Facebook က သူ့ရဲ့ Messenger App အတွက် Lite Version ကို
ဖြန့်ချီပေးလိုက်ပါတယ်။ မိုဘိုင်း အင်တာနက် နှေးကွေးတဲ့
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ် ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ အင်တာနက်
နှေးကွေးရင်တောင် Messenger Lite ကို အသုံးပြုလို့ရပါတယ်။ ဒါ့အပြင်
Messenger Lite ဟာ ပေါ့ပါးတဲ့အတွက် Memory နည်းပါးတဲ့ ဖုန်းများအတွက်
အဆင်ပြေစေတယ်လို့ Facebook က ပြောပါတယ်။
Messenger Lite မှာ ပင်မ Messenger လိုပဲ Text, Photos, Links , Stickers များကို ပေးပို့ ရယူနိုင်ပါတယ်။ Messenger Lite ရဲ့ အရွယ်အစားဟာ 10MB အောက်သာရှိပြီး လျှင်မြန်စွာ Download ပြုလုပ်နိုင်ပါတယ်။ Messenger အသုံးပြုသူ အရေအတွက်ဟာ ၁ ဘီလီယမ် ရှိပြီလို့ Facebook က ပြောပါတယ်။
Messenger Lite ကို ကင်ညာ ၊ မလေးရှား၊ တူနီးရှား၊ သီရိလင်္ကာ၊ ဗင်နီဇွဲလား နိုင်ငံများ အတွက် ဖြန့်ချီပေးလိုက်ပါပြီ။ လာမယ့် လများမှာ အခြားနိုင်ငံများအတွက် ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ Messenger Lite ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဈေးကွက် တိုးချဲ့ချင်တဲ့ Facebook ရဲ့ စီမံကိန်းထဲမှ တစ်ခု ဖြစ်ပါတယ်။ Facebook Lite App ကိုလည်း ကုမ္ပဏီက ဖြန့်ချီပေးပြီး ဖြစ်ပါတယ်။
Facebook က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ၀က်ဆိုက်အချို့ကို အခမဲ့ အသုံးပြုနိုင်တဲ့ Free Basics ၀န်ဆောင်မှုကိုလည်း ပြုလုပ်ပေးထားပါတယ်။ Facebook က ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အင်တာနက် သုံးနိုင်ဖို့ Next Billion စီမံကိန်းကို ပြုလုပ်နေပါတယ်။

www.pyaephyo.com