နေ့တိုင်း Chrome browser သုံးဖြစ်သူဆိုရင်၊ ဒီဘရောက်ဆာက RAM
သုံးစွဲမှုတော်တော်များပြီး၊ သင့်စက်ကို လေးကွေးစေတယ်ဆိုတာ သတိထားမိမှာပါ။
စွမ်းဆောင်ရည်သိပ်မကောင်းတဲ့ ကွန်ပြူတာတွေမှာဆို Chrome ဘရောက်ဆာကြောင့် စက်ဟန်းတာ၊ အရေးကြီး tabs တွေဖွင့်ထားရင်းနဲ့ ဘရောက်ဆာတစ်ခုလုံး ပြုတ်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချက်တွေကြောင့် Chrome ကို သုံးချင်ရဲ့သားနဲ့ မသုံးဖြစ်သူတွေ အများကြီးရှိနေတာတွေ့ရပါတယ်။
ဒီ update မှာတော့ မမ်မိုရီသုံးစွဲမှုကို တစ်ဝက်အထိ (သိသိသာသာ) လျော့ချပေးထားမှာဖြစ်သလို၊ Chrome 54 မှာ JavaScript engine အသစ်တစ်ခု ထည့်သွင်းပေးမှာဖြစ်တာကြောင့် JavaScript အသုံးများတဲ့ ဆိုက်တွေမှာ မမ်မိုရီသုံးစွဲမှုက အရင်ကထက် ပိုနည်းသွားမှာဖြစ်ပါတယ်။
Google ရဲ့ စမ်းသပ်ချက်အရ လူသုံးများတဲ့ဆိုက်တွေဖြစ်တဲ့ Imgur ၊ Reddit ၊ The New York Times နဲ့ Youtube ဆိုက်တွေမှာ Chrome ရဲ့ RAM သုံးစွဲမှုက ပြောထားတဲ့အတိုင်း ၅၀ ရာခိုင်နှုန်းလျော့ကျသွားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
RAM စားသုံးမှုကြောင့် နာမည်ကျော်တဲ့ Chrome browser ပရိတ်သတ်တွေအတွက် သတင်းကောင်းတစ်ခုဖြစ်သလို၊ RAM နည်းတဲ့စက်အသုံးပြုသူတွေလည်း Chrome browser ကို စွန့်ပစ်ထားရာကနေ ပြန်လည်သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။
စွမ်းဆောင်ရည်သိပ်မကောင်းတဲ့ ကွန်ပြူတာတွေမှာဆို Chrome ဘရောက်ဆာကြောင့် စက်ဟန်းတာ၊ အရေးကြီး tabs တွေဖွင့်ထားရင်းနဲ့ ဘရောက်ဆာတစ်ခုလုံး ပြုတ်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချက်တွေကြောင့် Chrome ကို သုံးချင်ရဲ့သားနဲ့ မသုံးဖြစ်သူတွေ အများကြီးရှိနေတာတွေ့ရပါတယ်။
Video Player
00:00
00:04
ယခုအခါမှာတော့ Chromium Project ကနေ Chrome ဘရောက်ဆာကို
ပိုမိုကောင်းမွန်အောင် ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိပြီး၊ မကြာခင် update
အသစ်တစ်ခု ထုတ်ပေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ဒီ update မှာတော့ မမ်မိုရီသုံးစွဲမှုကို တစ်ဝက်အထိ (သိသိသာသာ) လျော့ချပေးထားမှာဖြစ်သလို၊ Chrome 54 မှာ JavaScript engine အသစ်တစ်ခု ထည့်သွင်းပေးမှာဖြစ်တာကြောင့် JavaScript အသုံးများတဲ့ ဆိုက်တွေမှာ မမ်မိုရီသုံးစွဲမှုက အရင်ကထက် ပိုနည်းသွားမှာဖြစ်ပါတယ်။
Google ရဲ့ စမ်းသပ်ချက်အရ လူသုံးများတဲ့ဆိုက်တွေဖြစ်တဲ့ Imgur ၊ Reddit ၊ The New York Times နဲ့ Youtube ဆိုက်တွေမှာ Chrome ရဲ့ RAM သုံးစွဲမှုက ပြောထားတဲ့အတိုင်း ၅၀ ရာခိုင်နှုန်းလျော့ကျသွားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
RAM စားသုံးမှုကြောင့် နာမည်ကျော်တဲ့ Chrome browser ပရိတ်သတ်တွေအတွက် သတင်းကောင်းတစ်ခုဖြစ်သလို၊ RAM နည်းတဲ့စက်အသုံးပြုသူတွေလည်း Chrome browser ကို စွန့်ပစ်ထားရာကနေ ပြန်လည်သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။
www.pyaephyo.com