

အဆင့် (၁) – ကိုယ် screenshot ရိုက်ချင်တဲ့ စာမျက်နှာ (သို့မဟုတ်) ပုံကို သွားပါ။

အဆင့် (၂) – ကိုယ်လိုချင်တဲ့အပေါ်ဆုံးနေရာမှာ သာမန်အတိုင်း အသံတိုးတဲ့ခလုတ် (-) နဲ့ ၊ ပါဝါခလုတ်တို့ကို တစ်ပြိုင်တည်းနှိပ်လိုက်ပါ။

အဆင့် (၃) – ဖုန်းကနေ သာမန် screenshot တစ်ခု အလိုလိုရိုက်သွားမှာဖြစ်ပြီး၊ ဖုန်းရဲ့ ညာဘက်ထောင့်လေးမှာ ပေါ်လာမှာဖြစ်ပါတယ်။ ငါးစက္ကန့်အတွင်း အဲဒီ screenshot ပုံကို နှိပ်လိုက်ပါ။ ငါးစက္ကန့်ကျော်ရင်တော့ သာမန် screenshot အနေနဲ့ပဲ သိမ်းပေးသွားမှာဖြစ်ပါတယ်။

အဆင့် (၄) ဒီနေရာမှာ “Scroll” ၊ “Send” ၊ “Edit” နဲ့ “Delete” ဆိုပြီး၊ ရွေးစရာလေးခုပေါ်လာမှာပါ။ “Scroll” ဆိုတာနှိပ်လိုက်ပါ။
screenshot_2016-10-06-17-05-17-272_com-facebook-katana

အဆင့် (၅) “Scroll” နှိပ်လိုက်တာနဲ့ ကိုယ်ရိုက်ထားတဲ့နေရာကနေ အောက်ကို အလိုလိုဆွဲချပေးသွားမှာဖြစ်ပြီး၊ ကိုယ်ရပ်ချင်တဲ့နေရာရောက်ရင် “Done” ကို နှိပ်လိုက်ပါ။ ကိုယ့်လက်နဲ့လည်း ကိုယ်တိုင် scroll ဆွဲချလို့ရပါတယ်။

အဆင့် (၆) အခုဆိုရင်တော့ “Long Screenshot” ရိုက်ပြီးပြီဖြစ်ပြီး၊ ဒီနေရာမှာလည်း Edit ထပ်လုပ်နိုင်ပါတယ်။ ပြီးရင် သင့်ဖုန်း Gallery ထဲက Screenshot အယ်လ်ဘမ်ထဲမှာ ပြန်သွားကြည့်နိုင် ပါတယ်။

မိမိသိလိုရာ နည်းပညာဆိုင်ရာမေးခွန်းများကို မက်ဆေ့ကနေဖြစ်စေ၊ comment ကနေဖြစ်စေ ဆက်သွယ်မေးမြန်းထားနိုင်ပါတယ်။


Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com